/
news/ကလေးများနှင့်ကျန်းမာရေး/ကလေး-အငိုမတိတ်တဲ့အခါ

ကလေး အငိုမတိတ်တဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

(Zawgyi)

>>    ဘယ္လိုေခ်ာ့ေခ်ာ့ ကေလးအငိုမတိတ္တဲ့အခါ ဘာလုပ္သင့္သလဲ?
    ကေလးေတြဟာ အေၾကာင္းမရွိဘဲ မငိုတတ္ၾကပါဘူး။ ဒါေပမဲ့ တစ္ခါတေလ ဘာေၾကာင့္ငုိေနသလဲ ႀကံရာမရ ျဖစ္ေနတဲ့အခါ ဒီနည္းလမ္းေလးေတြကို ႀကိဳးစားၾကည့္ပါ။

1.     စုပ္စရာတစ္ခုခု ေပးလိုက္ပါ
    ခ်ဳိလိမ္ျဖစ္ေစ၊ လက္မျဖစ္ေစ စုပ္ေစျခင္းျဖင့္ကေလးရဲ႕ႏွလံုးခုန္သံကို မွန္ေစကာ လႈပ္ရွားမႈေတြကို ၿငိမ္ေစပါတယ္။

2.     ေပြ႕ဖက္ၿပီး လႈပ္ေပးပါ
    ကေလးေလးေတြဟာ အေမ့ဗိုက္ထဲမွာေနတုန္းကလို ေႏြးေထြးလံုၿခံဳမႈကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ ကေလး အငိုမတိတ္တဲ့အခါ ကေလးကို ေစာင္ေႏြးေႏြးေလးထဲထည့္ၿပီး စလြယ္သိုင္းလြယ္ေပးပါ။ တစ္ခါတေလ ဒီလိုေပြ႕ဖက္ထားတာကို အေနက်ပ္တဲ့ကေလးေတြလည္း ရွိတတ္ပါတယ္။ ဒီလိုကေလးေတြကိုေတာ့ နရီမွန္မွန္လႈပ္ေပးပါက အငိုတိတ္နိုင္ပါတယ္။

3.     သီခ်င္းနဲ႔တီးလံုးမ်ား
    သီခ်င္းဖြင့္တာပဲျဖစ္ျဖစ္၊ သားေခ်ာ့ေတးေလးဆိုတာပဲျဖစ္ျဖစ္၊ ခ်ီၿပီးအခန္းထဲပတ္ၿပီး ကတာပဲျဖစ္ျဖစ္ လုပ္ၾကည့္ပါ။ ကေလ းဘယ္လိုသီခ်င္းမ်ိဳးကို ႀကိဳက္သလဲ အမ်ိဳးမ်ိဳး စမ္းသပ္ၾကည့္ပါ။

4.     ႀကိမ္ႏႈန္းတူတဲ့ ဆူညံသံေတြ ဖြင့္ၾကည့္ပါ
    ဖုန္စုပ္စက္သံဟာ တကယ္ေတာ့ စိတ္ၿငိမ္ေစႏိုင္တဲ့အသံမ်ဳိး မဟုတ္ေပမယ့္ ကေလးအမ်ားစုဟာ ဒီလို ႀကိမ္ႏႈန္းတစ္ညီတည္းထြက္တဲ့ ဒီလိုဆူညံသံေတြနဲ႔ ၿငိမ္သြားတတ္ၾကပါတယ္။ ဒီဆူညံသံေတြဟာ သေႏၶသားဘဝမွာ အေမ့ဗိုက္ထဲက ၾကားရတဲ့အသံမ်ိဳးနဲ႔ တူတာေၾကာင့္ ျဖစ္နိုင္ပါတယ္။
    တခ်ိဳ႕ကေလးေတြက်ေတာ့ ပန္ကာ တ၀ီ၀ီလည္ေနတဲ့အသံ၊ ေရတံခြန္က ေရက်သံ (Youtube ေတြမွာ ရွာၿပီး Download လုပ္ထားလို႔ရပါတယ္) ဒီလိုအသံမ်ိဳးေတြကို 10-15 မိနစ္ေလာက္ နားေထာင္ၿပီး အိပ္သြားတာမ်ိဳးလည္း ရွိပါတယ္။

5.     ေလေကာင္းေလသန္႔ ရယူပါ
    တစ္ခါတေလ ျပတင္းေပါက္ဖြင့္၊ တံခါးဖြင့္ၿပီး အျပင္ကို ထြက္လိုက္တာက ကေလးကို အငိုတိတ္ေစႏိုင္ပါတယ္။ ကေလး ၿငိမ္သြားရင္ ေဘးပတ္ဝန္းက်င္ကိုၾကည့္ၿပီး ေဘးပတ္ဝန္းက်င္ျမင္ကြင္းကို ကေလးကို ျဖည္းျဖည္းခ်င္း ေျပာျပပါ။

6.     ေရေႏြးေႏြးနဲ႔ ခ်ိဳးပါ
    တစ္ခါတေလ ႐ိုး႐ိုးေရခ်ိဳးတာမ်ိဳးမဟုတ္ဘဲ ေရပန္း ျဖည္းျဖည္းဖြင့္ၿပီး ခ်ိဳးၾကည့္ပါ။ ကေလး မႀကိဳက္ရင္ေတာ့ အတင္းမလုပ္ပါနဲ႔။ တခ်ဳိ႕ကေလးေတြကေတာ့ ႀကိဳက္တတ္ၾကပါတယ္။

Ceelin Plus 1

7.     လႈပ္ရွားေပးပါ
    လက္နဲ႔ေပြ႕ခ်ီတာ၊ ကေလးသိုင္းလြယ္အိတ္နဲ႔ ခ်ီတာေလာက္ဆို လံုေလာက္ပါတယ္။ ဒါ့အျပင္ လႈပ္ကုလားထိုင္၊ ပုခက္၊ ဆိုဖာေပ်ာ့ေပ်ာ့မွာလည္း လႈပ္ေပးနိုင္ပါတယ္။ ကားတစ္ပတ္ ေလွ်ာက္ေမာင္းတာ၊ ကေလးတြန္းလွည္းနဲ႔ တြန္းတာမ်ိဳးေတြလည္း လုပ္ေပးႏိုင္ပါတယ္။

8.     ႏွိပ္နယ္ေပးပါ
    ကေလးအမ်ားစုဟာ ပြတ္သပ္ခံရတာကို ႀကိဳက္တတ္ၾကပါတယ္။ ဖြဖြသာသာေလး ႏွိပ္နယ္ေပးျခင္းက ကေလးကို သက္ေသာင့္သက္သာ ရွိေစပါတယ္။

    ေဖေဖ၊ ေမေမတို႔အတြက္လည္း တစ္ဆက္တည္း ေျပာျပခ်င္ပါတယ္။ ငိုေနတဲ့ကေလးကို ေတာ္႐ံုနဲ႔ ေခ်ာ့မရတဲ့အခါ မိဘေတြ အလြန္စိတ္ညစ္တတ္ၾကပါတယ္။ ကေလး ႀကီးလာတဲ့အခါမွာေတာ့ ကေလးဟာ သူ႕အလိုလို အငိုတိတ္ေအာင္ ေနတတ္လာပါလိမ့္မယ္။ ဒီအေတာအတြင္းမွာေတာ့ ကေလးကို ဂ႐ုစုိက္သလို ကုိယ့္ကိုယ္ကိုလည္း ဂ႐ုစိုက္ဖို႔လိုပါတယ္။ ဒါမွသာ ကေလးကို ပိုစိတ္ရွည္ရွည္နဲ႔ ဂ႐ုစိုက္နိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အရမ္းစိတ္ညစ္လာခဲ့ရင္ ...
1.     ကေလးကို လံုၿခံဳတဲ့ေနရာမွာ ခဏခ်ၿပီး ခဏငိုပါေစ။
2.     သူငယ္ခ်င္း၊ မိတ္ေဆြ၊ ေဆြမ်ိဳးေတြကို ဖုန္းဆက္ၿပီး အႀကံဉာဏ္ေတာင္းပါ။
3.     ယံုၾကည္ရတဲ့ တစ္ေယာက္ေယာက္ကို ခဏထိန္းခိုင္းပါ။
4.     သီခ်င္းေအးေအးေလးနဲ႔ စိတ္ၿငိမ္ေအာင္ ႀကိဳးစားပါ။
5.     အသက္ဝဝ႐ွဴပါ။
    ကေလးငိုတာကို အရမ္းႀကီး စိတ္မညစ္ပါနဲ႔။ တစ္ခါတေလ ငိုလိုက္ျခင္းျဖင့္ ကေလး စိတ္ေျပသြားတတ္ပါတယ္။ ကေလးဟာ ဒီအဆင့္ကို မၾကာမီ ေက်ာ္သြားမွာကို အၿမဲကိုယ့္ကိုယ္ သတိေပးေနပါ။ စိတ္တိုၿပီး ကေလးကို လႈပ္ရမ္းခါတာမ်ိဳး၊ ဆူပူႀကိမ္းေမာင္းတာမ်ိဳး မလုပ္မိဖို႔ လိုပါတယ္ေနာ္။

www.drmyanmar.com

Ceelin Plus 2

(Unicode)

>>    ဘယ်လိုချော့ချော့ ကလေးအငိုမတိတ်တဲ့အခါ ဘာလုပ်သင့်သလဲ?
    ကလေးတွေဟာ အကြောင်းမရှိဘဲ မငိုတတ်ကြပါဘူး။ ဒါပေမဲ့ တစ်ခါတလေ ဘာကြောင့်ငိုနေသလဲ ကြံရာမရ ဖြစ်နေတဲ့အခါ ဒီနည်းလမ်းလေးတွေကို ကြိုးစားကြည့်ပါ။

1.     စုပ်စရာတစ်ခုခု ပေးလိုက်ပါ
    ချိုလိမ်ဖြစ်စေ၊ လက်မဖြစ်စေ စုပ်စေခြင်းဖြင့်ကလေးရဲ့နှလုံးခုန်သံကို မှန်စေကာ လှုပ်ရှားမှုတွေကို ငြိမ်စေပါတယ်။

2.     ပွေ့ဖက်ပြီး လှုပ်ပေးပါ
    ကလေးလေးတွေဟာ အမေ့ဗိုက်ထဲမှာနေတုန်းကလို နွေးထွေးလုံခြုံမှုကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ကလေး အငိုမတိတ်တဲ့အခါ ကလေးကို စောင်နွေးနွေးလေးထဲထည့်ပြီး စလွယ်သိုင်းလွယ်ပေးပါ။ တစ်ခါတလေ ဒီလိုပွေ့ဖက်ထားတာကို အနေကျပ်တဲ့ကလေးတွေလည်း ရှိတတ်ပါတယ်။ ဒီလိုကလေးတွေကိုတော့ နရီမှန်မှန်လှုပ်ပေးပါက အငိုတိတ်နိုင်ပါတယ်။

3.     သီချင်းနဲ့တီးလုံးများ
    သီချင်းဖွင့်တာပဲဖြစ်ဖြစ်၊ သားချော့တေးလေးဆိုတာပဲဖြစ်ဖြစ်၊ ချီပြီးအခန်းထဲပတ်ပြီး ကတာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ ကလေ းဘယ်လိုသီချင်းမျိုးကို ကြိုက်သလဲ အမျိုးမျိုး စမ်းသပ်ကြည့်ပါ။

4.     ကြိမ်နှုန်းတူတဲ့ ဆူညံသံတွေ ဖွင့်ကြည့်ပါ
    ဖုန်စုပ်စက်သံဟာ တကယ်တော့ စိတ်ငြိမ်စေနိုင်တဲ့အသံမျိုး မဟုတ်ပေမယ့် ကလေးအများစုဟာ ဒီလို ကြိမ်နှုန်းတစ်ညီတည်းထွက်တဲ့ ဒီလိုဆူညံသံတွေနဲ့ ငြိမ်သွားတတ်ကြပါတယ်။ ဒီဆူညံသံတွေဟာ သန္ဓေသားဘဝမှာ အမေ့ဗိုက်ထဲက ကြားရတဲ့အသံမျိုးနဲ့ တူတာကြောင့် ဖြစ်နိုင်ပါတယ်။
    တချို့ကလေးတွေကျတော့ ပန်ကာ တဝီဝီလည်နေတဲ့အသံ၊ ရေတံခွန်က ရေကျသံ (Youtube တွေမှာ ရှာပြီး Download လုပ်ထားလို့ရပါတယ်) ဒီလိုအသံမျိုးတွေကို 10-15 မိနစ်လောက် နားထောင်ပြီး အိပ်သွားတာမျိုးလည်း ရှိပါတယ်။

5.     လေကောင်းလေသန့် ရယူပါ
    တစ်ခါတလေ ပြတင်းပေါက်ဖွင့်၊ တံခါးဖွင့်ပြီး အပြင်ကို ထွက်လိုက်တာက ကလေးကို အငိုတိတ်စေနိုင်ပါတယ်။ ကလေး ငြိမ်သွားရင် ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး ဘေးပတ်ဝန်းကျင်မြင်ကွင်းကို ကလေးကို ဖြည်းဖြည်းချင်း ပြောပြပါ။

6.     ရေနွေးနွေးနဲ့ ချိုးပါ
    တစ်ခါတလေ ရိုးရိုးရေချိုးတာမျိုးမဟုတ်ဘဲ ရေပန်း ဖြည်းဖြည်းဖွင့်ပြီး ချိုးကြည့်ပါ။ ကလေး မကြိုက်ရင်တော့ အတင်းမလုပ်ပါနဲ့။ တချို့ကလေးတွေကတော့ ကြိုက်တတ်ကြပါတယ်။

7.     လှုပ်ရှားပေးပါ
    လက်နဲ့ပွေ့ချီတာ၊ ကလေးသိုင်းလွယ်အိတ်နဲ့ ချီတာလောက်ဆို လုံလောက်ပါတယ်။ ဒါ့အပြင် လှုပ်ကုလားထိုင်၊ ပုခက်၊ ဆိုဖာပျော့ပျော့မှာလည်း လှုပ်ပေးနိုင်ပါတယ်။ ကားတစ်ပတ် လျှောက်မောင်းတာ၊ ကလေးတွန်းလှည်းနဲ့ တွန်းတာမျိုးတွေလည်း လုပ်ပေးနိုင်ပါတယ်။

8.     နှိပ်နယ်ပေးပါ
    ကလေးအများစုဟာ ပွတ်သပ်ခံရတာကို ကြိုက်တတ်ကြပါတယ်။ ဖွဖွသာသာလေး နှိပ်နယ်ပေးခြင်းက ကလေးကို သက်သောင့်သက်သာ ရှိစေပါတယ်။

    ဖေဖေ၊ မေမေတို့အတွက်လည်း တစ်ဆက်တည်း ပြောပြချင်ပါတယ်။ ငိုနေတဲ့ကလေးကို တော်ရုံနဲ့ ချော့မရတဲ့အခါ မိဘတွေ အလွန်စိတ်ညစ်တတ်ကြပါတယ်။ ကလေး ကြီးလာတဲ့အခါမှာတော့ ကလေးဟာ သူ့အလိုလို အငိုတိတ်အောင် နေတတ်လာပါလိမ့်မယ်။ ဒီအတောအတွင်းမှာတော့ ကလေးကို ဂရုစိုက်သလို ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဒါမှသာ ကလေးကို ပိုစိတ်ရှည်ရှည်နဲ့ ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရမ်းစိတ်ညစ်လာခဲ့ရင် ...
1.     ကလေးကို လုံခြုံတဲ့နေရာမှာ ခဏချပြီး ခဏငိုပါစေ။
2.     သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးတွေကို ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းပါ။
3.     ယုံကြည်ရတဲ့ တစ်ယောက်ယောက်ကို ခဏထိန်းခိုင်းပါ။
4.     သီချင်းအေးအေးလေးနဲ့ စိတ်ငြိမ်အောင် ကြိုးစားပါ။
5.     အသက်ဝဝရှူပါ။
    ကလေးငိုတာကို အရမ်းကြီး စိတ်မညစ်ပါနဲ့။ တစ်ခါတလေ ငိုလိုက်ခြင်းဖြင့် ကလေး စိတ်ပြေသွားတတ်ပါတယ်။ ကလေးဟာ ဒီအဆင့်ကို မကြာမီ ကျော်သွားမှာကို အမြဲကိုယ့်ကိုယ် သတိပေးနေပါ။ စိတ်တိုပြီး ကလေးကို လှုပ်ရမ်းခါတာမျိုး၊ ဆူပူကြိမ်းမောင်းတာမျိုး မလုပ်မိဖို့ လိုပါတယ်နော်။

www.drmyanmar.com