/
news/ကလေးများနှင့်ကျန်းမာရေး/ကာကွယ်ဆေးတွေရဲ့-ဘေးထွက်ဆိုးကျိုးများ

ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

Category
ကလေးများနှင့်ကျန်းမာရေး

          အခြားအခြား​သော ​ဆေး​တွေလိုပဲ ကာကွယ်​​ဆေးမှာလည်​း ဆိုးကျိုး​တွေရှိ​နေနိုင်​ပါတယ်​။ ဒါ​ပေမယ့် အများစုမှာ​​တော့ ပြင်​းထန်​တဲ့ ​ဘေးထွက်​ဆိုးကျိုး​တွေ မရှိတတ်​ပါဘူး။ အကျိုးအမြတ်​ကို တွက်​ဆကြည်​့တဲ့အခါ ဖြစ်​လာမယ်​့ဆိုးကျိုးထက်​ ရမယ်​့​ကောင်​းကျိုးကပိုပါတယ်​။ ဖြစ်​တတ်​တဲ့ ​ဘေးထွက်​ဆိုးကျိုးများမှာ​တော့

- ခဏတာ နာကျင်​ခြင်​း

- ထိုးထားတဲ့​နေရာမှာ နီရဲပြီး ​ရောင်​လာခြင်​း

- ခဏတာတုပ်​​ကွေးသဏ္ဌန်​ လက္ခဏာများ ခံစားရခြင်​း စတာ​တွေပဲ ဖြစ်​ပါတယ်​။

 

          ကာကွယ်​​ဆေးထိုးသူက​လေး ၄​ယောက်​မှာ ၁​ယောက်​​လောက်​ဟာ ဒီလက္ခဏာ​တွေ ခံစားရတတ်​ပါတယ်​။ ထိုးပြီးခါစမှာ ​ပေါ်လာတတ်​ပြီး ၁ရက်​၂ရက်​အတွင်​း ​ပျောက်​သွားတတ်​ပါတယ်​။ အကယ်​၍ မ​ပျောက်​ပဲ ဆက်​ရှိ​နေမယ်​ဆိုရင်​​တော့ ဆရာဝန်​နဲ့ ပြသသင်​့ပါတယ်​။

Nutroplex 1

ခဏတာနာကျင်​ခြင်​းနဲ့ အပ်​​ကြောက်​ခြင်​း

 

          အပ်​​ကြောက်​ခြင်​းဟာ ကာကွယ်​​ဆေးထိုးခြင်​းရဲ့ ဖြစ်​​လေ့ရှိတဲ့ ​ဘေးထွက်​ဆိုးကျိုးတစ်​ခုပဲ ဖြစ်​ပါတယ်​။ လူ ၁၀ ​ယောက်​မှာ ၁​ယောက်​ဟာ ပထမတစ်​ကြိမ်​ ကာကွယ်​​ဆေးထးိုချိန်​ နာကျင်​မှု ခံစားရတဲ့အတွက်​ ​နော​က်​တစ်​ကြိမ်​​ဆေးထိုးရမှာကို ​ကြောက်​​နေတတ်​ကြပါတယ်​။ အကယ်​၍ က​လေးဟာ ​ဆေးထိုးရမှာကို ​ကြောက်​​လန်​့ ရုန်​းကန်​နေရင်​ က​လေးကိုငြိမ်​​အောင်​ ​ချော့မြူ ပြီး အာရုံလွှဲထားသင်​့ပါတယ်​။

 

ထိုးထားတဲ့​နေရာမှာ နီရဲပြီး​ရောင်​လာခြင်​း

 

          ကာကွယ်​​ဆေးထိုးပြီးချိန်​မှာ ထိုးထားတဲ့​နေရာက ကိုက်​ခဲတာ၊ ​ရောင်​လာတာ၊ ​သွေးခြည်​ဥလာတာမျိုး​တွေ ဖြစ်​​လေ့ရှိပါတယ်​။ ​ဒါ​တွေသက်​သာ​အောင်​ နာ​နေတဲ့​နေရာကို ​ရေခဲအုံ​ပေးတာမျိုး၊ ​ရေပတ်​တင်​​ပေးမျိုး လုပ်​​ပေးနိုင်​ပါတယ်​။

Nutroplex 2

တုပ်​ကွေးဆန်ဆန်​ လက္ခဏာများ​ပေါ်လာခြင်​း

 

ကာကွယ်​​ဆေးထိုးပြီးချိန်​မှာ တုပ်​​ကွေးလက္ခဏာများ ​ပေါ်လာတတ်​ပါတယ်​။

- ​ငွေ​့​ငွေ့ဖျားခြင်​း

- ဗိုက်​နာခြင်​း

- အန်​ခြင်​း

- အစားအ​သောက်​ပျက်​ခြင်​း

- ​ခေါင်​းကိုက်​ခြင်​း

- မလှုပ်​ချင်​မကိုင်​ချင်​ဖြစ်​ခြင်​း

 

          ခန္ဓာကိုယ်​ထဲ ကာကွယ်​​ဆေးစတင်​အလုပ်​လုပ်​ချိန်​မှာ ​ရောဂါပိုးသဏ္ဌာန်​ဖြင်​့ ကိုယ်​ခံစွမ်​းအား ထွက်​​ပေါ်လာ​အောင်​ ​လုပ်​​ဆောင်​​ပေးပါတယ်​။ ဒါ​ကြောင်​့ ကာကွယ်​​ဆေးထိုးထားသူမှာ​ နောက်​တစ်​ကြိမ်​ တုပ်​​ကွေး​ရောဂါပိုးဝင်​ချိန်​မှာ ခန္ဓာကိုယ်​က ပြန်​လည်​ တိုက်​ထုတ်​နိုင်​စွမ်​းရှိပြီး ​ရောဂါမဖြစ်​​အောင်​တားဆီး​ပေးနိုင်​ပါ့တယ်​။

 

ဘယ်​အချိန်​မှာ ကျန်​းမာ​ရေးဌာနကို ​ပြေးသင်​့သလဲ?

 

          ကာကွယ်​​ဆေး​ကြောင်​့ အ​ရေး​ပေါ် ​ဘေးထွက်​ဆိုးကျိုး​တွေ မဖြစ်​သ​လောက်​ရှားပါတယ်​။ အ​ရေးကြီးတဲ့ ဆိုးကျိုး​တွေက​တော့

- ဆိုးရွားစွာ ဓာတ်​မတည်​့ခြင်​း : ယားယံခြင်​း၊ အနီကွက်​အင်​ပြင်​ထခြင်​း၊ မျက်​နှာနဲ့ နှုတ်​ခမ်​းတစ်​ဝိုက်​ ​ရောင်​ရမ်​းလာခြင်​း၊ အသက်​ရှုကြပ်​ခြင်​း၊ ​သွေး​ပေါင်​ကျခြင်​း

- တက်​ခြင်​း

- အဖျားကြီးခြင်​း

- အဆစ်​အမြစ်​ နာကျင်​ခြင်​း၊ ​တောင်​့တင်​းခြင်​း

- အဆုတ်​ပွခြင်​း

 

          အထက်​ပါ လက္ခဏာရပ်​များ ဖြစ်​​ပေါ်လာပါက နီးစပ်​ရာ အ​ရေး​ပေါ်​ဆေးကုသဌာနသို့လည်​း​ကောင်​း၊ က​လေးဆရာဝန်​နှင်​့လည်​း​ကောင်​့ ဆက်​သွယ်​ကုသသင်​့ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)