/
news/ကလေးများနှင့်ကျန်းမာရေး/ချစ်မဝတဲ့-ရင်သွေးလေးနဲ့-ရင်းနှီးကျွမ်းဝင်မှုပိုမိုစေဖို့

ချစ်မဝတဲ့ ရင်သွေးလေးနဲ့ ရင်းနှီးကျွမ်းဝင်မှုပိုမိုစေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

မိမိရဲ့ ချစ်မဝတဲ့ရင်သွေးလေးနဲ့ မေမေတို့နဲ့ ရင်းနှီးကျွမ်းဝင်မှု ပျော်ရွှင်သာယာမှု တည်ဆောက်မယ်ဆိုရင် ဒီအချက်လေးတွေက အလွန်ထိရောက်ပါသတဲ့။ ဘေဘီလေးနဲ့ ပိုရင်းနှီးချင်တဲ့ ဖေဖေတို့နဲ့ တခြားမိသားစု၀င်တွေလည်း လိုက်လုပ်ကြည့်လို့ရတယ်နော်။

 

♦ မကြာခဏထွေးထွေးပိုက်ပိုက်ရှိတဲ့ မိခင်ဖခင်ကို ကလေးငယ်တွေက ပိုမိုတွယ်တာကြပါတယ်။

 

♦ ရင်သွေးလေးနဲ့ မျက်လုံးချင်းဆုံပြီးကြည့်တာမျိုူး ခဏခဏလုပ်ပါ။ သူလေးနားမလည်မှန်းသိပေမယ့် စကားပြောပါ၊ ရယ်ပြပါ။ သီချင်းဆိုပြပါ။

 

♦ ချစ်မဝတဲ့ရင်သွေးလေးတွေကို စိတ်ရှည်ရှည် အသာအယာနှိပ်ပေးခြင်းဖြင့်သူတို့ရဲ့ အာရုံကြောလေးတွေ ပိုမိုကောင်းမွန်လာပြီး သွေးလည်ပတ်အားတွေ တိုးတက်လာပါသတဲ့။ မိခင်ရဲ့ လက်ကလေးနဲ့ အမြဲပွတ်သတ်နှိပ်ပေးမယ်ဆိုရင် ပိုမိုပျော်ရွင်ရင်းနှီးလာစေမှာ အသေအချာပါပဲ။

 

♦ နို့ဆာနေရင်နို့ကောက်တိုက်တာ၊သေးစိုနေရင်လဲပေးတာ ချီပြီးအပြင်ထွက်ပေးတာတွေက အလွန်အကျိုးရှိထိရောက်တဲ့ ချော့မြူနည်းတွေဖြစ်ပါတယ်။ ကလေးကိုအလိုလိုက်ရင် ခဏခဏ ချီရင်အချီကြိုက်လာမယ်။လူကြီးလက်ပေါ်ကမဆင်းချင်တော့ဘူးဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကိုစွန့်လိုက်ပါ။

Ceelin 1

♦ ဘာတွေဖတ်ပြနေမှန်း နားမလည်ပေမယ့် ဘေဘီလေးတွေကိုစာဖတ်ပြတာက သိပ်ကိုအကျိုးရှိတဲ့ နည်းပါ။ မိခင်ရဲ့စာဖတ်သံကို နားဆင်တဲ့ကလေးတွေဟာ ဖတ်ပြသူ မိခင်အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးချစ်ခင်တာ တွယ်တာတာတွေ အများကြီးတိုးတက်လာပါတယ်။

 

♦ သူတို့အစောဆုံးသင်ယူနိုင်တဲ့ စွမ်းရည်က ဂီတနဲ့သီချင်းသံဖြစ်ပါတယ်။ ဂီတနဲ့စောစောထိတွေ့တဲ့ အကအခုန် တေးသံစဉ်လေးတွေနဲ့ ကြီးပြင်းလာရတဲ့ကလေးတွေဟာ စကားပိုကြွယ်လာကြပါတယ်။ ဘေဘီလေးတွေက သီချင်းဆိုပြတဲ့ မိခင်ကို ခင်တွယ် ချစ်ခင်လာလေ့ရှိပါတယ်။

 

♦ မိခင်ရဲ့ တက်ကြွပျော်ရွှင်နေတဲ့ မျက်နှာကိုမြင်ရတာလောက် ကလေးအတွက် အကျိုးရှိတာမရှိတော့ပါဘူး။ ဘေဘီလေးဟာသင့်ရဲ့မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်တတ်ပြီးမိခင်ရဲ့ပြုံးပြပျော်ရွှင်နေတဲ့ပုံစံကိုပြလေလေ သူတို့လေးတွေမြန်မြန်ပြုံးတတ်လာလေဖြစ်ပါတယ်။ ချစ်စရာ သားသားမီးမီးလေးတွေရဲ့ လေ့လာသင်ယူနိုင်စွမ်းကိုတော့ လျှော့တွက်လို့တော့မဖြစ်ပါဘူး။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Ceelin 2

(Unicode)


 


 


 


 


 


 


 

