ကျွန်မကလေးက တီဗီရီမုဒ်ထဲက ဘက်ထရီကို မျိုချလိုက်မိတယ်ဆရာ စိုးရိမ်ရလား
တစ်နှစ်အောက် ကလေးငယ်များအပါအ၀င် မတ်တပ်ပြေးစ ကလေးတိုင်းလိုလိုဟာ မျက်စိထဲ တွေ့သမျှအရာတိုင်းကို ပါးစပ်ထဲ ထည့်တတ်ကြပါတယ်။ မေမေတို့အနေန့ဲ ဘယ်လိုဆွဲဆောင်မှုရှိတဲ့ အစားအသောက်တွေကို ကျွေးကျွေး သူတို့အမြင်မှာတော့ အရုပ်သေးသေးလေးတွေ၊ ကျပ်စေ့လေးတွေ၊ ဘက်ထရီလေးတွေက ပိုပြီးဆွဲဆောင်မှု ရှိနေနိုင်ပါတယ်။
ဒီကိစ္စကို ကာကွယ်နိုင်ဖို့အတွက် အရေးအကြီးဆုံးကတော့ ကလေးပါးစပ်ထဲ ထည့်နိုင်တဲ့ပစ္စည်းတွေကို ကလေး လက်လှမ်းမမှီနိုင်တဲ့နေရာမှာ ထားဖို့ပါပဲ။
>> အန္တရာယ်ပေးနိုင်မှုနည်းတဲ့ ပစ္စည်းတွေကတော့ -
1. ပီကေ
ပီကေကို အစာအိမ်နှင့် အူလမ်းကြောင်းကနေတစ်ဆင့် စွန့်ထုတ်နိုင်တဲ့အတွက် အခြားသော စိုးရိမ်ဖွယ်လက္ခဏာ မဖြစ်ပေါ်ပါက အန္တရာယ်မရှိဟု ယူဆနိုင်ပါတယ်။
2. ပုံဖော်ရွံ့
ကလေးပါးစပ်ထဲ အနည်းငယ်၀င်ရုံဖြင့် အန္တရာယ်ပေးနိုင်နှုန်း နည်းပါးပါတယ်။ တစ်ခါတစ်ရံမှာတော့ ၀မ်းပျက်တာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့ ကလေးက ပမာဏများများ စားမိလိုက်တယ်ဆိုရင်တော့ ဆရာ၀န်နဲ့ပြသပြီး အကြံတောင်းသင့်ပါတယ်။
3. အရုပ်သေးသေးလေးများ
အလွန်သေးငယ်ပြီး အချွန်အတက်များ မပါသော အရုပ်ငယ်လေးများကို အစာအိမ်နဲ့ အူလမ်းကြောင်းကနေ စွန့်ထုတ်နိုင်တာမို့ တအားစိုးရိမ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ချွန်တဲ့အရုပ်မျိုးကို မျိုချမိရင်တော့ အန္တရာယ်ရှိပါတယ်။
Ceelin Plus 1

>> မျိုချမိပါက အန္တရာယ်ရှိသည့်အတွက် ချက်ချင်းနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ပြေးသင့်သော ပစ္စည်းတွေကတော့ -
1. ဘက်ထရီများ
ဘက်ထရီမှာ ကြောက်မက်ဖွယ် ဓာတုပစ္စည်းများ ပါ၀င်တာမို့ လုံး၀မပေါ့ဆဘဲ အမြန်ဆုံး ပြန်ထုတ်နိုင်ဖို့ ကြိုးစားရမှာပါ။
2. သံလိုက်
သံလိုက်က ကလေးရဲ့ အစာခြေလမ်းကြောင်းကို ပျက်စီးစေနိုင်တဲ့အတွက် ချက်ချင်း ဆေးရုံပြဖို့ လိုပါတယ်။
3. ကျပ်စေ့များ
ကျပ်စေ့ မျိုမိပါကလည်း ဆေးရုံသို့ ချက်ချင်းပြသသင့်ပြီး လိုအပ်ပါက ဓာတ်မှန်ရိုက်ရမှာ ဖြစ်ပါတယ်။
အန္တရာယ်ရှိသောအရာဖြစ်စေ၊ အန္တရာယ်ပေးနိုင်မှု နည်းသောအရာကို မျိုမိသည်ဖြစ်စေ ကလေးငယ်အနေဖြင့် ချောင်းဆိုးခြင်း၊ လည်ပင်းနင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ သွားရေကျခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်းစသည်တို့ ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံသို့ အချိန်မီ ပြသသင့်ပါတယ်။ ကြိုတင်ကာကွယ်ဖို့က ပိုအရေးကြီးတာမို့ ကလေးငယ်ရှိသော မိဘများအနေဖြင့် ကလေး လက်လမ်းမှှီသောနေရာများတွင် အလွယ်တကူ မျိုချနိုင်သောအရာများကို မထားဖို့ အကြံပေးလိုက်ပါတယ်နော် ...။
လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)
Ceelin Plus 2

(Unicode)
>> မြိုခမြိပါက အန်တရာယျရှိသည့ျအတှကျ ခကြျခငြျးနီးစပျရာ ဆေးရုံ၊ ဆေးခနျးသို့ ပွေးသင့ျသော ပစ်စညျးတှကေတော့ -
1. ဘကျထရီမြား






























