ကြင်နာတတ်သူလေးတွေဖြစ်အောင် ပျိုးထောင်မယ်
ရင်သွေးလေးတွေကို မရက်စက်တတ်၊ မညှာတာတတ်တဲ့သူတွေအဖြစ် မကြီးပြင်းလာဘဲ တကယ်ဂရုစိုက်တတ်၊ ကြင်နာတတ်သူလေးတွေဖြစ်အောင် ဘယ်လိုပျိုးထောင်ကြမလဲ။
● တခြားသူတွေရဲ့ဆန္ဒတွေကို အရေးထားပေးပါ။
သူတို့ရှေ့မှာ တစ်ပါးသူရဲ့ ဆန္ဒတွေကို အလေးထားတာက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ အမြဲပြောပြပါ။ ကိုယ်ပျော်ဖို့ အရေးကြီးသလို သူတစ်ပါးအပေါ်မှာ ဂရုစိုက်၊ ကြင်နာမှုတွေကလည်း အရေးကြီးတယ်ဆိုတာ သင်ကြားနားလည်ပါစေ။
● ကျေးဇူးတင်တတ်၊ ဂရုစိုက်တတ်တဲ့ အလေ့အကျင့်တွေ ပျိုးထောင်ပါ။
အုပ်စုဖွဲ့ကစား၊ ညတွေ ကစားခိုင်းပါ။ အတူတကွ စားသောက်ဖို့ တွန်းအားပေးပါ။ လက်ဆောင်လေးတွေ ပေးခိုင်းပါ။ သူတစ်ပါးထံက လက်ဆောင်ရရှိတဲ့အခါ၊ အကူအညီရတဲ့အခါ သူတို့ ပျော်ရွှင်ကျေနပ်ပြီး ကျေးဇူးတင်တတ်တဲ့ ခံစားမှုကို ပေးပါ။ လက်ဆောင်လဲလှယ်ပါစေ။
● ကလေးရဲ့ ကိုယ်ပိုင်အသိုင်းအဝိုင်းကို လေးစားပါ။
မိတ်ဆွေသူငယ်ချင်းအပေါ်မှာ ကူညီတတ်တဲ့ အလေ့အထလေးတွေကို ရှေ့ကနေလုပ်ပြပါ။ သူ့သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး အိမ်မှာ ဆော့ကစားပါစေ။ မိမိရဲ့ဆန္ဒတွေကို အလေးထားသလို ကလေးရဲ့ ကိုယ်ပိုင်အသိုင်းအ၀ိုင်းကို လေးစားပုံကလည်း အင်မတန် အရေးကြီးပါတယ်။ လေးစားမှုနောက်ကနေ လိုက်မှာက မိမိသားသမီးနှင့် ထပ်တူကြင်နာ ယုယထွေးပွေ့တာ ဖြစ်ပါတယ်။ ဒါတွေကို အမြဲမြင်နေရတဲ့ သားသားမီးမီးဟာ သူမတူအောင် အကြင်နာကြီးသူလေး ဖြစ်လာမှာ မုချပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























