ခြေထောက်ကို W ပုံထိုင်ခြင်းက ကလေးတွေအတွက်ကောင်းမကောင်း?
ကလေးဘဝကတည်းက လူကြီးမိဘတွေ ခြောက်လှန့်ကြိမ်းမောင်းတာကို ခံရသူတွေထဲမှာ ကျွန်မထိပ်ဆုံးကပါပဲ။
• မျက်လုံမစွေနဲ့။ အမြဲစွေသွားလိမ့်မယ်။
• မျက်နှာကြီးစူပုပ်မနေနဲ့။ အမြဲစူပုပ်ပုပ်ဖြစ်နေလိမ့်မယ်။
• ဆံပင်ကိုမကိုက်နဲ့။ ကောင်မလေးတစ်ယောက် ဆံပင်နင်ပြီးသေသွားသတဲ့။
စသည်ဖြင့် စကားတွေဟာ မိဘဘိုးဘွားစဉ်ဆက် ကလေးတွေကို ခြောက်လှန့်လာတဲ့စကားတွေပါ။
W ပုံထိုင်တယ်ဆိုတာ ကြမ်းပြင်မှာ ခြေထောက်ကို ကို်ယ်ရဲ့တစ်ဖက်တစ်ချက်မှာဒူးကွေးပြီးထိုင်တဲ့ပုံစံကို ပြောတာပါ။ ကြည့်လိုက်ရင် Wနဲ့တူလို့ Wပုံထိုင်နည်းလို့ ခေါာတယ်။ အထူးသဖြင့် အသက်၈လကလေးတွေ ထိုင်လေ့ရှိတယ်။ ဒီလိုထိုင်တာက ထိုင်တတ်ခါစ ကလေးတွေအတွက် ဟန်ချက်ထိန်းရလွယ်စေပြီး ပစ္စည်းတွေကို အလွယ်တကူလှမ်းယူလို့ ရစေတယ်။
ကလေးသေးသေးလေးတွေအတွက် ဒီလိုထိုင်တာ ပုံမှန်ပါပဲ။ ဒီလိုထိုင်တာက ကလေးရဲ့လှုပ်ရှားမှုဖွံ့ဖြိုးဖို့အတွက်တောင်မှ အထောက်အကူပြုပါသေးတယ်။ ပုံမှန်မှာ ကလေးတွေ ဆော့တဲ့အခါ ပုံဟန်အမျိးမျိုးပြောင်းတတ်ကြတယ်။ ဒီလိုWပုံထိုင်တဲ့ကလေးတစ်ယောက်ဟာ ခြေချိတ်တင်ပြင်ခွေထိုင်တာ၊ ဘေးစောင်းထိုင်တာ၊ ခြေဆန့်ထိုင်တာစသည်ဖြင့် ပုံစံမျိုးစုံကို ပြောင်းပြောင်းထိုင်တဲ့အခါ ကိုယ်လှည့်ရတယ်၊ လက်နှစ်ဖက်လုံးကို သုံးရတယ်၊ တင်ပါးဆုံရိုးလှုပ်ရှားမှုတွေ ကောင်းလာတယ်၊ ဒါကြောင့် လမ်းလျောက်တဲ့အခါလည်း ဟန်ချက်ထိနး်လာနိုင်တယ်။
Ceelin Plus 1

>> ဘယ်အချိန်မှာစိုးရိမ်သင့်လဲ?
ဒါပေမယ့် သတိထားဖို့က အချိန်တစ်ခုထက်ကျော်လာခဲ့ရင် ကိုယ်နေဟန်ထား၊ လှုပ်ရှားမှု၊ ကြွက်သားနဲ့ပတ်သတ်ပြီး ပြဿနာတွေဖြစ်လာနိုင်တယ်။ ဒီပုံစံအထိုင်များတဲ့အခါ လှမ်းတာ၊ ဟိုဘက်ဒီဘက်လှည့်တာ၊ တင်ပဆုံသန်မာမှုတွေအပေါ်မှာ ထိခိုက်လာနိုင်တယ်။ ဒါတင်မကဘူး။ ဒူးနဲ့တင်ပါးအဆစ်တွေကို ဖိအားများစေလာနိုင်သေးတယ်။ ဒါကြောင့် ကလေးလေးထိုင်ပုံမပြောင်းလာရင် ဆရာဝန်န့ဲတိုင်ပင်ပါ။
တစ်ချို့ကလေးတွေအတွက်တော့ Wပုံလုံးဝမထိုင်သင့်ဘူး။ ဦးနှောက်ဖွ့ံဖြိုးမှုနှေးကွေး၊ဆုတ်ယုတ်တဲ့ Cerebral palsyရောဂါမှာ ဒီလိုထိုင်တာက ရောဂါပိုဆိုးတာကိုပြပါတယ်။ အထူးသဖြင့် အရိုးအဆစ်မသန်စွမ်း တဲ့ကလေးတွေကို W ပုံလုံးဝမထိုင်ပါစေနဲ့။ ကြွက်သားတွေတင်းကြပ်သွားပြီး ပုံမမှန်လှုပ်ရှားမှုတွေ ဖြစ်လာစေတတ်တယ်။
ဒါပေမယ့် တစ်ခါတစ်လေ ဒီလိုထိုင်တာကိုက ကလေးအတွက် သက်သောင့်သက်သာရှိစေတတ်တယ်။ အထူးသဖြင့် Femoral anteversion လို့ခေါ်တဲ့ တင်ပါးရိုးအတွင်းကိုလိမ်ထွက်နေတဲ့ရောဂါရှိသူကလေးတွေအတွက် Wပုံထိုင်တာအကောင်းဆုံးဖြစ်တယ်။ ခြေထောက်အခြေအနေသက်သာသွားရင် သူ့အလိုလိုအခြားပုံစံတွေပြောင်းထိုင်လိမ့်မယ်။
Ceelin Plus 2

မမေ့ဖို့မှာချင်တာက စိတ်အရမ်းမပူပင်ပါနဲ့။
ကလေးကိုယ်ခန္ဓာဖွံ့ဖြိုးနေခိုက်မှာ သူတို့တတ်သလို ထိုင်ကြပါစေ။ အများစုမှာ ပြဿနာမဖြစ်တတ်ဘူး။ သတိထားဖို့တော့လိုတာပေါ့။ ဖြစ်လာတတ်တာတွေကို ကြိုသိထားပြီး စောစောကုသနိုင်ရင် အကောင်းဆုံးပါ။
ဒါေ့ကြာင့်ဆောင်းပါတစ်ခုလုံးကို အနှစ်ချုပ်ပြောရရင် Wပုံထိုင်တာပြဿနာမရှိတတ်ပါဘူး။ ဒါပေမယ့် ပုံမှန်ထက်လွန်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။
Dr. Mya Phoo Ngon (ww.drmyanmar.com)
(Unicode)
Dr. Mya Phoo Ngon (ww.drmyanmar.com)






























