/
news/ကလေးများနှင့်ကျန်းမာရေး/ကိုဗစ်-ကပ်ရောဂါဆိုးဖြစ်နေတဲ့ကာလမှာ-ကလေးတွေနဲ့-အပြင်သွားတဲ့အခါ

ကိုဗစ် ကပ်ရောဂါဆိုးဖြစ်နေတဲ့ကာလမှာ ကလေးတွေနဲ့ အပြင်သွားတဲ့အခါ ဘာတွေပြင်ဆင်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ကိုဗစ်ဖြစ်နေချိန်မှာ အပြင်ကိုထွက်ခြင်းဟာ အင်မတန်မှ သတိထားရပါမယ်။ ဒါကြောင့် အပြင်သွားမယ်ကြံရင် ဒီနည်းလမ်းလေးတွေကို လိုက်နာဖို့တော့ လိုပါလိမ့်မယ်နော်။

၁။  အပြင်သွားနေတုန်းဖြစ်ဖြစ်၊ အိမ်ပြန်ရောက်ရင်ပဲဖြစ်ဖြစ် ကိုယ် ထိမိကိုင်မိတာကို သတိထားဖို့လိုပါတယ်။
ကိုယ်ပိုင်အိမ်နဲ့နေတဲ့သူတွေမှာတော့ သိပ်စိုးရိမ်ဖို့မလိုပေမယ့် တိုက်ခန်းလိုမျိုးမှာတော့ အများသုံးဖြစ်တဲ့ ဓာတ်လှေကားခလုတ်တွေ၊ တံခါးလက်ကိုင်တွေကို သတိထားရပါမယ်။ ကလေးတွေကိုလည်း မကိုင်မိအောင် လက်အိတ်ဝတ်တာ၊ တစ်ခုခု ထိကိုင်ရင် တစ်ရှူးတို့၊ အဝတ်လက်ကိုင်ပဝါတို့နဲ့ ကိုင်တာမျိုးတွေ လုပ်ပေးပါ။

၂။  လက်ဆေးဆပ်ပြာရည် ဆောင်ပါ။
အပြင်သွားရင်း မကြာမကြာ ဆေးပေးပါ။

Ceelin Plus 1

၃။  အပြင်သွားဖို့ လုံခြုံတဲ့နေရာကိုရွေးပါ။
အကောင်းဆုံးကတော့ ကိုယ့်ခြံဝန်းထဲပေါ့။ ဒါပေမဲ့ လူတိုင်းမှာတော့ ခြံဝန်းမရှိဘူးလေ။ အကောင်းဆုံးကတော့ လူစုလူဝေးမရှိတဲ့နေရာမျိုးကိုသွားတာ အကောင်းဆုံးပါ။ ဒီလိုနေရာ ရှာရတာခက်တယ် ဆိုပေမယ့်ပေါ့။

၄။  အပြင်သွားရင်လည်း လူတွေနဲ့ ဝေးဝေးနေပါ။
ခဏတဖြုတ်နဲ့ ရောဂါကူးနိုင်ခြေနည်းတယ်ဆိုပေမယ့် တတ်နိုင်သမျှ ဝေးဝေးနေပေးတာ စိတ်ချရပါတယ်။

၅။  ကိုယ်နဲ့အတူနေသူတွေနဲ့ပဲ အပြင်ထွက်ပါ။
တခြားမိသားစုတွေနဲ့ အတူတူ အပြင်မထွက်ပါနဲ့။ သူများနဲ့ ၆ ပေအကွာနေဖို့ဆိုတာ အင်မတန်ခက်ခဲလို့ပါ။

Ceelin Plus 2

၆။  ဟိုကိုင်ဒီကိုင် မလုပ်ပါနဲ့။
ကစားကွင်းမှာဆော့တာ၊ ခုံတွေပေါ်ထိုင်တာ၊ ကစားကွင်းမှာဆော့တာ၊ ခုံတွေပေါ်ထိုင်တာ၊ ဘောလုံးတူတူ ဆော့တာ၊ ဆိုင်းဘုတ်တွေကို လက်နဲ့လျှောက်ကိုင်တာမျိုး မလုပ်ပါနဲ့။ ဘယ်သူကဘယ်တုန်းက ကိုင်သွားမှန်း မသိတာမို့ပါ။ မေ့ပြီးကိုင်မိရင်လည်း လက်ဆေးဆပ်ပြာရည်နဲ့ ဆေးပေးပါ။

၇။  နှာခေါင်းစည်းတပ်ဖို့ မမေ့ပါနဲ့။
လွယ်အိတ်ထဲမှာ နှာခေါင်းစည်းကို အဆင်သင့်ဆောင်ထားဖို့ လိုပါတယ်။ သူများနဲ့ ၆ ပေအကွာမှာ မနေနိုင်ရင် နှာခေါင်းစည်းတပ်ထားဖို့ လိုပါတယ်။
အလုပ်ရှုပ်လိုက်တာလို့ ထင်ရပေမယ့်လည်း အပြင်ထွက်မယ်ဆိုရင်တော့ လုံခြုံစိတ်ချရအောင် ဒီအချက်တွေတော့ လိုက်နာဖို့ လိုအပ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)