/
news/ကလေးများနှင့်ကျန်းမာရေး/ငွေကုန်ကြေးကျမများဘဲ-သင့်ကလေးငယ်တွေကို-iq-မြင့်မားစေဖို့

ငွေကုန်ကြေးကျမများဘဲ သင့်ကလေးငယ်တွေကို IQ မြင့်မားစေဖို့ ဒီအချက်သုံးချက်ကို လိုက်နာပါ

Category
ကလေးများနှင့်ကျန်းမာရေး

(1)  ဒီအစားအသောက်တွေ ကျွေးပါ။
●  Vitamin B12 ကြွယ်ဝတဲ့ အသား၊ ငါး၊ အသည်း၊ ဒိန်ချဉ်၊ နို့
●  Vitamin C ကြွယ်ဝတဲ့ ပန်းဂေါ်ဖီ၊ ကီဝီ၊ စတော်ဘယ်ရီ
●  Omega 3 ကြွယ်ဝတဲ့ အဆီထူငါးများ၊ အသီးအရွက်၊ အစေ့အဆံတို့ကို နေ့စဉ်ပါဝင်အောင် ကျွေးပေးပါ။  

(2)  ကလေးနဲ့ နေ့စဉ်စကားပြောပေးပါ။ စာဖတ်ပြပေးပါ။
လူကြီးတွေနဲ့ နေ့စဉ် စကားများများပြောရတဲ့ ကလေးတွေဟာ ဉာဏ်ရည်မြင့်မားတာကို လေ့လာတွေ့ရှိရပါတယ်။
ဒါ့အပြင် ကလေးတွေ စိတ်ဝင်စားမယ့် ဉာဏ်စမ်းကစားနည်းတွေ ကစားပေးခြင်း၊ စာအုပ်ဖတ်ပြခြင်း စတာလေးတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
စာဖတ်ပြတဲ့အခါမှာလည်း အသံအနိမ့်အမြင့်ခွဲပြီး ဖတ်ပြခြင်း၊ စိတ်ခံစားမှုများကို ပေါ်လွင်အောင် ဖတ်ပြခြင်းတို့ကို ပြုလုပ်ပေးနိုင်ရင် ပိုအကျိုးရှိပါတယ်။ ပုံပြင်တစ်ပုဒ်ဆုံးတိုင်းမှာလည်း ကလေး ဘယ်လိုနားလည်သဘောပေါက်လဲဆိုတာကို မေးခွန်းလေးတွေ ပြန်မေးခြင်းပြုလုပ်သင့်ပါတယ်။

EC Kidz IA 1

(3)  ထက်မြက်သောကလေးတွေဖြစ်စေဖို့ ရည်မှန်းချက်ထားပါ။
သင့်အနေနဲ့ ရင်သွေးလေးကို ဘယ်လောက်ထက်မြက်ကြောင်း ချီးကျူးပြောပေးပါ။ တစ်ချိန်တည်းမှာပဲ အနာဂတ်မှာလည်း ဒီထက်ပိုထက်မြက်ပြီး တော်တဲ့ကလေးဖြစ်အောင် ကြိုးစားဖို့နဲ့ ဒီလိုဖြစ်လာမယ်ဆိုတာကိုလည်း ယုံကြည်ကြောင်း နေ့စဉ်ပြောပေးသင့်ပါတယ်။
လေ့လာချက်များအရ ဒီလိုပြောဆိုပေးခြင်းဖြင့် ကျောင်းတွင် ထူးချွန်တဲ့ကလေးတွေဖြစ်လာဖို့ အလားအလာ ပိုများစေတာကို တွေ့ရှိခဲ့ရပါတယ်။ မိဘတွေအနေနဲ့လည်း မိမိသားသမီးနဲ့ ပတ်သက်ပြီး ရည်မှန်းချက် ကြီးကြီးထားကြဖို့ လိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

EC Kidz IA 2

(Zawgyi)

(1)  ဒီအစားအေသာက္ေတြ ေကြၽးပါ။
●  Vitamin B12 ႂကြယ္ဝတဲ့ အသား၊ ငါး၊ အသည္း၊ ဒိန္ခ်ဥ္၊ ႏို႔
●  Vitamin C ႂကြယ္ဝတဲ့ ပန္းေဂၚဖီ၊ ကီဝီ၊ စေတာ္ဘယ္ရီ
●  Omega 3 ႂကြယ္ဝတဲ့ အဆီထူငါးမ်ား၊ အသီးအရြက္၊ အေစ့အဆံတို႔ကို ေန႔စဥ္ပါဝင္ေအာင္ ေကြၽးေပးပါ။  

(2)  ကေလးနဲ႔ ေန႔စဥ္စကားေျပာေပးပါ။ စာဖတ္ျပေပးပါ။
လူႀကီးေတြနဲ႔ ေန႔စဥ္ စကားမ်ားမ်ားေျပာရတဲ့ ကေလးေတြဟာ ဉာဏ္ရည္ျမင့္မားတာကို ေလ့လာေတြ႕ရွိရပါတယ္။
ဒါ့အျပင္ ကေလးေတြ စိတ္ဝင္စားမယ့္ ဉာဏ္စမ္းကစားနည္းေတြ ကစားေပးျခင္း၊ စာအုပ္ဖတ္ျပျခင္း စတာေလးေတြကို ပုံမွန္ျပဳလုပ္ေပးသင့္ပါတယ္။
စာဖတ္ျပတဲ့အခါမွာလည္း အသံအနိမ့္အျမင့္ခြဲၿပီး ဖတ္ျပျခင္း၊ စိတ္ခံစားမႈမ်ားကို ေပၚလြင္ေအာင္ ဖတ္ျပျခင္းတို႔ကို ျပဳလုပ္ေပးႏိုင္ရင္ ပိုအက်ိဳးရွိပါတယ္။ ပုံျပင္တစ္ပုဒ္ဆုံးတိုင္းမွာလည္း ကေလး ဘယ္လိုနားလည္သေဘာေပါက္လဲဆိုတာကို ေမးခြန္းေလးေတြ ျပန္ေမးျခင္းျပဳလုပ္သင့္ပါတယ္။

(3)  ထက္ျမက္ေသာကေလးေတြျဖစ္ေစဖို႔ ရည္မွန္းခ်က္ထားပါ။
သင့္အေနနဲ႔ ရင္ေသြးေလးကို ဘယ္ေလာက္ထက္ျမက္ေၾကာင္း ခ်ီးက်ဴးေျပာေပးပါ။ တစ္ခ်ိန္တည္းမွာပဲ အနာဂတ္မွာလည္း ဒီထက္ပိုထက္ျမက္ၿပီး ေတာ္တဲ့ကေလးျဖစ္ေအာင္ ႀကိဳးစားဖို႔နဲ႔ ဒီလိုျဖစ္လာမယ္ဆိုတာကိုလည္း ယုံၾကည္ေၾကာင္း ေန႔စဥ္ေျပာေပးသင့္ပါတယ္။
ေလ့လာခ်က္မ်ားအရ ဒီလိုေျပာဆိုေပးျခင္းျဖင့္ ေက်ာင္းတြင္ ထူးခြၽန္တဲ့ကေလးေတြျဖစ္လာဖို႔ အလားအလာ ပိုမ်ားေစတာကို ေတြ႕ရွိခဲ့ရပါတယ္။ မိဘေတြအေနနဲ႔လည္း မိမိသားသမီးနဲ႔ ပတ္သက္ၿပီး ရည္မွန္းခ်က္ ႀကီးႀကီးထားၾကဖို႔ လိုပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)