ကျောင်းနေအရွယ်ရင်သွေးလေးတွေ အာဟာရပြည့်ဝရေး ဒီအချက်တွေ လိုက်နာပေး
အသက် ၆ နှစ်ကနေ ၁၂ နှစ်အတွင်းရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေအနေနှင့် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးဖို့ လိုအပ်လှပါတယ်။ ဒီအရွယ်ကလေးတွေအနေနှင့် ကြီးထွားနှုန်းနှေးသလို တစ်နေ့ကို သရေစာအပါအဝင် ၅ နပ်လောက် စားလေ့ရှိတဲ့အတွက် အာဟာရတန်ဖိုးနည်းသော အစားအစာတွေကို စားမိနိုင်ချေများပါတယ်။
ကလေးတွေကို အစာကျွေးတဲ့အခါမှာ တီဗီရှေ့မှာ ကျွေးတာထက်စာရင် ထမင်းစားပွဲမှာ စနစ်တကျ ကျွေးမွေးခြင်းဖြင့် အစာ အလွန်အကျွံစားမိခြင်းနှင့် အခြားသောဆိုးကျိုးတွေကို ကာကွယ်ပြီးသား ဖြစ်စေနိုင်ပါတယ်။
>> ရင်သွေးလေးတို့ရဲ့ မနက်စာနှင့် သရေစာတွေမှာ ဘာတွေပါဝင်သင့်လဲ?
● သစ်သီး၊ နို့၊ Cereal၊ ဂျုံနှင့် အသားတို့ မျှတစွာပါဝင်တဲ့ မနက်စာဟာ အကောင်းမွန်ဆုံး ဖြစ်ပါတယ်။
● နေ့ခင်း သရေစာအနေနှင့် အသင့်စားအစာများနှင့် ဆီကြော်စာတွေအစား ဒိန်ချဉ်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပေါင်မုန့်၊ နွားနို့၊ ချိစ်တို့ပါသော သရေစာတွေကို ကျွေးမွေးသင့်ပါတယ်။
Ceelin Plus 1

>> ရင်သွေးလေးတွေအတွက် အာဟာရပြည့်ဝစေမယ့် အစာအာဟာရအုပ်စု (၅) ခု ရှိပါတယ်။
(၁) ဆန်၊ ဂျုံ၊ ပြောင်းအုပ်စု
ဆန်၊ ဂျုံ၊ အုတ်၊ ပြောင်းတို့မှရသော အစားအစာများ
(၂) အသီးအရွက်အုပ်စု
ဝါ၊ စိမ်း၊ နီ၊ လိမ္မော် စသဖြင့် အရောင်အသွေးစုံလင်သော အသီးအရွက်အမျိုးမျိုး
(၃) သစ်သီးများ
လတ်ဆတ်သောသစ်သီးအမျိုးမျိုးအပြင် သစ်သီးခြောက်များ၊ ခဲထားသောအသီးများနှင့် စည်သွပ်ဘူးထဲ ထည့်ထားသော သစ်သီးများ
(၄) နို့ထွက်ပစ္စည်းအုပ်စု
နို့နှင့် နို့ထွက်ပစ္စည်းမျာ း(Low fat နှင့် Fat free ကို ပိုပြီးဦးစားပေးသင့်ပါတယ်)
(၅) ပရိုတင်းအုပ်စု
အသားအမျိုးမျိုး၊ ငါး၊ ကြက်သား၊ အစေ့အဆံများ၊ ပဲအမျိုးမျိုး
Ceelin Plus 2

ကလေးတွေကို အထက်ပါအာဟာရအုပ်စု (၅) မျိုးလုံး ပါဝင်အောင် နေ့စဉ်ကျွေးမွေးသင့်ပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စေဖို့လည်း တိုက်တွန်းသင့်ပါတယ်။ ဒါမှ ကျန်းမာသန်စွမ်းသော သားသားမီးမီးလေးတွေ ဖြစ်လာမှာနော်။
>> လိုက်နာရမယ့်အချက်တွေအနေနှင့် -
(၁) ကလေးတွေကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာတွေကို ရွေးချယ်တတ်ဖို့ သင်ကြားလေ့ကျင့်ပေးခြင်း
(၂) အစားအစာတစ်ခုစီအလိုက် ပါဝင်တဲ့ အာဟာရတန်ဖိုးတွေကို ရှင်းပြခြင်း
(၃) ဖုန်းနှင့် ကွန်ပျူတာကြည့်ချိန်ကို တစ်နေ့ ၂ နာရီထက်မပိုအောင် ကန့်သတ်ခြင်း၊ ပြေးလွှားလှုပ်ရှားဖို့ အချိန်များများ သတ်မှတ်ပေးခြင်း
(၄) ရေနှင့်အရည်ဓာတ် ပြည့်ဝအောင် တိုက်ကျွေးခြင်း စသည်တို့ကိုလည်း လိုက်နာဆောင်ရွက်ပေးခြင်းဖြင့် သားသားမီးမီးလေးတွေ ကျန်းမာကြံ့ခိုင်ပြီး ကျောင်းမှာလည်း ဘက်စုံထူးချွန်တဲ့ကလေးတွေ ဖြစ်လာမှာ အသေအချာပါပဲနော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























