/
news/ကလေးများနှင့်ကျန်းမာရေး/ကိုယ့်အားကိုယ်ကိုးတတ်တဲ့-ကလေးတွေဖြစ်ဖို့-အစားအသောက်-စားတာကအစ-သူ့ဘာသာသူ

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးတွေဖြစ်ဖို့ အစားအသောက် စားတာကအစ သူ့ဘာသာသူ စားတတ်အောင် လေ့ကျင့်ပေးထားပါ

Category
ကလေးများနှင့်ကျန်းမာရေး

         ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးတယ်ဆိုတဲ့နေရာမှာ ငယ်စဉ်ကလေးဘဝတည်းကစပြီး အလေ့အထကောင်းတွေကို မိဘတွေက လေ့ကျင့်ပေးသွားရမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အရာရာကို မိဘက လိုက်လုပ်ပေးနေမယ်ဆိုရင် တစ်ချိန် အသက်အရွယ်ရလာတဲ့အခါ ကိုယ့်ကလေးကို တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး အားမလို အားမရတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် “ကလေးပြုစုပျိုးထောင်ခြင်း” ဆိုတာ အခုခေတ်မှာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာတာ ဖြစ်ပါတယ်။

>>    ဘယ်ကနေစသင်ကြမလဲ?
         ပြောရမယ်ဆိုရင် အစောပိုင်းကတည်းက စသင်လို့ရပြီနော်။ ကလေးက ဇွန်းကို လိုက်လုနေတာ၊ အစာကို ဇွန်းနဲ့နှိုက်ဖို့ ကြိုးစားတာတွေဟာ ကလေး ကိုယ့်ဘာသာကိုယ်စားဖို့ အဆင်သင့်ဖြစ်ပြီဆိုတာကို ပြနေတာပါ။

>>    ကလေး ကိုယ့်ဘာသာကိုယ် စားနိုင်ကြောင်းကို ဘယ်လိုသိနိုင်မလဲ?
၁။      ဆုပ်ကိုင်တတ်လာပြီ။
         ကလေးဟာ ပစ္စည်းလေးတွေကို ဆုပ်ကိုင်တတ်လာပြီဆိုရင် ကလေးကို လက်ချောင်းပုံစံလေးတွေ ချက်ပြုတ်ပေးပြီး ကိုင်စားစေတာ၊ ဖဲ့ဖဲ့ပေးပြီး ကိုင်စားစေတာတွေ လုပ်လို့ရတယ်။
         တကယ်က ကလေး အသက် ၇ လ၊ ၈ လ လောက် ရောက်တာနဲ့ ဒီနည်းကို စသုံးလို့ရပြီ။ ဒီအရွယ်မှာ လက်မ၊ လက်ညှိုးနဲ့ ကိုင်တတ်လာပြီမို့ပါ။

၂။      မျက်လုံးနဲ့ လက်နဲ့ ဟန်ချက်ညီလာပြီ။
        ကလေးဟာ ပစ္စည်းတွေ၊ အစားအသောက်တွေကို လက်နဲ့စုပ်ကိုင်ပြီး ပါးစပ်ထဲ ထည့်နေနိုင်ပြီဆိုရင် မျက်လုံးနဲ့လက် ဟန်ချက်ညီလာပြီလို့ ပြောလို့ရတယ်။
         ပြဿနာက ကလေး ပေပွအောင် စားပါလိမ့်မယ်။ ပေပါစေ၊ ပွပါစေ။ တစ်ဖြည်းဖြည်းနဲ့ မပြုတ်မကျအောင် စားတတ်လာပါလိမ့်မယ်။

၃။      အသေးစိတ် ခံစားနိုင်စွမ်း ကျွမ်းကျင်မှုတွေ တိုးတက်လာပြီ။
         အပေါ်မှာပြောခဲ့သလိုပဲ ထမင်းစားချိန် ရှုပ်ရှုပ်ပွပွဖြစ်တာ မဆန်းလှပါဘူး။
         ဒီလိုရှုပ်ပွရင်းနဲ့ပဲ စေးကပ်ကပ်၊ နွေးနွေး၊ အေးအေး၊ ပူပူ စသဖြင့် အထိအတွေ့အမျိုးမျိုးကို ခံစားရပါလိမ့်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ပိုပိုပြီးတော့ ခံစားမှုတွေ ထက်သန်လာလိမ့်မယ်။
        နောက်ပြီးတော့ ကလေးဟာ သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုး အချင်းချင်း၊ ဘေးပတ်ဝန်းကျင် ဆက်နွယ်မှုတွေကို သိလာလိမ့်မယ်။
        မျက်လုံးမှိတ်ရင်း နားနဲ့နှာခေါင်းကို ထိနိုင်တာလိုမျိုးပေါ့။ ကိုယ့်ဘာသာကိုယ် ထမင်းစားရင်း လက်က ပါးစပ်ဆီကို တန်းတန်းမတ်မတ် ဝင်သွားလိမ့်မယ်။

EC Kidz IA 1

၄။      ကလေးဟာ မေမေ၊ ဖေဖေတို့မပါဘဲ လုပ်နိုင်ကြောင်း ပြလာလိမ့်မယ်။
         ကလေး ကြီးပြင်းလာတာနဲ့အမျှ ကိုယ့်အားကိုယ်ကိုးနိုင်ကြောင်း ပြလာလိမ့်မယ်။ အမေ ခွံ့တာ မစားတော့တာ၊ အမေ မပါဘဲ ဆော့တာလိုမျိုးပေါ့။
         ကိုယ့်အားကိုယ်ကိုးတယ်ဆိုတာ ကြီးပြင်းလာခြင်းရဲ့ လက္ခဏာတစ်ရပ်ပါပဲ။
         ဒီနည်းအားဖြင့် ကလေးဟာ ကိုယ့်အားကိုယ်ကိုးတတ်လာပြီး လုပ်ကိုင်နိုင်စွမ်းတွေ တိုးတက်လာတဲ့အပြင် ဘယ်လောက်စားနိုင်လဲဆိုတာ ကိုယ့်ဘာသာကိုယ် တွက်ဆတတ်လာပါလိမ့်မယ်။ ပြောရမယ်ဆိုရင် စားတာကို ရပ်သင့်တဲ့အချိန်မှာ ရပ်လိုက်တာဟာ ကျန်းမာရေးအတွက်လည်း အရေးကြီးတယ်လေ။

၅။      ပါးစပ်ကို အသုံးပြုတတ်လာပြီ။
         ကလေးဟာ သူ့ပါးစပ်ကိုသူ ကောင်းကောင်း အသုံးပြုနိုင်ပြီဆိုရင် သူ့ဘာသာသူ ထမင်းစားလို့ရပြီနော်။ ကလေးအများစုဟာ တစ်နှစ်မပြည့်ခင်ကတည်းက ခွက်ကနေ ရေသောက်တတ်ပြီ၊ ပိုက်နဲ့ ရေစုပ်တတ်ပြီ။
         ကလေး အသက် ၆ လလောက် ရောက်တာနဲ့ ကလေးကို ရေတိုက်ဖို့ ကြိုးစားသင့်တယ်။ မျက်လုံးနဲ့လက် အပြန်အလှန်ဆက်စပ်မှုကို တိုးတက်နိုင်တဲ့အပြင် ကလေးကိုလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အားကောင်းလာစေတယ်။
         ဒီလိုလက္ခဏာတွေပြလာတဲ့အခါ ကလေး သူ့ဘာသာသူ ထိုင်နိုင်လာပါပြီ။ ကလေး မေမေ့လက်ထဲကနေ အစားအစာကိုလုယူတဲ့အခါမှာလည်း သိပ်ပြီးတေ့ာ ပျော်မသွားနဲ့ဦးနော်။ တဖြည်းဖြည်းချင်း အချိန်ယူပြီး လေ့လာစမ်းသပ်ပါစေ။

>>    ကလေးကို ထမင်းကျွေးတဲ့အခါ အလျင်မလိုစေတဲ့အကြောင်းရင်း
         ကလေး သူ့ဘာသာသူ ထမင်းစားတဲ့အခါ ဒါလေးတွေကိုလည်း သတိထားဖို့လိုတယ်။
●       သွားပေါက်ခြင်း : ကလေး အစာမာစစားချိန်မှာ သွားပေါက်စပြုလာပါပြီ။ ဒီအချိန်မှာ ကလေးလေးရဲ့သွားလေးတွေဟာ အစာတိုင်းကို ဝါးစားဖို့လောက် မသန်မာသေးသလို ကောင်းကောင်းဝါးစားဖို့တောင် သွားကမလုံလောက်သေးဘူး။ ဒါကြောင့် ကလေးကို ပျော့ပျော့နွေးနွေးလေးတွေပဲ ကျွေးပါ။
●       အစားအစာတွေကို ရွေးချယ်ပြီး ကျွေးပါ။ : ကလေးရဲ့သွားပေါက်စသွားဖုံးလေးတွေ နာစေ၊ ကျင်စေမယ့် အစားအစာမျိုးကို သေချာစိစစ်ဖို့လိုတယ်။ ပြီးတော့ ဒီအရွယ်မှာ ကလေးသွားဖုံးလေးတွေက နုနုလေးတွေပဲရှိသေးတာမို့ ဆစ်ထရပ်အချဉ်ဓာတ်ကို ဝေးဝေးမှာထားပါ။
●       ဗိုက် အရမ်းဆာမှကျွေးပါ။ : ကလေး တကယ်ဗိုက်အရမ်းဆာမှ ကျွေးပါ။ ကလေး ကိုယ့်ဘာသာကိုယ် ထမင်းစားတတ်အောင် လေကျင့်ဖို့ တစ်နေကုန် ထမင်းစားခိုင်းနေစရာ မလိုဘူးပေါ့။ ဆားနဲ့သကြားပါတဲ့ အစားအသောက်တွေကိုလည်း ရှောင်ပေးဖို့လိုတယ်။
●       အစားအစာပမာဏကို သတိထားပါ။ : စားတဲ့ အစားအသောက်ပမာဏဟာ တစ်ကြိမ်နဲ့တစ်ကြိမ် မတူညီနိုင်ဘူး။ ကလေးတချို့အတွက် တစ်ရက်နဲ့တစ်ရက် စားနိုင်တဲ့ပမာဏက မတူညီဘူး။ ဒါကြောင့် သူ စားနိုင်တဲ့ပမာဏကို သူ့ဘာသာသူ ချိန်ဆပါစေ။
         အဓိကက ကလေးစားချင်သလို သူ့ဘာသာသူ စားပါစေ။ ခုံတွေ ပေပွတာ၊ ယုတ်ဆွအဆုံး တစ်ခန်းလုံးပေပွတာတွေ ဖြစ်လာတတ်တယ်။ ဒါပေမဲ့ အဓိကက ကလေး သူ့ဘာသာသူ စားတတ်သွားဖို့ပဲလေ။

Dr. Mya Phoo Ngon (www.drmyanmar.com)

EC Kidz IA 2

(Zawgyi)

         ကေလးေတြကို ကိုယ့္အားကိုယ္ကိုးတတ္ေအာင္ သင္ေပးတယ္ဆိုတဲ့ေနရာမွာ ငယ္စဥ္ကေလးဘဝတည္းကစၿပီး အေလ့အထေကာင္းေတြကို မိဘေတြက ေလ့က်င့္ေပးသြားရမွာ ျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက အရာရာကို မိဘက လိုက္လုပ္ေပးေနမယ္ဆိုရင္ တစ္ခ်ိန္ အသက္အရြယ္ရလာတဲ့အခါ ကိုယ့္ကေလးကို တျခားသူေတြနဲ႔ ႏွိုင္းယွဥ္ၿပီး အားမလို အားမရေတြ ျဖစ္လာနိုင္ပါတယ္။ ဒါ့ေၾကာင့္ “ကေလးျပဳစုပ်ိဳးေထာင္ျခင္း” ဆိုတာ အခုေခတ္မွာ အေရးႀကီးတဲ့ ေခါင္းစဥ္တစ္ခု ျဖစ္လာတာ ျဖစ္ပါတယ္။

>>    ဘယ္ကေနစသင္ၾကမလဲ?
         ေျပာရမယ္ဆိုရင္ အေစာပိုင္းကတည္းက စသင္လို႔ရၿပီေနာ္။ ကေလးက ဇြန္းကို လိုက္လုေနတာ၊ အစာကို ဇြန္းနဲ႔ႏွိုက္ဖို႔ ႀကိဳးစားတာေတြဟာ ကေလး ကိုယ့္ဘာသာကိုယ္စားဖို႔ အဆင္သင့္ျဖစ္ၿပီဆိုတာကို ျပေနတာပါ။

>>    ကေလး ကိုယ့္ဘာသာကိုယ္ စားနိုင္ေၾကာင္းကို ဘယ္လိုသိနိုင္မလဲ?
၁။      ဆုပ္ကိုင္တတ္လာၿပီ။
         ကေလးဟာ ပစၥည္းေလးေတြကို ဆုပ္ကိုင္တတ္လာၿပီဆိုရင္ ကေလးကို လက္ေခ်ာင္းပုံစံေလးေတြ ခ်က္ျပဳတ္ေပးၿပီး ကိုင္စားေစတာ၊ ဖဲ့ဖဲ့ေပးၿပီး ကိုင္စားေစတာေတြ လုပ္လို႔ရတယ္။
         တကယ္က ကေလး အသက္ ၇ လ၊ ၈ လ ေလာက္ ေရာက္တာနဲ႔ ဒီနည္းကို စသုံးလို႔ရၿပီ။ ဒီအရြယ္မွာ လက္မ၊ လက္ညႇိုးနဲ႔ ကိုင္တတ္လာၿပီမို႔ပါ။

၂။      မ်က္လုံးနဲ႔ လက္နဲ႔ ဟန္ခ်က္ညီလာၿပီ။
        ကေလးဟာ ပစၥည္းေတြ၊ အစားအေသာက္ေတြကို လက္နဲ႔စုပ္ကိုင္ၿပီး ပါးစပ္ထဲ ထည့္ေနနိုင္ၿပီဆိုရင္ မ်က္လုံးနဲ႔လက္ ဟန္ခ်က္ညီလာၿပီလို႔ ေျပာလို႔ရတယ္။
         ျပႆနာက ကေလး ေပပြေအာင္ စားပါလိမ့္မယ္။ ေပပါေစ၊ ပြပါေစ။ တစ္ျဖည္းျဖည္းနဲ႔ မျပဳတ္မက်ေအာင္ စားတတ္လာပါလိမ့္မယ္။

၃။      အေသးစိတ္ ခံစားနိုင္စြမ္း ကၽြမ္းက်င္မႈေတြ တိုးတက္လာၿပီ။
         အေပၚမွာေျပာခဲ့သလိုပဲ ထမင္းစားခ်ိန္ ရႈပ္ရႈပ္ပြပြျဖစ္တာ မဆန္းလွပါဘူး။
         ဒီလိုရႈပ္ပြရင္းနဲ႔ပဲ ေစးကပ္ကပ္၊ ေႏြးေႏြး၊ ေအးေအး၊ ပူပူ စသျဖင့္ အထိအေတြ႕အမ်ိဳးမ်ိဳးကို ခံစားရပါလိမ့္မယ္။ ဒီလိုနဲ႔ တျဖည္းျဖည္း ပိုပိုၿပီးေတာ့ ခံစားမႈေတြ ထက္သန္လာလိမ့္မယ္။
        ေနာက္ၿပီးေတာ့ ကေလးဟာ သူ႔ရဲ့ခႏၶာကိုယ္အစိတ္အပိုင္း အမ်ိဳးမ်ိဳး အခ်င္းခ်င္း၊ ေဘးပတ္ဝန္းက်င္ ဆက္ႏြယ္မႈေတြကို သိလာလိမ့္မယ္။
        မ်က္လုံးမွိတ္ရင္း နားနဲ႔ႏွာေခါင္းကို ထိနိုင္တာလိုမ်ိဳးေပါ့။ ကိုယ့္ဘာသာကိုယ္ ထမင္းစားရင္း လက္က ပါးစပ္ဆီကို တန္းတန္းမတ္မတ္ ဝင္သြားလိမ့္မယ္။

၄။      ကေလးဟာ ေမေမ၊ ေဖေဖတို႔မပါဘဲ လုပ္နိုင္ေၾကာင္း ျပလာလိမ့္မယ္။
         ကေလး ႀကီးျပင္းလာတာနဲ႔အမၽွ ကိုယ့္အားကိုယ္ကိုးနိုင္ေၾကာင္း ျပလာလိမ့္မယ္။ အေမ ခြံ့တာ မစားေတာ့တာ၊ အေမ မပါဘဲ ေဆာ့တာလိုမ်ိဳးေပါ့။
         ကိုယ့္အားကိုယ္ကိုးတယ္ဆိုတာ ႀကီးျပင္းလာျခင္းရဲ့ လကၡဏာတစ္ရပ္ပါပဲ။
         ဒီနည္းအားျဖင့္ ကေလးဟာ ကိုယ့္အားကိုယ္ကိုးတတ္လာၿပီး လုပ္ကိုင္နိုင္စြမ္းေတြ တိုးတက္လာတဲ့အျပင္ ဘယ္ေလာက္စားနိုင္လဲဆိုတာ ကိုယ့္ဘာသာကိုယ္ တြက္ဆတတ္လာပါလိမ့္မယ္။ ေျပာရမယ္ဆိုရင္ စားတာကို ရပ္သင့္တဲ့အခ်ိန္မွာ ရပ္လိုက္တာဟာ က်န္းမာေရးအတြက္လည္း အေရးႀကီးတယ္ေလ။

၅။      ပါးစပ္ကို အသုံးျပဳတတ္လာၿပီ။
         ကေလးဟာ သူ႔ပါးစပ္ကိုသူ ေကာင္းေကာင္း အသုံးျပဳနိုင္ၿပီဆိုရင္ သူ႔ဘာသာသူ ထမင္းစားလို႔ရၿပီေနာ္။ ကေလးအမ်ားစုဟာ တစ္ႏွစ္မျပည့္ခင္ကတည္းက ခြက္ကေန ေရေသာက္တတ္ၿပီ၊ ပိုက္နဲ႔ ေရစုပ္တတ္ၿပီ။
         ကေလး အသက္ ၆ လေလာက္ ေရာက္တာနဲ႔ ကေလးကို ေရတိုက္ဖို႔ ႀကိဳးစားသင့္တယ္။ မ်က္လုံးနဲ႔လက္ အျပန္အလွန္ဆက္စပ္မႈကို တိုးတက္နိုင္တဲ့အျပင္ ကေလးကိုလည္း ကိုယ့္ကိုယ္ကို ယုံၾကည္မႈေတြ အားေကာင္းလာေစတယ္။
         ဒီလိုလကၡဏာေတြျပလာတဲ့အခါ ကေလး သူ႔ဘာသာသူ ထိုင္နိုင္လာပါၿပီ။ ကေလး ေမေမ့လက္ထဲကေန အစားအစာကိုလုယူတဲ့အခါမွာလည္း သိပ္ၿပီးေတ့ာ ေပ်ာ္မသြားနဲ႔ဦးေနာ္။ တျဖည္းျဖည္းခ်င္း အခ်ိန္ယူၿပီး ေလ့လာစမ္းသပ္ပါေစ။

>>    ကေလးကို ထမင္းေကၽြးတဲ့အခါ အလ်င္မလိုေစတဲ့အေၾကာင္းရင္း
         ကေလး သူ႔ဘာသာသူ ထမင္းစားတဲ့အခါ ဒါေလးေတြကိုလည္း သတိထားဖို႔လိုတယ္။
●       သြားေပါက္ျခင္း : ကေလး အစာမာစစားခ်ိန္မွာ သြားေပါက္စျပဳလာပါၿပီ။ ဒီအခ်ိန္မွာ ကေလးေလးရဲ့သြားေလးေတြဟာ အစာတိုင္းကို ဝါးစားဖို႔ေလာက္ မသန္မာေသးသလို ေကာင္းေကာင္းဝါးစားဖို႔ေတာင္ သြားကမလုံေလာက္ေသးဘူး။ ဒါေၾကာင့္ ကေလးကို ေပ်ာ့ေပ်ာ့ေႏြးေႏြးေလးေတြပဲ ေကၽြးပါ။
●       အစားအစာေတြကို ေရြးခ်ယ္ၿပီး ေကၽြးပါ။ : ကေလးရဲ့သြားေပါက္စသြားဖုံးေလးေတြ နာေစ၊ က်င္ေစမယ့္ အစားအစာမ်ိဳးကို ေသခ်ာစိစစ္ဖို႔လိုတယ္။ ၿပီးေတာ့ ဒီအရြယ္မွာ ကေလးသြားဖုံးေလးေတြက ႏုႏုေလးေတြပဲရွိေသးတာမို႔ ဆစ္ထရပ္အခ်ဥ္ဓာတ္ကို ေဝးေဝးမွာထားပါ။
●       ဗိုက္ အရမ္းဆာမွေကၽြးပါ။ : ကေလး တကယ္ဗိုက္အရမ္းဆာမွ ေကၽြးပါ။ ကေလး ကိုယ့္ဘာသာကိုယ္ ထမင္းစားတတ္ေအာင္ ေလက်င့္ဖို႔ တစ္ေနကုန္ ထမင္းစားခိုင္းေနစရာ မလိုဘူးေပါ့။ ဆားနဲ႔သၾကားပါတဲ့ အစားအေသာက္ေတြကိုလည္း ေရွာင္ေပးဖို႔လိုတယ္။
●       အစားအစာပမာဏကို သတိထားပါ။ : စားတဲ့ အစားအေသာက္ပမာဏဟာ တစ္ႀကိမ္နဲ႔တစ္ႀကိမ္ မတူညီနိုင္ဘူး။ ကေလးတခ်ိဳ႕အတြက္ တစ္ရက္နဲ႔တစ္ရက္ စားနိုင္တဲ့ပမာဏက မတူညီဘူး။ ဒါေၾကာင့္ သူ စားနိုင္တဲ့ပမာဏကို သူ႔ဘာသာသူ ခ်ိန္ဆပါေစ။
         အဓိကက ကေလးစားခ်င္သလို သူ႔ဘာသာသူ စားပါေစ။ ခုံေတြ ေပပြတာ၊ ယုတ္ဆြအဆုံး တစ္ခန္းလုံးေပပြတာေတြ ျဖစ္လာတတ္တယ္။ ဒါေပမဲ့ အဓိကက ကေလး သူ႔ဘာသာသူ စားတတ္သြားဖို႔ပဲေလ။

Dr. Mya Phoo Ngon (www.drmyanmar.com)