ချောင်းစို နဲ့ ချောင်းခြောက်
>> ချောင်းစို
ချောင်းစိုဆိုတာကတော့ ချောင်းဆိုးရင် ချွဲသလိပ်တွေပါ ထွက်တာပါ။ အိပ်ရာကထတဲ့အချိန်တွေ၊ စကားပြောနေတဲ့အချိန်တွေမှာ ပိုဆိုးပါတယ်။ အအေးမိပြီးနောက်မှာ နောက်ဆုံးအနေနဲ့ ချောင်းဆိုး ချွဲထွက်ပြီးတော့ ကျန်ခဲ့နိုင်ပါတယ်။ ချောင်းဆိုးစေတဲ့ အကြောင်းအရင်းအပေါ် မူတည်ပြီးတော့ အသက်ရှူမြန်ခြင်း၊ ကိုယ်ပူခြင်း၊ အအေးမိတုပ်ကွေးလက္ခဏာများ၊ အသက်ရှူလျှင်အသံမြည်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
>> အဖြစ်များသော ချောင်းဆိုးချွဲပါစေတဲ့ အကြောင်းအရင်းများ
● ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်း
● လေပြွန်ရောင်ခြင်း
● အဆုတ်ရောင်ခြင်း
● နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ဆို့သောရောဂါ
Solmux Kids 1

>> ချောင်းခြောက်
ချောင်းခြောက်ဆိုတာကတော့ ချွဲသလိပ်မထွက်တဲ့ချောင်းပါ။ ချောင်းဆိုးတာကလွဲပြီးတော့ အသက်ရှူတာကလည်း ပုံမှန်ပဲ၊ နေလို့လည်းကောင်းပါတယ်။ အများအားဖြင့်တော့ တုပ်ကွေးဖြစ်ပြီးနောက်မှာ ချောင်းခြောက်ဆိုးပြီး ကျန်ရစ်နိုင်ပါတယ်။ ပြီးတော့ ခြောက်သွေ့တဲ့လေထု၊ ညစ်ညမ်းတဲ့လေတွေနဲ့ အပူချိန် အပြောင်းအလဲကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ပန်းနာရင်ကြပ်၊ ရင်ပူတာ၊ အစာအိမ်ထဲက အက်ဆစ်တွေ ပြန်ကန်တက်တာတွေ၊ နှလုံးပျက်စီးတာတွေကြောင့် (သို့) ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ချောင်းခြောက်ဆိုးနိုင်ပါတယ်။
Solmux Kids 2

>> ကုထုံးများ
● တတ်နိုင်သမျှ ခြောက်သွေ့တဲ့ပတ်ဝန်းကျင်ကို ရှောင်ပါ။ ရေများများသောက်ပါ။
● ရေနဲ့ တစ်မိနစ်လောက် ပလုတ်ကျင်းပေးပါ။ တစ်နေ့သုံးကြိမ်လောက် လုပ်ပေးပါက လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
● ချောင်းဆိုးပျောက်ဆေးတွေ သောက်လို့ရပါတယ်။
● အိပ်လိုက်တဲ့အချိန်မှာ ချောင်းဆိုးပြီးတော့ နှာတွေစေးလာရင် နှာခေါင်းမှာ ဖြစ်တဲ့အကြောင်းအရင်းကြောင့် ချောင်းဆိုးတာ ဖြစ်နိုင်ပါတယ်။
● ချောင်းခြောက်ဆိုးတာအတွက်ဆေးနဲ့ ချောင်းစိုအတွက်ဆေး မတူတဲ့အတွက် သေချာဝယ်ဖို့လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























