/
news/ကလေးများနှင့်ကျန်းမာရေး/ချစ်ခြင်းတွေပြည့်၀နေတဲ့-မိသားစုဘ၀ကို-တည်ဆောက်နိုင်ဖို့-ဒါတွေလိုအပ်ပါတယ်

ချစ်ခြင်းတွေပြည့်၀နေတဲ့ မိသားစုဘ၀ကို တည်ဆောက်နိုင်ဖို့ ဒါတွေလိုအပ်ပါတယ်

Category
ကလေးများနှင့်ကျန်းမာရေး

1.   နည်းနည်းပြော များများနားထောင်ပါ။

♦ တစ်နေ့တာ ကျောင်းမှာ၊ ကျူရှင်မှာ ဘာတွေ လုပ်ရသလဲဆိုတာကို ပေါ့ပေါ့ပါးပါးမေးမြန်းပါ။

♦ သူတို့ပြောလာသမျှကိုလည်း အတိုက်အခံမလုပ်ဘဲ သက်သောင့်သက်သာပုံစံနဲ့ နားထောင်ပေးပါ။ ကိုယ်ပြောဆို ဆုံးမချင်တာလေးတွေကို နည်းနည်းစီပြောပြပါ။ တစ်ခါတည်း အများကြီး မပြောပါနဲ့။ နည်းနည်းပြော များများနားထောင်ပါ။

ငယ်စဉ်ကတည်းက ဒီလိုလေ့ကျင့်ပေးထားခြင်းအားဖြင့် မိဘရဲ့စကားကိုပိုမိုနားထောင်လာပြီး ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်တတ်လာမှာ ဖြစ်ပါတယ်။ 

2.   ကလေးရဲ့ ဝါသနာကို အားပေးပါ။

          မိဘတွေအနေနဲ့ ကလေးရဲ့ဝါသနာအပေါ် လှိုက်လှိုက်လဲလဲစိတ်၀င်စားမှုပြမယ်ဆိ်ုရင် မိဘနဲ့ ကလေးကြားက ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်တွေက ပိုမိုခိုင်မာလာမှာပါ။

3.   ညစာအတူစားပါ။

          နေ့ဘက်မှာ မိဘတွေကလည်း အလုပ်သွား၊ ကလေးတွေကလည်း ကျောင်းသွားရတာမို့ နေ့လည်စာကို တစ်ယောက်တစ်နေရာစီ စားဖြစ်ကြပါတယ်။ ဒါပေမယ့် ညစာကိုတော့ မိသားစုနဲ့ ၀ိုင်းဖွဲ့စားတဲ့ အလေ့အကျင့်မျိုး ပြုလုပ်ထားသင့်ပါတယ်။ ညတိုင်း အတူစားပေးဖို့ သိပ်မအားဘူးဆိုရင်တော့ သက်ဆိုင်တဲ့ အမှတ်တရနေ့တွေမှာပဲဖြစ်ဖြစ် Sunday လို အားလပ်ရက်တွေမှာပဲဖြစ်ဖြစ် ကလေးတွေနဲ့ အတူတူစားပေးဖို့ ကြိုးစားပေးပါ။

 4.   အားရက်မှာ လျှောက်လည်ပါ။

          မိသားစု၀င်တွေအတူတကွ ထွက်လည်ခြင်းဟာ သံယောဇဉ်ကို ပိုမိုခိုင်မာလာစေနိုင်ပါ တယ်။ လျှောက်လည်တယ်ဆိုရာမှာ ကလေးကိုမုန့်၀ယ်ကျေွးခြင်း၊ နီးစပ်ရာပန်းခြံကစားကွင်းကိုခေါ်သွားပြီး ကစားစေခြင်းတို့ဖြင့် ကလေးငယ်ကသင့်အား ပိုမိုသံယောဇဉ်တိုးစေရန် ဆောင်ရွက်နိုင်ပါတယ်။

 5.   စာအတူတူဖတ်ပါ။

           အိပ်ယာမ၀င်ခင်မှာ ပုံပြင်စာအုပ်လေးတွေ ဖတ်ပြတာမျိုးက မိဘနှင့်သားသမီးကြား ချစ်ခင်ရင်းနှီးမှုကို တိုးလာစေပါတယ်။

 6.   ချစ်ကြောင်းဖွင့်ဟပြောဆိုပါ။

         တစ်နေ့တစ်ကြိမ် ကိုယ့်ရဲ့သားသားမီးမီးတို့ကို “ချစ်တယ်” လို့ပြောပေးပါ။ နေ့စဉ်ပြောတဲ့အတွက် မိဘနဲ့ သားသမီးကြားမှာ မေတ္တာသံယောဇဉ်များ ပိုမိုတိုးပွားလာပြီး မိဘအပေါ်ယုံကြည်အားထားမှုများ ပိုမိုခိုင်မာလာပါလိမ့်မယ်။

www.drmyanmar.com

(Unicode)















www.drmyanmar.com