/
news/ကလေးများနှင့်ကျန်းမာရေး/ခြေခွင်တယ်ဆိုတာ

ခြေခွင်တယ်ဆိုတာ

Category
ကလေးများနှင့်ကျန်းမာရေး

       ကလေးလေးက ခြေခွင်ခွင်လေးနဲ့လို့ အရပ်ထဲ မကြာမကြာ ကြားဖူးကြမှာပေါ့။ ကလေးသေးသေးလေးတွေမှာ ဒူးလေးတွေ၊ ခြေထောက်လေးတွေ ခွင်နေပြီး ပုံပန်းမကျ ဖြစ်နေတတ်ကြပါတယ်။ ခြေခွင်တယ်ဆိုရာမှာလည်း အတွင်းခွင်နဲ့ အပြင်ခွင်ဆိုပြီးတော့ ၂ မျိုး ၂ စား ရှိတာပေါ့။
●       ခြေထောက်ကို တင်းတင်းစေ့ရပ်လိုက်လို့ ခြေထောက်ကြီးက ကားထွက်နေပြီး ဒူးနှစ်ဖက် ကွာဝေးနေတယ်ဆိုရင် အပြင်ခွင်လို့ ခေါ်နိုင်ပါတယ်။ ကလေး စပြီးမတ်တပ်ရပ်၊ လမ်းလျှောက်တတ်ခါစအရွယ် အသက် ၁၂ လနဲ့ ၁၈ လလောက်မှာ စပြီးတွေ့ရတတ်ပါတယ်။ မတ်တပ်ရပ်ပေး၊ လမ်းလျှောက်ပေးရင်း တဖြည်းဖြည်းနဲ့ ခြေထောက်က ပြန်တည့်လာမှာပါ။
●       အတွင်းခွင်ဆိုတာကျတော့ ဒူးနှစ်လုံးကို တင်းတင်းစေ့ ရပ်လိုက်မယ်ဆိုရင် ခြေထောက်က အပြင်ကို ခွင်ထွက်ပြီးတော့ ခြေချင်းဝတ်နှစ်ဖက်က အဝေးကြီး ဝေးနေတတ်တာပေါ့။ ကလေး အသက် ၃ လနဲ့ ၆ လကြားလောက်မှာ စတင်တွေ့ရတတ်ပါတယ်။

>>    ဘာကြောင့် ဒီလိုခြေထောက်ခွင်နေတတ်ကြတာလဲ?
         ကလေးလေးတွေရဲ့ခြေထောက်ဟာ မမွေးခင် အမေ့ဝမ်းထဲမှာတုန်းက ကွေးကွေးလေးနေခဲ့ရပါတယ်။ ဒါကြောင့် မွေးပြီးအစောပိုင်းကာလမှာ ခြေထောက် အပြင်ခွင်တာပေါ့။ တစ်ခါတလေ ရှားရှားပါးပါး အာဟာရပြဿနာတွေ၊ ကြီးထွားမှုပြဿနာတွေ၊ တစ်ခြားရောဂါတွေကြောင့် ဆိုးဆိုးရွားရွား ခွင်နေတတ်တာမျိုးလည်း ရှိတတ်ပါတယ်။
         တစ်ခါတလေကျတော့ အစောပိုင်းမှာ အပြင်ခွင်နေတဲ့ ကလေးတစ်ယောက်ဟာ ကြီးလာတာနဲ့အမျှ အပြင်ခွင်နေတာ တဖြည်းဖြည်း သက်သာလာပြီး အတွင်းခွင်သွားတတ်တာမျိုး ရှိပါတယ်။ အတွင်းခွင်တာ အများစုက ဒီလိုဖြစ်လာတာပါ။ အသက် ၃ နှစ်နဲ့ ၅ နှစ်ကြားမှာ အဖြစ်များပါတယ်။

Ceelin Plus 1

>>    ခြေထောက်ခွင်တဲ့ကလေးတွေကို ဘယ်လိုကုသကြမလဲ?
        ကလေးအများစုကတော့ ဘာကုသမှုမှ မလိုအပ်ပါဘူး။ ခြေထောက်အပြင်ခွင်တာ အများစုကတော့ အသက် ၂ နှစ်လောက်မှာ ပျောက်သွားတတ်ပါတယ်။ ခြေထောက် အတွင်းခွင်တာမျိုးကျတော့ ကလေး တဖြည်းဖြည်း ကြီးလာပြီး အသက် ၅ နှစ်၊ ၆ နှစ်လောက်ရောက်ရင် သက်သာသွားလေ့ရှိပါတယ်။ အသက် ၇ နှစ်ကနေ ၁၀ နှစ်လောက် ရောက်တဲ့အခါမှာတော့ ခြေထောက်က ပုံမှန်လောက်ကို ဖြစ်သွားပါပြီ။ ဆယ်ကျော်သက် အစောပိုင်းကာလလောက်ရောက်ရင် ဒူးရော၊ ခြေချင်းဝတ်ရော ထိကပ်ပြီး ကောင်းကောင်း မတ်တပ်ရပ်နိုင်ပြီပေါ့။
         အရမ်းဆိုးတဲ့ အခြေအနေမျိုးမှာတော့ အရိုးအထူးကုဆရာဝန်နဲ့ ပြသဖို့လိုနိုင်ပါတယ်။ တစ်ခါတလေ ခြေထောက်ပြန်လည်တည့်မတ်သွားအောင် ခြေထောက်သိုင်းကြိုးတပ်တာမျိုး အထူးထုတ်လုပ်ထားတဲ့ ဖိနပ်စီးတာမျိုး ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

www.drmyanmar.com

Ceelin Plus 2

(Zawgyi)

       ကေလးေလးက ေျခခြင္ခြင္ေလးနဲ႔လို႔ အရပ္ထဲ မၾကာမၾကာ ၾကားဖူးၾကမွာေပါ့။ ကေလးေသးေသးေလးေတြမွာ ဒူးေလးေတြ၊ ေျခေထာက္ေလးေတြ ခြင္ေနၿပီး ပုံပန္းမက် ျဖစ္ေနတတ္ၾကပါတယ္။ ေျခခြင္တယ္ဆိုရာမွာလည္း အတြင္းခြင္နဲ႔ အျပင္ခြင္ဆိုၿပီးေတာ့ ၂ မ်ိဳး ၂ စား ရွိတာေပါ့။
●       ေျခေထာက္ကို တင္းတင္းေစ့ရပ္လိုက္လို႔ ေျခေထာက္ႀကီးက ကားထြက္ေနၿပီး ဒူးႏွစ္ဖက္ ကြာေဝးေနတယ္ဆိုရင္ အျပင္ခြင္လို႔ ေခၚနိုင္ပါတယ္။ ကေလး စၿပီးမတ္တပ္ရပ္၊ လမ္းေလၽွာက္တတ္ခါစအရြယ္ အသက္ ၁၂ လနဲ႔ ၁၈ လေလာက္မွာ စၿပီးေတြ႕ရတတ္ပါတယ္။ မတ္တပ္ရပ္ေပး၊ လမ္းေလၽွာက္ေပးရင္း တျဖည္းျဖည္းနဲ႔ ေျခေထာက္က ျပန္တည့္လာမွာပါ။
●       အတြင္းခြင္ဆိုတာက်ေတာ့ ဒူးႏွစ္လုံးကို တင္းတင္းေစ့ ရပ္လိုက္မယ္ဆိုရင္ ေျခေထာက္က အျပင္ကို ခြင္ထြက္ၿပီးေတာ့ ေျခခ်င္းဝတ္ႏွစ္ဖက္က အေဝးႀကီး ေဝးေနတတ္တာေပါ့။ ကေလး အသက္ ၃ လနဲ႔ ၆ လၾကားေလာက္မွာ စတင္ေတြ႕ရတတ္ပါတယ္။

>>    ဘာေၾကာင့္ ဒီလိုေျခေထာက္ခြင္ေနတတ္ၾကတာလဲ?
         ကေလးေလးေတြရဲ့ေျခေထာက္ဟာ မေမြးခင္ အေမ့ဝမ္းထဲမွာတုန္းက ေကြးေကြးေလးေနခဲ့ရပါတယ္။ ဒါေၾကာင့္ ေမြးၿပီးအေစာပိုင္းကာလမွာ ေျခေထာက္ အျပင္ခြင္တာေပါ့။ တစ္ခါတေလ ရွားရွားပါးပါး အာဟာရျပႆနာေတြ၊ ႀကီးထြားမႈျပႆနာေတြ၊ တစ္ျခားေရာဂါေတြေၾကာင့္ ဆိုးဆိုးရြားရြား ခြင္ေနတတ္တာမ်ိဳးလည္း ရွိတတ္ပါတယ္။
         တစ္ခါတေလက်ေတာ့ အေစာပိုင္းမွာ အျပင္ခြင္ေနတဲ့ ကေလးတစ္ေယာက္ဟာ ႀကီးလာတာနဲ႔အမၽွ အျပင္ခြင္ေနတာ တျဖည္းျဖည္း သက္သာလာၿပီး အတြင္းခြင္သြားတတ္တာမ်ိဳး ရွိပါတယ္။ အတြင္းခြင္တာ အမ်ားစုက ဒီလိုျဖစ္လာတာပါ။ အသက္ ၃ ႏွစ္နဲ႔ ၅ ႏွစ္ၾကားမွာ အျဖစ္မ်ားပါတယ္။

>>    ေျခေထာက္ခြင္တဲ့ကေလးေတြကို ဘယ္လိုကုသၾကမလဲ?
        ကေလးအမ်ားစုကေတာ့ ဘာကုသမႈမွ မလိုအပ္ပါဘူး။ ေျခေထာက္အျပင္ခြင္တာ အမ်ားစုကေတာ့ အသက္ ၂ ႏွစ္ေလာက္မွာ ေပ်ာက္သြားတတ္ပါတယ္။ ေျခေထာက္ အတြင္းခြင္တာမ်ိဳးက်ေတာ့ ကေလး တျဖည္းျဖည္း ႀကီးလာၿပီး အသက္ ၅ ႏွစ္၊ ၆ ႏွစ္ေလာက္ေရာက္ရင္ သက္သာသြားေလ့ရွိပါတယ္။ အသက္ ၇ ႏွစ္ကေန ၁၀ ႏွစ္ေလာက္ ေရာက္တဲ့အခါမွာေတာ့ ေျခေထာက္က ပုံမွန္ေလာက္ကို ျဖစ္သြားပါၿပီ။ ဆယ္ေက်ာ္သက္ အေစာပိုင္းကာလေလာက္ေရာက္ရင္ ဒူးေရာ၊ ေျခခ်င္းဝတ္ေရာ ထိကပ္ၿပီး ေကာင္းေကာင္း မတ္တပ္ရပ္နိုင္ၿပီေပါ့။
         အရမ္းဆိုးတဲ့ အေျခအေနမ်ိဳးမွာေတာ့ အရိုးအထူးကုဆရာဝန္နဲ႔ ျပသဖို႔လိုနိုင္ပါတယ္။ တစ္ခါတေလ ေျခေထာက္ျပန္လည္တည့္မတ္သြားေအာင္ ေျခေထာက္သိုင္းႀကိဳးတပ္တာမ်ိဳး အထူးထုတ္လုပ္ထားတဲ့ ဖိနပ္စီးတာမ်ိဳး ျပဳလုပ္ေပးဖို႔လိုအပ္ပါတယ္။

www.drmyanmar.com