/
news/ကလေးများနှင့်ကျန်းမာရေး/ချောင်းဆိုးနေသူများ-အထူးသတိပြုရမယ့်-အန္တရာယ်လက္ခဏာ-၅-ချက်

ချောင်းဆိုးနေသူများ အထူးသတိပြုရမယ့် အန္တရာယ်လက္ခဏာ (၅) ချက်

Category
ကလေးများနှင့်ကျန်းမာရေး

    ချောင်းဆိုး ချွဲထတာဟာဆိုရင် အအေးမိတဲ့အခါ ဖြစ်တတ်သလို ဓာတ်မတည့်တဲ့အခါ၊ အဆုတ်နဲ့လေပြွန်ကို ရောဂါပိုးဝင်တဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။ လေပြွန်ထဲကို တစ်ခုခု လှုံ့ဆော်မှုရှိတဲ့အခါ ကိုယ်တွင်းတုန့်ပြန်မှုအနေနဲ့ ချောင်းဆိုးလာရတာဖြစ်ပါတယ်။ ချောင်းဆိုးနေသူများ အထူးသတိပြုသင့်တဲ့ အရေးကြီးအခြေအနေတွေကတော့ ပောာဒီမှာပါ။
●    ချောင်းဆိုးသွေးပါတဲ့အခါ ရောဂါပိုးဝင်တာကြောင့်ဖြစ်တဲ့ အဆုတ်ရောင်နမိုးနီးယားရောဂါ၊ နှလုံးရောဂါ အဆုတ်သွေးခဲပိတ်ရောဂါတွေ ဖြစ်နေနိုင်ပါတယ်။ သွေးစနည်းနည်းပဲပါပါ များများပါပါ အရေးကြီးပါတယ်နော်။
●    ချောင်းဆိုးတာနဲ့အတူ ညတိုင်း ချွေးတစိုစို ပြန်တတ်တာက အဆုတ်တီဘီရောဂါရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အစားအသောက်ပျက်တာ ပိန်လာတာ ချောင်းဆိုးရက်ရှည်လာတာတွေပါ ဖြစ်နေတတ်ပါတယ်။ အချိန်မီကုသမှုမယူတဲ့ တီဘီရောဂါရဲ့နောက်ဆက်တွဲတွေကြောင့် အသက်ကိုတောင် ရန်ရှာနိုင်ပါတယ်။
●    ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ သလိပ်အနေအထားပေါ်မူတည်ပြီး အောက်ခံရောဂါ အနုအရင့်ကို မှန်းဆနိုင်ပါသေးတယ်။
-    အမြုပ်ပါတဲ့ ပန်းရောင်ဖျော့ဖျော့ထွက်ရင် နှလုံးစွမ်းဆောင်ရည်ကျနေတဲ့ရောဂါ
-    သလိပ်ပျစ်ပျစ်ထွက်ရင် လေပြွန်ရောင်ရောဂါနဲ့ နာတာရှည်အဆုတ်ပွရောဂါ
-    အစိမ်းရောင် အဝါရောင်ပျစ်ပျစ်ထွက်ရင် ပြင်းထန်နမိုးနီးယားအဆုတ်ရောင်ရောဂါတွေ ဖြစ်နိုင်ပါတယ်။

Solmux Kids 1

●    တရွှီရွှီမြည်တဲ့ အမောရောဂါနဲ့တွဲတဲ့ ချောင်းဆိုးရောဂါပာာ ပန်းနာရင်ကြပ်ရောဂါနဲ့ ပြင်းထန်လေပြွန်ရောင်ရောဂါတွေ ဖြစ်နေနိုင်ပါတယ်။
●    ဖျားတာလည်း ရက်ရှည်လာတဲ့အပြင် ချောင်းဆိုးမသက်သာဘဲ ရင်ဘတ်အောင့်တာတွေ အမောပါတွဲလာမယ်ဆိုရင် ပြင်းထန်အဆုတ်ရောင်ရောဂါကနေ အဆုတ် ရေဝင်ရောဂါတွေပါ ဖြစ်နေတတ်ပါတယ်။
    တကယ်လို့ ချောင်းဆိုးတာနဲ့အတူ ဖော်ပြပါအခြေအနေတွေပါ ဖြစ်ပေါ်ခံစားနေရမယ် ဆိုရင်တော့ တတ်ကျွမ်းနားလည်သူ ဆရာဝန်နဲ့ ချက်ချင်းပြသကုသရမယ့် အရေးပေါ်အခြေအနေဖြစ်ကြောင်း ပညာပေး အသိမျှဝေလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Solmux Kids 2

(Zawgyi)

    ေခ်ာင္းဆိုး ခြၽဲထတာဟာဆိုရင္ အေအးမိတဲ့အခါ ျဖစ္တတ္သလို ဓာတ္မတည့္တဲ့အခါ၊ အဆုတ္နဲ႔ေလႁပြန္ကို ေရာဂါပိုးဝင္တဲ့အခါေတြမွာလည္း ျဖစ္တတ္ပါတယ္။ ေလႁပြန္ထဲကို တစ္ခုခု လႈံ႕ေဆာ္မႈရွိတဲ့အခါ ကိုယ္တြင္းတုန႔္ျပန္မႈအေနနဲ႔ ေခ်ာင္းဆိုးလာရတာျဖစ္ပါတယ္။ ေခ်ာင္းဆိုးေနသူမ်ား အထူးသတိျပဳသင့္တဲ့ အေရးႀကီးအေျခအေနေတြကေတာ့ ေပာာဒီမွာပါ။
●    ေခ်ာင္းဆိုးေသြးပါတဲ့အခါ ေရာဂါပိုးဝင္တာေၾကာင့္ျဖစ္တဲ့ အဆုတ္ေရာင္နမိုးနီးယားေရာဂါ၊ ႏွလုံးေရာဂါ အဆုတ္ေသြးခဲပိတ္ေရာဂါေတြ ျဖစ္ေနႏိုင္ပါတယ္။ ေသြးစနည္းနည္းပဲပါပါ မ်ားမ်ားပါပါ အေရးႀကီးပါတယ္ေနာ္။
●    ေခ်ာင္းဆိုးတာနဲ႔အတူ ညတိုင္း ေခြၽးတစိုစို ျပန္တတ္တာက အဆုတ္တီဘီေရာဂါရဲ႕ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ အစားအေသာက္ပ်က္တာ ပိန္လာတာ ေခ်ာင္းဆိုးရက္ရွည္လာတာေတြပါ ျဖစ္ေနတတ္ပါတယ္။ အခ်ိန္မီကုသမႈမယူတဲ့ တီဘီေရာဂါရဲ႕ေနာက္ဆက္တြဲေတြေၾကာင့္ အသက္ကိုေတာင္ ရန္ရွာႏိုင္ပါတယ္။
●    ေခ်ာင္းဆိုးတဲ့အခါ ထြက္လာတဲ့ သလိပ္အေနအထားေပၚမူတည္ၿပီး ေအာက္ခံေရာဂါ အႏုအရင့္ကို မွန္းဆႏိုင္ပါေသးတယ္။
-    အျမဳပ္ပါတဲ့ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ထြက္ရင္ ႏွလုံးစြမ္းေဆာင္ရည္က်ေနတဲ့ေရာဂါ
-    သလိပ္ပ်စ္ပ်စ္ထြက္ရင္ ေလႁပြန္ေရာင္ေရာဂါနဲ႔ နာတာရွည္အဆုတ္ပြေရာဂါ
-    အစိမ္းေရာင္ အဝါေရာင္ပ်စ္ပ်စ္ထြက္ရင္ ျပင္းထန္နမိုးနီးယားအဆုတ္ေရာင္ေရာဂါေတြ ျဖစ္ႏိုင္ပါတယ္။
●    တ႐ႊီ႐ႊီျမည္တဲ့ အေမာေရာဂါနဲ႔တြဲတဲ့ ေခ်ာင္းဆိုးေရာဂါပာာ ပန္းနာရင္ၾကပ္ေရာဂါနဲ႔ ျပင္းထန္ေလႁပြန္ေရာင္ေရာဂါေတြ ျဖစ္ေနႏိုင္ပါတယ္။
●    ဖ်ားတာလည္း ရက္ရွည္လာတဲ့အျပင္ ေခ်ာင္းဆိုးမသက္သာဘဲ ရင္ဘတ္ေအာင့္တာေတြ အေမာပါတြဲလာမယ္ဆိုရင္ ျပင္းထန္အဆုတ္ေရာင္ေရာဂါကေန အဆုတ္ ေရဝင္ေရာဂါေတြပါ ျဖစ္ေနတတ္ပါတယ္။
    တကယ္လို႔ ေခ်ာင္းဆိုးတာနဲ႔အတူ ေဖာ္ျပပါအေျခအေနေတြပါ ျဖစ္ေပၚခံစားေနရမယ္ ဆိုရင္ေတာ့ တတ္ကြၽမ္းနားလည္သူ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသကုသရမယ့္ အေရးေပၚအေျခအေနျဖစ္ေၾကာင္း ပညာေပး အသိမွ်ေဝလိုက္ပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)