ကလေး အကောင်ကိုက်ခံရလျှင်
ကလေးကို အကောင်တစ်မျိုးမျိုး ကိုက်ခံရတဲ့အခါ အမှိုက်သရိုက်တွေကို ချက်ချင်းဖယ်ပြီး ရေဘုံဘိုင်အောက်မှာ ဆေးပေးပါ။ ထို့နောက် အဝတ်သန့်သန့်နဲ့ သေချာသုတ်ပေးပါ။
Ceelin Plus 1

>> ဘယ်အချိန်မှာ ကျန်းမာရေးဌာနကို ပြသင့်သလဲ?
အကောင်ကိုက်တာဟာ အရေပြားကို ပေါက်သွားစေတယ်ဆိုရင်တော့ ဆရာဝန်ကို ချက်ချင်း ပြသသင့်ပါတယ်။ ကိုက်တဲ့အကောင်၊ အကိုက်ခံရတဲ့ ပမာဏနဲ့ နေရာပေါ်မူတည်ပြီး ရောဂါပိုး မဝင်ရလေအောင် သင့်တော်တဲ့ ပိုးသတ်ဆေး တစ်မျိုးမျိုးပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ အကိုက်ခံရတဲ့ ပမာဏက များပြီးနက်ခဲ့ရင် ပြန်ချုပ်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ အရေပြားအောက်က အခြားအလွှာတွေပါ ထိခိုက်မှု ရှိမရှိကို သေချာစစ်ဆေးသင့်ပါတယ်။ ခွေးရူးကာကွယ်ဆေးနဲ့ မေးခိုင်ကာကွယ်ဆေး ထိုးပေးဖို့လည်း လိုအပ်ပါသေးတယ်။
Ceelin Plus 2

>> ဒီလက္ခဏာတွေတေ့ွရင် ဆေးရုံဆေးခန်း ချက်ချင်းပြေးဖို့ လိုအပ်ပါတယ်။
- ခွေးရူးရောဂါရှိနေတဲ့ အကောင်ကိုက်ခံရခြင်း။
- ကိုက်သောအကောင်ကို မသိလိုက်ခြင်း။
- ခေါင်းနဲ့ လည်ပင်းနားတစ်ဝိုက်ကို အကိုက်ခံရခြင်း။
- အကိုက်ခံရသောနေရာမှာ အက်နေကွဲနေခြင်း။
- ကိုက်ရာနက်ခြင်း။
- အကိုက်ခံရသောနေရာတစ်ဝိုက်၌ နီရဲပြီး ရောင်လာခြင်း၊ နာလာခြင်း၊ အဖျားဝင်လာခြင်း။
Dr. Mya Phoo Ngon (www.drmyanmar.com)






























