ကလေး သွားပေါက်တဲ့အခါ စိတ်ပူပန်ရခြင်း မဖြစ်စေဖို့
(Zawgyi)
>> ကေလး သြားေပါက္တဲ့ လကၡဏာမ်ား
● သြားဖံုးမ်ားနီၿပီး ေရာင္ရမ္းျခင္း
● သြားရည္မ်ား ပိုက်လာျခင္း
● သြားဖံုးကို ပြတ္တိုက္ေနျခင္း၊ ကိုက္ျခင္း (သို႔) စုပ္ျခင္း
● အစား ေကာင္းေကာင္းမစားျခင္း
● ပါးျပင္နီရဲျခင္း
● သြားထြက္လာတဲ့ တစ္ဖက္တည္းမွာရွိတဲ့ နားကို ပြတ္သပ္ျခင္း
● ဂဏွာမၿငိမ္ျခင္း၊ ညဘက္ မအိပ္ျခင္းႏွင့္ ေန႔ဘက္မွာလည္း ႏိုးေနျခင္း
သြားဖံုးကို သြားေဖာက္ၿပီး ထြက္မလာခင္ေလးမွာ ကေလးက ကိုယ္ပူတာ (သို႔) ဝမ္းေလွ်ာတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီလကၡဏာေတြ အကုန္လံုးက သြားေပါက္တဲ့လကၡဏာလို႔ ယူဆလို႔မရပါဘူး။ မေသခ်ာဘူးဆိုရင္ ဆရာဝန္နဲ႔ တိုင္ပင္လို႔ရပါတယ္။
>> သြားရည္ေတြက်လို႔ ကေလးရဲ႕ေမးေစ့မွာ အဖုအပိမ့္အကြက္ေတြျဖစ္ရင္ ဘာလုပ္ေပးႏိုင္သလဲ?
ကေလးရဲ႕ ေမးေစ့ေပၚက တံေတြးေတြကို ႏူးညံ့တဲ့ ခ်ည္ထည္အဝတ္ေလးနဲ႔ ညင္သာစြာ သုတ္ေပးပါ။ အၾကမ္းပတမ္း ပြတ္တိုက္ရင္ ကေလး အနာျဖစ္ႏိုင္တဲ့အတြက္ သတိထားပါ။ ကေလး အိပ္ရာဝင္ခ်ိန္၊ အျပင္ထြက္ခ်ိန္နဲ႔ အဆင္ေျပတဲ့အခ်ိန္ေတြမွာ ေမးေစ့ကို ကေလး မ်က္ႏွာလိမ္းခရင္မ္ လိမ္းေပးျခင္းျဖင့္ ကေလးအေရျပားကို မထိခိုက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။
Biogesic for kids IA 1
>> ကေလး သြားဖံုးနာျခင္းကို သက္သာေစမည့္ အေကာင္းဆံုးနည္းလမ္းမ်ား
● ကေလးရဲ႕သြားဖံုးကို လက္သန္႔သန္႔ေလးနဲ႔ ပြတ္သပ္ေပးျခင္းအားျဖင့္ အနာကို ခဏတာ သက္သာေစႏိုင္ပါတယ္။
● သြားကိုက္ကြင္းေတြ ေပးထားလို႔ ရပါတယ္။ အရည္ေတြပါတဲ့ ကြင္းေတြထက္ ဆီလီကြန္ အေျခခံၿပီးလုပ္ထားတဲ့ ကြင္းေတြက ပိုေကာင္းပါတယ္။ ကေလးကို ေပးမကိုက္ခင္ သြားကိုက္ကြင္းကို ေရခဲေသတၱာထဲ ခဏထည့္ထားၿပီးမွ ကိုက္ေစပါ။ အခဲခန္းထဲေတာ့ မထည့္ပါနဲ႔။ ကေလးသြားဖံုးကို ထိခိုက္ေစႏိုင္ပါတယ္။
● ခ်ိဳလိမ္ ေပးကိုက္ထားျခင္းကလည္း အနာသက္သာေစႏိုင္ပါတယ္။
● ေနာက္တစ္မ်ိဳးက နာတာ သက္သာေစဖို႔အတြက္ ပါရာစီတေမာ ပါ၀င္တဲ့ Biogesic for Kids လို ေဆးရည္မ်ိဳးကိုလည္း တိုက္ေပးလို႔ရပါတယ္။
အသက္ ၆ လအထက္ ကေလးေတြကို ငွက္ေပ်ာသီး၊ သခြားသီးစတဲ့ ေအးၿပီးႏူးညံ့တဲ့ အစားအစာေတြ ေပးဝါးခိုင္းထားလို႔ ရပါတယ္။ မာတဲ့အစားအစာေတြက ကြဲေၾကၿပီး ကေလးကို နင္ေစႏိုင္တဲ့အတြက္ မာတဲ့အရာေတြ မေကၽြးပါနဲ႔။
>> သြားေပါက္ခ်ိန္က ဘယ္ေလာက္ၾကာႏိုင္သလဲ?
ကေလး ပထမဆံုး သြားစေပါက္မယ့္အခ်ိန္ဆိုၿပီး တိတိက်က် သတ္မွတ္ထားတာမရွိပါဘူး။ ကေလးအမ်ားစုက အသက္ ၆ လမွာ သြားစထြက္ေလ့ရွိေပမယ့္ ကေလး မေမြးခင္ကေနၿပီး အသက္ ၁ ႏွစ္ေက်ာ္တဲ့အထိ အခ်ိန္မေရြး ေပါက္ႏိုင္ပါတယ္။ ကေလး သြားေပါက္တာက တစ္ႏွစ္ႏွင့္အထက္ ၾကာတတ္ၿပီး ကေလးက အသက္ ၂ ႏွစ္ခြဲအရြယ္မွာေတာ့ ငယ္သြားစံုသင့္ပါၿပီ။
ကေလးသြားေလးက သြားဖံုးကေန ထိုးထြက္လာဖို႔ ဘယ္ေလာက္ၾကာမယ္ဆုိတာ မသိႏိုင္ပါဘူး။ သြားထြက္မလာခင္ ရက္အနည္းငယ္ေလာက္ေတာ့ ကေလး ဒုကၡခံရႏိုင္ပါတယ္။ သတင္းေကာင္းကေတာ့ ပထမဆံုး စေပါက္တဲ့သြားက ခံရအခက္ဆံုးျဖစ္ၿပီး ေနာက္သြားေတြ ထြက္တဲ့အခ်ိန္မွာေတာ့ လြယ္လြယ္ကူကူနဲ႔ ေအးေဆးပါပဲ။
ေနာက္ထပ္ ခက္ခဲတဲ့အခ်ိန္ကေတာ့ အံသြားေတြစေပါက္တဲ့ အသက္ တစ္ႏွစ္အရြယ္ေလာက္ပဲ ျဖစ္ပါတယ္။ အံသြားေတြက အႀကီးဆံုးသြားေတြ ျဖစ္တဲ့အတြက္ ဒီသြားေပါက္တဲ့အခ်ိန္က ဒုကၡအေရာက္ဆံုး ျဖစ္ႏိုင္ပါတယ္။ ဒါၿပီးရင္ေတာ့ ဒီခက္ခဲတဲ့အဆင့္ေတြကို ျပန္လည္ေကာင္းမြန္ေစဖို႔အတြက္ အခ်ိန္ေတြပဲ ျဖစ္ပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Biogesic for kids IA 2
(Unicode)
>> ကလေး သွားပေါက်တဲ့ လက္ခဏာများ
● သွားဖုံးများနီပြီး ရောင်ရမ်းခြင်း
● သွားရည်များ ပိုကျလာခြင်း
● သွားဖုံးကို ပွတ်တိုက်နေခြင်း၊ ကိုက်ခြင်း (သို့) စုပ်ခြင်း
● အစား ကောင်းကောင်းမစားခြင်း
● ပါးပြင်နီရဲခြင်း
● သွားထွက်လာတဲ့ တစ်ဖက်တည်းမှာရှိတဲ့ နားကို ပွတ်သပ်ခြင်း
● ဂဏှာမငြိမ်ခြင်း၊ ညဘက် မအိပ်ခြင်းနှင့် နေ့ဘက်မှာလည်း နိုးနေခြင်း
သွားဖုံးကို သွားဖောက်ပြီး ထွက်မလာခင်လေးမှာ ကလေးက ကိုယ်ပူတာ (သို့) ဝမ်းလျှောတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလက္ခဏာတွေ အကုန်လုံးက သွားပေါက်တဲ့လက္ခဏာလို့ ယူဆလို့မရပါဘူး။ မသေချာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်လို့ရပါတယ်။
>> သွားရည်တွေကျလို့ ကလေးရဲ့မေးစေ့မှာ အဖုအပိမ့်အကွက်တွေဖြစ်ရင် ဘာလုပ်ပေးနိုင်သလဲ?
ကလေးရဲ့ မေးစေ့ပေါ်က တံတွေးတွေကို နူးညံ့တဲ့ ချည်ထည်အဝတ်လေးနဲ့ ညင်သာစွာ သုတ်ပေးပါ။ အကြမ်းပတမ်း ပွတ်တိုက်ရင် ကလေး အနာဖြစ်နိုင်တဲ့အတွက် သတိထားပါ။ ကလေး အိပ်ရာဝင်ချိန်၊ အပြင်ထွက်ချိန်နဲ့ အဆင်ပြေတဲ့အချိန်တွေမှာ မေးစေ့ကို ကလေး မျက်နှာလိမ်းခရင်မ် လိမ်းပေးခြင်းဖြင့် ကလေးအရေပြားကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
>> ကလေး သွားဖုံးနာခြင်းကို သက်သာစေမည့် အကောင်းဆုံးနည်းလမ်းများ
● ကလေးရဲ့သွားဖုံးကို လက်သန့်သန့်လေးနဲ့ ပွတ်သပ်ပေးခြင်းအားဖြင့် အနာကို ခဏတာ သက်သာစေနိုင်ပါတယ်။
● သွားကိုက်ကွင်းတွေ ပေးထားလို့ ရပါတယ်။ အရည်တွေပါတဲ့ ကွင်းတွေထက် ဆီလီကွန် အခြေခံပြီးလုပ်ထားတဲ့ ကွင်းတွေက ပိုကောင်းပါတယ်။ ကလေးကို ပေးမကိုက်ခင် သွားကိုက်ကွင်းကို ရေခဲသေတ္တာထဲ ခဏထည့်ထားပြီးမှ ကိုက်စေပါ။ အခဲခန်းထဲတော့ မထည့်ပါနဲ့။ ကလေးသွားဖုံးကို ထိခိုက်စေနိုင်ပါတယ်။
● ချိုလိမ် ပေးကိုက်ထားခြင်းကလည်း အနာသက်သာစေနိုင်ပါတယ်။
● နောက်တစ်မျိုးက နာတာ သက်သာစေဖို့အတွက် ပါရာစီတမော ပါဝင်တဲ့ Biogesic for Kids လို ဆေးရည်မျိုးကိုလည်း တိုက်ပေးလို့ရပါတယ်။
အသက် ၆ လအထက် ကလေးတွေကို ငှက်ပျောသီး၊ သခွားသီးစတဲ့ အေးပြီးနူးညံ့တဲ့ အစားအစာတွေ ပေးဝါးခိုင်းထားလို့ ရပါတယ်။ မာတဲ့အစားအစာတွေက ကွဲကြေပြီး ကလေးကို နင်စေနိုင်တဲ့အတွက် မာတဲ့အရာတွေ မကျွေးပါနဲ့။
>> သွားပေါက်ချိန်က ဘယ်လောက်ကြာနိုင်သလဲ?
ကလေး ပထမဆုံး သွားစပေါက်မယ့်အချိန်ဆိုပြီး တိတိကျကျ သတ်မှတ်ထားတာမရှိပါဘူး။ ကလေးအများစုက အသက် ၆ လမှာ သွားစထွက်လေ့ရှိပေမယ့် ကလေး မမွေးခင်ကနေပြီး အသက် ၁ နှစ်ကျော်တဲ့အထိ အချိန်မရွေး ပေါက်နိုင်ပါတယ်။ ကလေး သွားပေါက်တာက တစ်နှစ်နှင့်အထက် ကြာတတ်ပြီး ကလေးက အသက် ၂ နှစ်ခွဲအရွယ်မှာတော့ ငယ်သွားစုံသင့်ပါပြီ။
ကလေးသွားလေးက သွားဖုံးကနေ ထိုးထွက်လာဖို့ ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ပါဘူး။ သွားထွက်မလာခင် ရက်အနည်းငယ်လောက်တော့ ကလေး ဒုက္ခခံရနိုင်ပါတယ်။ သတင်းကောင်းကတော့ ပထမဆုံး စပေါက်တဲ့သွားက ခံရအခက်ဆုံးဖြစ်ပြီး နောက်သွားတွေ ထွက်တဲ့အချိန်မှာတော့ လွယ်လွယ်ကူကူနဲ့ အေးဆေးပါပဲ။
နောက်ထပ် ခက်ခဲတဲ့အချိန်ကတော့ အံသွားတွေစပေါက်တဲ့ အသက် တစ်နှစ်အရွယ်လောက်ပဲ ဖြစ်ပါတယ်။ အံသွားတွေက အကြီးဆုံးသွားတွေ ဖြစ်တဲ့အတွက် ဒီသွားပေါက်တဲ့အချိန်က ဒုက္ခအရောက်ဆုံး ဖြစ်နိုင်ပါတယ်။ ဒါပြီးရင်တော့ ဒီခက်ခဲတဲ့အဆင့်တွေကို ပြန်လည်ကောင်းမွန်စေဖို့အတွက် အချိန်တွေပဲ ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























