/
news/ကလေးများနှင့်ကျန်းမာရေး/ကာကွယ်ဆေးထိုးခြင်းဖြင့်-ကာကွယ်နိုင်သော

ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Category
ကလေးများနှင့်ကျန်းမာရေး

ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်မှာ ပါဝင်တဲ့ ကာကွယ်ဆေး တော်တော်များများဟာ ကလေးတွေကို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကလေး အသက် နှစ်လ၊ လေးလနဲ့ ခြောက်လမှာ ထိုးနှံရတဲ့ ငါးမျိုးစပ်ကာကွယ်ဆေးမှာပါတဲ့ DPT ကာကွယ်ဆေးဟာ ဆုံဆို့ရောဂါနဲ့ ကြက်ညှာချောင်းဆိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆုံဆို့ရောဂါဟာ အသက်ရှူလမ်းကြောင်းပိတ်တဲ့အထိ ဖြစ်စေပြီးတော့ အသက်ငါးနှစ်အောက်မှာဖြစ်ရင် ငါးယောက်မှာတစ်ယောက် သေဆုံးနိုင်ချေရှိတဲ့ ရောဂါဖြစ်သလို ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်တစ်နှစ်အောက်မှာဖြစ်ရင် အဆုတ်ရောင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

Atussin Kids 1

ဒါ့အပြင် ငါးမျိုးစပ်ကာကွယ်ဆေးဟာ Haemophillus influenzae နဲ့ Pneumococcus ဘတ်တီးရီးယားတို့ကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အသက် (၉) လနဲ့ (၁၈) လမှာ ထိုးနှံပေးတဲ့ MMR ကာကွယ်ဆေးဟာ ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဂျိုက်သိုးရောဂါဟာ ကလေးတွေမှာဖြစ်ရင် ဖျားပြီး အနီစက်ထွက်တာ၊ ချောင်းဆိုး နှာစေးတာလောက်ပဲ ဖြစ်လေ့ရှိပေမယ့် ဝက်သက်ရောဂါဖြစ်ရင်တော့ ဂျိုက်သိုးလိုမျိုး လက္ခဏာတွေအပြင် အဆုတ်ရောင်တာအထိပါ ဖြစ်နိုင်လို့ စိုးရိမ်ရပါတယ်။

Atussin Kids 2

ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်မှာ မပါဝင်ပေမယ့် ကလေးတွေမှာ ထိုးနှံထားသင့်တဲ့ ကာကွယ်ဆေးတစ်မျိုးကတော့ တုပ်ကွေးကာကွယ်ဆေးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ အသက် (၆) လနဲ့အထက် ရှိပြီးသူတိုင်း တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံသင့်တယ်လို့ အကြံပြုထားပါတယ်။ တုပ်ကွေးကာကွယ်ဆေးဟာ တုပ်ကွေးရောဂါကို ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ပေမယ့် ရောဂါပြင်းထန်နှုန်းနဲ့ ဆေးရုံတက်ရနှုန်းကိုတော့ လျော့နည်းစေပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)