/
news/ကလေးများနှင့်ကျန်းမာရေး/ကလေး-ဝမ်းချုပ်တာ-ချက်ချင်းသက်သာစေဖို့

ကလေး ဝမ်းချုပ်တာ ချက်ချင်းသက်သာစေဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

၁။     ဆီးသီး၊ သစ်တော်သီးတွေ စားပေးပါ။

          ကလေးဟာ အသားတွေ၊ ထမင်းတွေကိုကြိုက်ပြီး အသီးအနှံ လုံးဝမစားရင် ဖြစ်တတ်တယ်။

          ကလေးကို အသီးအနှံကျွေးရတာကလည်း အပြောလွယ်၊ အလုပ်ခက်ကြီးပါပဲ။ ဒါပေမဲ့ ကျွေးရလွယ်ပြီး ချက်ချင်းဝမ်းသွားစေတဲ့ အသီးတွေကတော့ -

●        ဆီးသီး : ဝမ်းချုပ်နေတဲ့ကလေးတွေအတွက် ဆေးကောင်းတစ်လက်ပါပဲ။ ဆီးသီးတွေကို ဖျော်ရည်လို ကြိတ်လိုက်ပြီး တိုက်လို့လည်းရသလို တစ်လုံးလုံးလည်း ကလေးစားရင် ကျွေးလို့ရတယ်။ ဈေးကွက်ထဲမှာလည်း ဇီးဖျော်ရည်တွေ ရှိပါတယ်။ သဘာဝကတော့ အကောင်းဆုံးပေါ့။

●        သစ်တော်သီး : သဘာဝ ဝမ်းမှန်ဆေးတစ်လက် ဖြစ်တာကြောင့် အသီးကို ဒီအတိုင်း ကျွေးတာပဲဖြစ်ဖြစ်၊ ကြိတ်ပြီး ဖျော်ရည်လုပ်တိုက်တာပဲဖြစ်ဖြစ် လုပ်လု့ိရတယ်။

          မက်မန်းသီး၊ မက်မွန်သီး၊ ဆီးသီး စသဖြင့် ဒီလိုအသီးမျိုးတွေ ကျွေးလို့ရတယ်နော်။

 

၂။     နှိပ်နယ်ပေးပါ။

          ကလေး ဗိုက်ကလေးကို နှိပ်နယ်ပေးပါ။

အဆင့် ၁ : ရေနွေးလေးနဲ့ ရေချိုးပေးပါ။

အဆင့် ၂ : ကလေးကို ပက်လက်ကလေး လှန်လိုက်ပြီး အကျႌလေး ချွတ်လိုကိပါ။

အဆင့် ၃ : အဆီနည်းနည်းကို လက်ဖဝါးမှာ အရင်ပွတ်လိုက်ပါ။

အဆင့် ၄ : ကလေးဗိုက်ကလေးကို နာရီလက်တံအတိုင်းလေး ပွတ်ပေးလိူက်ပါ။ အရမ်းကြီးလည်း အားမထည့်နဲ့နော်။

အဆင့် ၅ : နှိပ်နယ်ပေးတဲ့အပြင် ကလေးခြေကလေးကို စက်ဘီးစီးသလိုလေး လှည့်ပေးပါ။

 

၃။     အိမ်သာတက်သလို အနေအထားမျိုး လုပ်ပေးပါ။

          လူတစ်ယောက် ဝမ်းသွားချင်စိတ် ပေါက်လာအောင် ဝမ်းသွားတ့ဲအခါ ထိုင်သလို ဆောင့်ကြောင့်ထိုင်ပေးဖို့ လိုတတ်တယ်။ ဒါကြောင့် ကလေး ဝမ်းချုပ်နေရင်တောင် ဆောင့်ကြောင့်အိမ်သာမှာ ထိုင်ပါစေ။ ကလေးအိမ်သာအိုးလေးတွေဆိုလည်း ရပါတယ်။

 

၄။     ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ကျွေးပါ။

          ဆေးဆိုင်တွေမှာ အကြည်ရောင်၊ အရောင်အနံ့မပါတဲ့ ပျော်ဝင်အမျှင်ဓာတ်ကို ဝယ်တိုက်ပေးလို့ရတယ်။

          ဒါပေမဲ့ တစ်နှစ်အောက်ကလေးတွေအတွက်တော့ အဆင်မပြေပါဘူး။

 

၅။     ဝမ်းချူလုံးလေး ထည့်ပေးပါ။

          အသက် ၂ နှစ်အထက် ကလေးတွေမှာ သုံးပေးလို့ရတယ်။ မဝယ်ခင်၊ မသုံးခင် ဘယ်လိုသုံးရမယ်ဆိုတာကို အရင်မေးမြန်းဖို့ လိုတယ်။

Ceelin Plus 1

>>    ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းတာကြောင့် -

●        ကလေးကို အရည်များများ သောက်ပါစေ။

●        အမျှင်ဓာတ် များများကျွေးပါ။

●        နေ့တိုင်း ဝမ်းသွားချိန်ဆိုပြီး ထည့်ထားပေးပါ။

●        ပေါင်မုန့်ဖြူ၊ အမြန်စား အစားအသောက်တွေ၊ ဂတ်စ်ဖျော်ရည်တွေကို ရှောင်ပါ။

●        နေ့တိုင်းနေ့တိုင်း လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

 

>>    ကလေး ဝမ်းချုပ်တာကို စိတ်ပူဖို့ လိုမလား?

          ခဏတစ်ဖြုတ်လောက်တော့ ဝမ်းချုပ်တတ်ကြပေမယ့် ၂ ပတ်ထက် ပိုချုပ်လာပြီ။ မကြာမကြာ ချုပ်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။

          ဒီလက္ခဏာတွေ ရှိ၊ မရှိကိုလည်း စောင့်ကြည့်ဖို့ လိုတယ်။

●        ဝမ်းထဲသွေးပါခြင်း

●        ပျို့ခြင်း

●        ဝမ်းဖောဝမ်းရောင်ခြင်း

●        သေးခံမှာ ဝမ်းတွေ ပေကျံခြင်း

●        ဗိုက်အောင့်ခြင်း

●        အိမ်သာသွားရမှာကြောက်ခြင်း

●        ဝမ်းသွားဖို့ ကြိုးစားတိုင်း နာလို့ အော်ဟစ်ငိုယိုခြင်း

          ကလေးအတွက် တစ်ခုခု စိုးရိမ်ရင် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်တာ အကောင်းဆုံးပဲနော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Ceelin Plus 2

(Unicode)

၁။    ဆီးသီး၊ သဈတောျသီးတှေ စားပေးပါ။






    ဒီလက်ခဏာတှေ ရှိ၊ မရှိကိုလညျး စောင့ျကွည့ျဖို့ လိုတယျ။

Dr. Mya Phoo Ngon (www.drmyanmar.com)