/
news/ကလေးများနှင့်ကျန်းမာရေး/ချစ်စရာ့အရွယ်-ဘေဘီလေးကိုကျန်းမာရေးပိုကောင်းလာအောင်

ချစ်စရာ့အရွယ် ဘေဘီလေးကိုကျန်းမာရေးပိုကောင်းလာအောင် နည်းစနစ်ကျကျနှိပ်ပေးကြရအောင်….

Category
ကလေးများနှင့်ကျန်းမာရေး

နှိပ်နယ်ပေးတာဟာအရွယ်သုံးပါးအတွက် သိပ်ကိုထိရောက်တဲ့ အကြောပြေစိတ်ဖိစီးမှုလျော့စေတဲ့ ဆေးစွမ်းတလက်ဖြစ်ပါတယ်။ လူကြီးတွေတင် နှိပ်ဖို့ အကျိုးရှိတာမဟုတ်ဘဲချစ်စရာ့အရွယ်သားငယ်သမီးငယ် လသားအရွယ်ဘေဘီလေးတွေကိုပါ နှိပ်ပေးမယ်ဆိုရင် သိပ်အကျိုးရှိတယ်လို့ ကျွမ်းကျင်ပညာရှင်များကအဆိုပြုထားပါတယ်။

 

• နှိပ်နယ်ပေးတာဟာစိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ လသားအရွယ်ရက်သားအရွယ်ဘေဘီလေးတွေမှာစိတ်ဖိစီးမှုမရှိဘူးလို့မထင်လိုက်ပါနဲ။သူတို့မှာလည်း အသစ်စက်စက်လောကရဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရပါတယ်။ ကော်တီဆောပမာဏကိုကျဆင်းစေပြီး  ဘေဘီလေးတွေရဲ့ စိတ်ဖိအားကိုအထိုက်အလျောက် ပြေပျောက်စေပါတယ်။

 

• ပုံမှန်နှိပ်နယ်ပေးတာခံရတဲ့ ဘေဘီလေးတွေက ကြီးထွားနှူန်းပိုမြန်သတဲ့။ မိုင်ယာမီတက္ကသိုလ်သုတေသနတခုအရကလေးတွေကိုပုံမှန်နှိပ်နယ်ပေးခြင်းဖြင့် ဖွံဖြိုးကြီးထွားနှုန်းတွေ သိသိသာသာတက်လာပါတယ်တဲ့။

 

• ကောင်းကောင်းအိပ်စေပါတယ်။ ကလေးလေးဟာအကြောအချင်တွေပြေလျော့သွားပြီးစိတ်ကျေနပ်နှစ်သိမ့်မှုရရှိတာကြောင့် ကြာကြာအိပ်သွားစေပါတယ်။

Ceelin 1

ရက်သားလသားအရွယ် ဘေဘီလေးကိုဘယ်လိုနည်းလမ်းတကျနှိပ်နယ်ပေးရင်ကောင်းမလဲနော်……………

 

• ပထမဆုံးအနေနဲ့ ဘေဘီလေးကိုစားပွဲလေးပေါ် အခင်းနူးနူးညံ့ညံ့ ပြန့်ပြန့်လေးပေါ်တင်လိုက်ပါ။ အောက်ခင်းဟာ နူးညံ့နေပြီးတပြေးတည်းဖြစ်ဖို့လိုပါတယ်။

 

• လက်ဝါးထဲကိုမုန်ညင်းဆီသို့မဟုတ် babyoilလေးထည့်ပြီးလက်နှစ်ဖက်ကို နွေးလာအောင်ပွတ်လိုက်ပါ။ 

 

• ကလေးလေးကို ပြုံးပြရယ်ပြ သူစိတ်ကြည်လာတဲ့အထိချော့ပေးပါ။ 

Ceelin 2

သူစိတ်လက်ကြည်သာလာပြီဆိုမှ ………….

 

• ခြေသလုံးလေးကိုဖွဖွလေးကိုင်ပြီး  စဆုပ်ပေးပါ။ အသာအယာလေးဆုပ်ပြီးရင် ပြီးရင် ပေါင်ရင်းကိုဆုပ်နယ်ပေးပါ။ အဆုံးကျမှ ခြေဖဝါးကိုကိုင်ပြီးတောက်ပေးပါ။ စက်ဝိုင်းပုံလက်ညှိုးလေးနဲ့ ခြေဖဝါးကိုဆွဲပြီး  ဝိုင်းစက်စက်ပုံစံလေးနှိပ်ပေးပါ။

 

• ခြေတဖက်ပြီးမှ နောက်တဖက်ကိုဖော်ပြပါအတိုင်းဆက်နှိပ်ပါ။

 

• ပြီးရင် လက်မောင်းလေးနဲ့ လက်မောင်းရင်းကိုဖွဖွလေးဆုပ်ပါ။ လက်ဖဝါးလေးကိုတော့  စက်ဝိုင်းပုံစံလေးဝိုင်းပြီးလက်ညှိုးလေးနဲ့ အသာဖိပြီး  နှိပ်ပေးပါ။ လက်တဖက်ပြီးမှ နောက်တဖက်လာပါ။

 

• ရင်ဘတ်ပေါ်ကိုလက်ကိုအလျားလိုက်တင်ပါ။ ဘယ်ဘက်နဲ့ ညာဘက် ရင်ဘတ်နှစ်နေရာကို  အထက်ကနေအောက်အသာလေးပွတ်ဆွဲချပါ။

ကန့်လန့်ဖြတ်ပုံစံနဲ့ အသာအယာဝဲမှညာကို ပြန်ပွတ်သတ်ပေးပါ။

 

• ဝမ်းဗိုက်ကိုတော့ စက်ဝိုင်းပုံညာမှဘယ် အဝိုင်းလိုက်လေးပွတ်သပ်ပေးပါ။

 

• ကလေးကိုမှောက်လိုက်ပြီးဂုတ်ကျနေတင်ပါးအထိကျောရိုးအရာလေးအတိုင်း လေးငါးခါခန့်ပွတ်ဆွဲချပေးပါ။ 

 

• နှိပ်နယ်မှုပြီးဆုံးတဲ့အခါကလေးကိုခဏလေးလှဲနေပါစေ။ ဆယ်မိနစ်ခန့်နေမှ ပွေ့ယူပြီးအသာချော့မြူပါ။ ချီပိုးပြီးစကားပြောပါ။ 

 

ချစ်စရာ့အရွယ် ဘေဘီလေးကိုကျန်းမာရေးပိုကောင်းလာအောင် နည်းစနစ်ကျကျနှိပ်ပေးခြင်းဖြင့် ကြင်ကြင်နာနာ  ကူညီပေးကြရအောင်….

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)