ကလေး အဝလွန်နေရင် ဘာတွေလုပ်ပေးသင့်သလဲ
ကလေး အဝလွန်နေရင် ကလေးဆရာဝန်၊ အာဟာရပညာရှင်တွေ အပါအဝင် ဆရာဝန်တွေ စုပေါင်းပြီး ကလေးရဲ့ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ကိုယ်ခန္ဓာအချိုးအဆတွေကို လေ့လာရမယ်။ ကလေး တကယ်အဝလွန်နေပြီဆိုရင် ဖြည်းဖြည်းချင်း လူနေမှုဘဝကို ပြန်လည်ပြောင်းလဲပေးဖို့ လိုတယ်။
>> အထူးသဖြင့် မိသားစု စားသောက်ပုံကနေ စပြီးပြောင်းလဲပေးပါ။
● မိဘတွေကိုယ်နှိုက်က ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားတာ ကောင်းတယ်ဆိုတာကို ပြသပေးပါ။
● ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားစရာတွေကို ကြိုက်တာ ရွေးစားစေပါ။
● အသီးအရွက်တွေ ပိုစားပေးပါ။ ထမင်းစားရင် အသီးအရွက်သုတ်တွေက ပန်းကန်တစ်ဝက်လောက် ပါ,ပါစေ။
● သရေစာတွေ၊ အာလူးကြော်တွေ၊ ဘီစကစ်တွေ၊ ကိတ်မုန့်တွေ၊ ချိုချဉ်တွေ၊ အရသာထည့်ထားတဲ့နို့တွေ၊ အချိုရည်တွေကို အိမ်မှာ မထားပါနဲ့။
● မိသားစုတစ်ခုလုံး စုစုစည်းစည်း စားပေးပါ။ တီဗီကြည့်ရင်း စားတာမျိုး မလုပ်ပါနဲ့။
● ဗိုက်ဆာတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာမျိုးကို ကျွေးပေးပါ။ အသီးလတ်လတ်ဆတ်ဆတ်တွေ၊ အရွက်သုပ်တွေလိုမျိုးပေါ့။
Ceelin Plus 1

>> မိသားစုမှာ ကိုယ်လက်လှုပ်ရှားမှုရှိစေဖို့ ဂရုစိုက်ပါ။
● တီဗီကြည့်ချိန်၊ ဖုန်းကြည့်ချိန်ကို လျှော့ချပေးပါ။
● ကလေးကို ဆော့ဖို့ အချိန်ပေးပါ။ အနည်းဆုံးတော့ တစ်ရက်ကို ၁ နာရီလောက် ပြေးလွှားဆော့ကစားပါစေ။
● မိသားစုလိုက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။
● ကျောင်းသွားကျောင်းပြန်၊ ဆိုင်သွားတာ၊ သူငယ်ချင်းအိမ် အလည်သွားတာ စသဖြင့် လမ်းလျှောက်ပေးပါ။
အဝလွန်နေတဲ့ကလေးကို ဝိတ်ချဖို့ မိဘက မကူညီပေးဘဲ မဖြစ်နိုင်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံကို မိဘကစပြီး အတူနေ တစ်မိသားစုလုံး ပြုပြင်ပြောင်းလဲပေးဖို့ လို်အပ်ပါတယ်။
Ceelin Plus 2

(Unicode)






























