ကျွန်မကလေး အသက်ရှူမြန်နေသလား?
ကလေးဘဝမှာ အသက်ရှူလမ်းကြောင်းပိုးဝင်တာဟာ တေယ်တော်လေး အဖြစ်များပါတယ်။ ဒါပေမဲ့ ရောဂါပြင်းထန်နိုင်ခြေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ဒါကြောင့် မိမိတို့ကလေးမှာ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့လက္ခဏာတွေရှိရင် အန္တရာယ်ရှိတဲ့လက္ခဏာတွေ ရှိ၊ မရှိကို သတိထား စောင့်ကြည့်ပေးသင့်ပါတယ်။
ဒီထဲကတစ်ခုကတော့ အသက်ရှူမြန်တာဖြစ်လို့ မေမေတို့အနေနဲ့ ကလေးရဲ့အသက်ရှူနှုန်းကို သေချာလေး စောင့်ကြည့်ပေးသင့်ပါတယ်။
Solmux Kids 1

ကလေးဟာ အသက်ရှူမြန်နေလား၊ မမြန်ဘူးလားဆိုတာကို သိရဖို့အတွက် အရင်ဆုံးတော့ ကလေးတွေမှာရှိသင့်တဲ့ ပုံမှန်အသက်ရှူနှုန်းကို သိထားသင့်ပါတယ်။
ကလေးတွေမှာရှိသင့်တဲ့ အသက်ရှူနှုန်းဟာ အသက်အရွယ်ပေါ်မူတည်ပြီးတော့ -
● အသက် ၆ လ အထိ - တစ်မိနစ်ကို ၃၀-၆၀ ကြိမ်
● ၆ လကနေ ၁၂ လ အထိ - တစ်မိနစ်ကို ၂၄-၃၀ ကြိမ်
● ၁ နှစ်ကနေ ၅ နှစ် အထိ - တစ်မိနစ်ကို ၂၀-၃၀ ကြိမ်
● ၆ နှစ်နဲ့အထက် - တစ်မိနစ်ကို ၁၂-၂၀ ကြိမ်
ရှိသင့်ပါတယ်။
Solmux Kids 2

အသက်ရှူနှုန်းကို ရေတွက်တဲ့အခါ ကလေးငြိမ်နေတဲ့အချိန်ဖြစ်ဖို့ အရေးကြီးသလို ကလေးရဲ့ ရင်ဘတ်လေး မောက်လာတာကို တစ်မိနစ်အပြည့် ရေတွက်ပေးဖို့လည်း လိုအပ်ပါတယ်။ တစ်မိနစ်ရေတွက်လိုက်လို့ အသက်တစ်နှစ်အောက်ကလေးမှာ အကြိမ်ရေ ၆၀ ထက် ပိုများနေရင်၊ ဒါမှမဟုတ် ၁-၅ နှစ်ကလေးမှာ အကြိမ်ရေ ၄၀ ထက် ပိုများနေရင်တော့ အသက်ရှူမြန်ပြီး အန္တရာယ်ရှိတဲ့လက္ခဏာဖြစ်လို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပြသပေးသင့်ပါတယ်။
သားသားမီးမီးလေးတွေ အသက်ရှူမြန်တာဟာ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း အစရှိတဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်ကလေးတွေမှာတောင် အသက်ရှူလမ်းကြောင်းပိုးဝင်တာဟာ တစ်နှစ်ကို (၁၂) ကြိမ်လောက် ဖြစ်နိုင်တာမလို့ ရောဂါပြင်းထန်တဲ့အခါ အချိန်မီကုသမှုခံယူနိုင်အောင် မေမေတို့အနေနဲ့ ကလေးတွေရဲ့ ပုံမှန်အသက်ရှူနှုန်းကို သိထားတာဟာ မမှားပါဘူးနော်။
Dr. Aye Hsu Mon (www.drmyanmar.com)






























