/
news/ကလေးများနှင့်ကျန်းမာရေး/ကိုယ့်ရင်သွေးလေးက-ဉာဏ်သိပ်ကောင်းသူလေး-ဖြစ်နေရင်-ဒါလေးတွေ

ကိုယ့်ရင်သွေးလေးက ဉာဏ်သိပ်ကောင်းသူလေး ဖြစ်နေရင် ဒါလေးတွေ ကျင့်သုံးကြည့်သင့်တယ်နော်

Category
ကလေးများနှင့်ကျန်းမာရေး

          သားသမီးချင်းတူရင်တောင် တချို့သော မိဘတွေရဲ့ သားသားမီးမီးတွေက အတန်းထဲမှာ ထူးချွန်သူတွေ၊ ရဲရင့်သူတွေ၊ ဆုံးဖြတ်ချက်ခိုင်မာသူတွေ ဘ၀မှာ ထိပ်တန်းရောက်သူတွေ ဖြစ်လာကြပြီး တချို့သော ကလေးတွေကတော့ နေရာတိုင်းမှာ အဆင်မချောသူတွေ၊ တွန့်ဆုတ်သူတွေ၊ ပျော့ညံ့ပြီး အလွယ်တကူ အရှုံးပေးတတ်သူတွေ ဖြစ်လာကြပါတယ်။ နဂိုကတည်းက သိပ်ဉာဏ်ကောင်းတဲ့၊ သွက်တဲ့၊ သားသားမီးမီးရဲ့မိဘဖြစ်ရတာ ဘယ်လောက်ကံကောင်းသလဲနော်။ မိဘတွေရဲ့ ပျိုးထောင်မှုပာာ ကလေးငယ်ရဲ့ အနာဂတ်အောင်မြင်မှုအပေါ် တစ်ရာ ရာခိုင်နှုန်း သက်ရောက်မှုရှိလာမယ်ဆိုတာ သံသယရှိစရာမလိုတာမို့ တကယ်လို့သာ ကိုယ့်ရင်သွေးလေးက ကံကောင်းထောက်မစွာ ပင်ကိုယ်ဉာဏ်ရည်ထက်သူလေး ဖြစ်နေခဲ့ရင် ဘယ်လိုလေး မှန်မှန်ကန်ကန် ဆက်ပျိုးထောင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်။

●        ရင်သွေးလေးရဲ့ တဖြည်းဖြည်း စကားပြောတတ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေ ဆက်ဆံတတ်ပါ။ သူလေးရဲ့ အသက်အရွယ်အလိုက်ပဲ ကလေးအပြုအမူတွေ စကားလုံးတွေကို စိတ်ရှည်လက်ရှည် နားထောင်သင့်တယ်။ မလောသင့်ဘူး။ ရှေ့ကို အတင်းတွန်းတင်တာမျိုးဖြစ်တဲ့ စကားတွေ အပြုအမူတွေ ဇွတ်သင်တာတွေ မလုပ်ရဘူး။

●        ကလေးတစ်ယောက်ဆီမှာ ထူးခြားတဲ့ အရည်အသွေးတစ်ခုစီဆိုတာ ရှိပြီးသားပါ။ တချို့ကလေးတွေက ပန်းချီထူးချွန်တယ်။ တချို့က အားကစားတော်တယ်။ တော်တာလေး တစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ ချီးကျူးတာထက် ရင်သွေးလေးရဲ့ လုပ်နိုင်စွမ်းရှိသမျှကို အသေးစိတ်ကအစ အကုန် မျှမျှတတ ရှင်းပြချီးကျုးပေးရမယ်။ သူတို့ကိုယ်သူတို့ ဘက်စုံစွမ်းဆောင်နိုင်တယ်ဆိုတာ ယုံကြည်နေဖို့ လိုပါတယ်။

Nutroplex 1

●        တော်သထက်တော်အောင် အမြဲသင်ပြနေဖို့လိုတယ်လို့ မထင်ပါနဲ့။ ဘ၀သင်ခန်းစာတချို့ပာာ အတွေ့အကြုံကနေ သင်ယူရတာမျိုးပါ။ အပြင်ကိုခေါ်သွားမယ်။ သူကြိုက်တာ ရွေးချယ်၀ယ်စေတယ်။ ခြံထဲမှာ အတူရှင်းကူစေတယ်။ အိမ်မှာ စာအုပ်လေးတွေ စီစေတာ၊ အရုပ်တွေ ကိုယ်တိုင်သိမ်းစေတာတွေ လုပ်စေတာက ဉာဏ်ထက်ရုံတင်သာမက  ကိုယ့်အားကိုယ်ကိုး ခိုင်မာသူလေးအဖြစ် ကြီးပြင်းလာစေပါတယ်။

●        တခြားမိဘတွေရှေ့မှာ ကလေးချင်း မနှိုင်းယှဉ်သင့်ဘူး။ ကိုယ့်ကလေး ဉာဏ်ကောင်းကြောင်း စကားနဲ့ ကြွားလွန်းသူမိဘအဖြစ်မခံပါနဲ့။ တခြားမိဘတွေရဲ့ ကလေးတွေကို စိတ်လိုလက်ရ အရင်ချီးကျူးပါ။ ကိုယ့်ကလေးအကြောင်း မေးတဲ့အခါလည်း ထိန်းထိန်းသိမ်းသိမ်း ပြောပြပါ မေမေတို့ရေ။

●        ရင်သွေးလေးတွေရဲ့ထူးချွန်ပုံက သူ့နေရာနဲ့သူ ရှိတာကို နားလည်ပေးကြရအောင်။ ကလေးစိတ်ပညာရှင်တွေနဲ့ လိုအပ်ရင် တွေ့ဆုံမယ်။ ရင်သွေးပြုစုပျိုးထောင်နည်း စာအုပ်တွေ ဖတ်ကြမယ်။ ကလေးကြီးပြင်းမှုဆိုင်ရာ ကျန်းမာရေးပညာပေးတွေ  စိတ်၀င်တစား ရှာဖွေလေ့လာပေးပါ။ တချို့ကလေးတွေက အရေးမှာ ပါရမီပါတယ်။ အဖတ်မှာ အားနည်းတယ်။ တချို့ကျတော့ အဖတ်မြန် အကျက်သန်သလောက် အရေး အားနည်းနေတယ်။ ဒီတော့ ဒီလိုမျိုး မညီမမျှ ဖွံ့ဖြိုးတာက သားသားမီးမီးအတွက် အဆင်မပြေနိုင်တာကို သိတဲ့အလျောက် လိုအပ်ရင် ပညာရှင်တွေနဲ့ တွေ့ဆုံပြီး မျှမျှတတ တိုးတက်လာအောင် သူလေးရဲ့ မူရင်းထူးချွန်မှုလေးလည်း ပျောက်မသွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အမြဲမေးမြန်း ဆွေးနွေးသင့်ပါတယ်။  မိဘဆရာ ပူးပေါင်းဖို့ မမေ့လျော့သူ မေမေ၊ ဖေဖေတို့ ဖြစ်ကြရအောင်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmarcom)

Nutroplex 2

(Unicode)

