/
news/ကလေးများနှင့်ကျန်းမာရေး/ကြီးထွားနာ

ကြီးထွားနာ

Category
ကလေးများနှင့်ကျန်းမာရေး

တစ်ချို့ကလေးတွေမှာ အိပ်ရာဝင်ချိန်တွေ၊ ၁နာရီ၊ ၂နာရီလောက်အိပ်ပြီး နိုးလာချိန်တွေမှာ ခြေထောက်တွေ၊ လက်တွေကြွက်သားနာကျင်ဝေဒနာကို ခံစားရတတ်ပါတယ်။ တစ်ခါတစ်လေ ဒါကိုကြီးထွားနာ growing pain လို့ခေါ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်မှန်းတော့ ဘယ်သူမှမပြောနိုင်ပေမယ့် ကြီးထွားလာလို့ဖြစ်တာတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက် ကြီးထွားနှုန်းတအားမြန်ချိန်မှာတောင် တစ်ဖြည်းဖြည်းချင်းကြီးလာတာမျိုးမို့ နာတာကျင်တာမျိုး ဖြစ်စေမှာမဟုတ်ပါဘူး။

 

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်ပြီး နာတာကျင်တာမျိုးလည်း ပါနိုင်ပါတယ်။ ကလေးတွေဟာ ဆော့နေတုန်းတော့နာလို့နာမှန်းမသိဘဲ ကြွက်သားတွေပြန်လည်ပြေလျော့လာချိန်မှ နာတာကိုသိလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

 

နာတာကျင်တာသက်သာအောင် မိဘတွေအနေဲ့ ဘာတွေလုပ်ရမလဲ?

 

ကြီးထွားနာမဖြစ်အောင်တော့မကာကွယ်နိုင်ပေမယ့် နည်းသွားအောင်တော့လုပ်လို့ရပါတယ်။

 

●        အရမ်းဆော့နေချိန်မှာ ခဏတစ်ဖြုတ်လောက် နားနားပေးပါ။ ပြီးတော့ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ပါစေ။ ဒီနည်းအားဖြင့် ကြွက်သားအမျိုးမျိုးကို အလုပ်ပေးသလိုဖြစ်ပြီး နေ့တိုင်းနေ့တိုင်း ကြွက်သားတစ်ခုတည်းကို အားစိုက်စေတာမျိုးမဖြစ်တော့ပါဘူး။

●        မအိပ်ခင်ရေနွေးနွေးလေးချိုးပေးတာက ကြွက်သားတွေကိုပြေလျော့စေပြီး နာတာကျင်တာကိုသက်သာစေနိုင်ပါတယ်။

●        ကြီးထွားနာကတအားဆိုးလာတယ်ဆိုရင် ကလေးခြေထောက်လေးတွေ လက်လေးတွေကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။

●        ပါရာစီတမောပါဝင်တဲ့ Biogesic for Kids လိုမျိုး အကိုက်အခဲပျောက်ဆေးတွေက သက်သာစေနိုင်မှာပါ။

Biogesic for kids IA 1

ကလေးဆရာဝန်နဲ့ဘယ်အချိန်မှာပြရမလဲ?

 

ကလေးမှာ

●        မခံမရပ်နိုင်အောင်နာကျင်နေတာ

●        အနားယူ၊ ရေခဲကပ်၊ ပတ်တီးစည်း၊ ခြေထောက်မြှောက်စတဲ့ ရှေးဦးသူနာပြုနည်းတွေနဲ့တောင် ရောင်ရမ်းနေတာဟာ ၂၄နာရီအတွင်းမသက်သာဘူး၊ ဒါမှမဟုတ် ပိုဆိုးလာတာ

●        ဖျားနာနေတာ

●        ကြွက်သားထုကြီးတက်နေတာ

●        ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတာ

●        ကြွက်သားပေါ်ကအရေပြားနီရဲလာတာ၊ ပူနွေးလာတာ

●        ဆီးအရောင်ရင့်တာ (အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မျိုးမှာ) စတဲ့လက္ခဏာမျိုးတွေရှိရင် ဆရာဝန်နဲ့ပြဖို့လိုပါတယ်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for kids IA 2

တစ္ခ်ိဳ႕ကေလးေတြမွာ အိပ္ရာဝင္ခ်ိန္ေတြ၊ ၁နာရီ၊ ၂နာရီေလာက္အိပ္ၿပီး ႏိုးလာခ်ိန္ေတြမွာ ေျခေထာက္ေတြ၊ လက္ေတြႂကြက္သားနာက်င္ေဝဒနာကို ခံစားရတတ္ပါတယ္။ တစ္ခါတစ္ေလ ဒါကိုႀကီးထြားနာ growing pain လို႔ေခၚႏိုင္ပါတယ္။ ဘာေၾကာင့္ျဖစ္မွန္းေတာ့ ဘယ္သူမွမေျပာႏိုင္ေပမယ့္ ႀကီးထြားလာလို႔ျဖစ္တာေတာ့ မဟုတ္ပါဘူး။ ဆယ္ေက်ာ္သက္ ႀကီးထြားႏႈန္းတအားျမန္ခ်ိန္မွာေတာင္ တစ္ျဖည္းျဖည္းခ်င္းႀကီးလာတာမ်ိဳးမို႔ နာတာက်င္တာမ်ိဳး ျဖစ္ေစမွာမဟုတ္ပါဘူး။

 

ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္ျပဳလုပ္ၿပီး နာတာက်င္တာမ်ိဳးလည္း ပါႏိုင္ပါတယ္။ ကေလးေတြဟာ ေဆာ့ေနတုန္းေတာ့နာလို႔နာမွန္းမသိဘဲ ႂကြက္သားေတြျပန္လည္ေျပေလ်ာ့လာခ်ိန္မွ နာတာကိုသိလာတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

 

နာတာက်င္တာသက္သာေအာင္ မိဘေတြအေနဲ႔ ဘာေတြလုပ္ရမလဲ?

 

ႀကီးထြားနာမျဖစ္ေအာင္ေတာ့မကာကြယ္ႏိုင္ေပမယ့္ နည္းသြားေအာင္ေတာ့လုပ္လို႔ရပါတယ္။

 

  • အရမ္းေဆာ့ေနခ်ိန္မွာ ခဏတစ္ျဖဳတ္ေလာက္ နားနားေပးပါ။ ၿပီးေတာ့ အားကစားလႈပ္႐ွားမႈေတြမွာ ပါဝင္ပါေစ။ ဒီနည္းအားျဖင့္ ႂကြက္သားအမ်ိဳးမ်ိဳးကို အလုပ္ေပးသလိုျဖစ္ၿပီး ေန႔တိုင္းေန႔တိုင္း ႂကြက္သားတစ္ခုတည္းကို အားစိုက္ေစတာမ်ိဳးမျဖစ္ေတာ့ပါဘူး။
  • မအိပ္ခင္ေရေႏြးေႏြးေလးခ်ိဳးေပးတာက ႂကြက္သားေတြကိုေျပေလ်ာ့ေစၿပီး နာတာက်င္တာကိုသက္သာေစႏိုင္ပါတယ္။
  • ႀကီးထြားနာကတအားဆိုးလာတယ္ဆိုရင္ ကေလးေျခေထာက္ေလးေတြ လက္ေလးေတြကို ျဖည္းျဖည္းခ်င္းႏွိပ္နယ္ေပးပါ။
  • ပါရာစီတေမာပါ၀င္တဲ့ Biogesic for Kids လိုမ်ိဳး အကိုက္အခဲေပ်ာက္ေဆးေတြက သက္သာေစႏိုင္မွာပါ။

 

ကေလးဆရာဝန္နဲ႔ဘယ္အခ်ိန္မွာျပရမလဲ?

 

ကေလးမွာ

  • မခံမရပ္ႏိုင္ေအာင္နာက်င္ေနတာ
  • အနားယူ၊ ေရခဲကပ္၊ ပတ္တီးစည္း၊ ေျခေထာက္ေျမႇာက္စတဲ့ ေ႐ွးဦးသူနာျပဳနည္းေတြနဲ႔ေတာင္ ေရာင္ရမ္းေနတာဟာ ၂၄နာရီအတြင္းမသက္သာဘူး၊ ဒါမွမဟုတ္ ပိုဆိုးလာတာ
  • ဖ်ားနာေနတာ
  • ႂကြက္သားထုႀကီးတက္ေနတာ
  • ေျခေထာက္ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနတာ
  • ႂကြက္သားေပၚကအေရျပားနီရဲလာတာ၊ ပူေႏြးလာတာ
  • ဆီးအေရာင္ရင့္တာ (အထူးသျဖင့္ ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္မ်ိဳးမွာ) စတဲ့လကၡဏာမ်ိဳးေတြ႐ွိရင္ ဆရာဝန္နဲ႔ျပဖို႔လိုပါတယ္။

 

Dr. Mya Phoo Ngon (www.drmyanmar.com)