စကားမပြောတဲ့ကလေး
စကား အပြောနောက်ကျတာဟာ ကလေးအများစုမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး နောက်ပိုင်းအချိန်တန်ရင် သူ့အလိုလို အကူအညီမလိုဘဲ ရွှန်းရွှန်းဝေအောင် ပြောနိုင်သွားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေ ဘာကြောင့် စကားမပြောသေးတာလဲ၊ ဒီလိုဖြစ်လာရင် ဘာလုပ်သင့်တယ်ဆိုတာ သိထားသင့်ပါတယ်။
ကလေး စကားပြောချိန်တန်နေပါလျက်နဲ့ မပြောသေးဘူးလို့ ထင်ပါသလား? မိဘတိုင်းက သားသားမီးမီးလေးတွေရဲ့ တီတီတာတာ ပထမဆုံး စကားသံလေးကို ကြားချင်ကြမှာပါပဲ။ ဒါကြောင့် ကလေးတွေရဲ့ စကားပြောဖွံ့ဖြိုးပုံနဲ့ ဘယ်အချိန်မှာ စိုးရိမ်သင့်တယ်ဆိုတာ မိဘတိုင်း သိထားရမှာပါ။
စကားပြောနောက်ကျတဲ့ ကလေးအများစုဟာ အခြားကလေးတွေထက် စကားလုံးတွေကို ပိုပြီးလိုက်မှီနိုင်တယ်လို့ သိရပါတယ်။
>> ဘယ်လိုအခြေအနေမျိုးကို ပုံမှန်လို့ခေါ်မလဲ?
ကလေးတွေဟာ အသက် ၁ နှစ်လောက်မှာ စကား ၁ လုံးစ ၂ လုံးစ စပြောတတ်ပြီး အသက် ၁၈ လကနေ ၂ နှစ်လောက်မှာ စာကြောင်း တစ်ပိုင်းတစ်စလောက် ပြောတတ်ပါတယ်။ ဒါပေမဲ့ အသက် ၂ နှစ်လောက်ထိ စကားမပြောသေးရင် ပြဿနာတစ်ခုခုရှိနေပြီလို့ မဆိုလိုပါဘူး။ စကားပြော နောက်ကျတတ်တဲ့ အကြောင်းရင်းအများကြီး ရှိပါတယ်။
စကားပြောပညာရှင်တွေဟာ ကလေးရဲ့ နားလည်နိုင်စွမ်းကို လေ့လာပြီး စကားလုံးတွေ၊ စကားလုံးရဲ့အသံတွေကို ခွဲခြားပြီး သင်ပေးတတ်ပါတယ်။ လုပ်ပြတဲ့ လက်ဟန်ခြေဟန် အမူအယာတွေကို လိုက်လုပ်နိုင်တယ် ဆိုတာဟာ ကလေးဟာ နားလည်နိုင်စွမ်းရှိပြီး ဆက်သွယ်နိုင်တယ်လို့ သိနိုင်ပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့။ ကလေးကို အချိန်တစ်ခုပေးပြီး စကား လိုက်ပြောခိုင်းပါ။
Nutroplex 1
>> စကားပြောနောက်ကျရတဲ့ အကြောင်းရင်းများ
♦ ယောက်ျားလေးများ : ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက်စာရင် စကားပြော နောက်ကျတတ်ကြပါတယ်။
♦ လမစေ့တဲ့ကလေး : လမစေ့ဘဲ မွေးတဲ့ကလေးတွေဟာ စကားပြောတာ၊ လမ်းလျှောက်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ နောက်ကျတတ်ကြပါတယ်။
♦ အမြွာ : အမြွာတွေဟာလည်း စကားပြော နောက်ကျတတ်ကြတယ်လို့ သိရပါတယ်။
♦ စကားများတဲ့အကြီးတွေ : အကြီးကလေးတွေ အလွန်စကားများရင်လည်း အငယ်ကလေးဟာ သူ ပြောစရာ မလိုတော့သလို စကားပြော နောက်ကျတတ်ပါတယ်။
♦ နားပိုးဝင်ခြင်း : ကလေး အလွန်ငယ်ရွယ်စဉ်မှာ နားပိုးဝင်တဲ့အခါ ကလေးရဲ့အကြားအာရုံကို ထိခိုက်ခြင်းက စကားပြော နှောင့်နှေးစေနိုင်ပါတယ်။
♦ အခြားဖွံ့ဖြိုးမှုတွေမှာ အားသန်ခြင်း : တစ်ခါတလေ အခြားဖွံ့ဖြိုးမှုတွေ ပုံမှန်ဖြစ်ပေမယ့် စကားပြောတာ နှောင့်နှေးနေတတ်ပါတယ်။ ဒါဟာ အခြားအရာတွေအပေါ် ပိုပြီးအားစိက်ထုတ်နေရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
>> ကလေး စကားမပြောသေးရင် ဘာလုပ်သင့်သလဲ?
1. ကလေးနဲ့အတူ ဆော့ကစားပေးရင်း ကလေး စကားပြောအောင် လှုံ့ဆော်ပေးပါ။
2. ကလေးမှာ နားပိုးဝင်နေတာ ရှိ၊ မရှိ ဆရာဝန်နဲ့ သွားရောက်စစ်ဆေးပါ။
3. ကလေးသီချင်းခွေလေးတွေဖွင့်ပြပြီး လိုက်ဆိုကြည့်ဖို့ တိုက်တွန်းပါ။
4. အရုပ်ဖုန်းတွေကလည်း ကလေးစကားပြောအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။
5. ကလေးကို စကားပြောဖို့ သင်ပေးတဲ့အခါ မေးခွန်းမမေးပါနဲ့။ စကား လိုက်ပြောခိုင်းပါ။
6. TV အကြာကြီး မကြည့်ခိုင်းပါနဲ့။
ကလေးအများစုဟာ စကားပြော နောက်ကျတတ်ပေမယ့် အခြားကလေးတွေကို အချိန်မီလိုက်နိုင်ကြပါတယ်။ ဒါပေမဲ့ စိုးရိမ်နေတယ်ဆိုရင်တော့ စိတ်အေးသွားအောင် ကလေးဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံး ဖြစ်ပါတယ်။
Nutroplex 2
(Zawgyi)
စကား အေျပာေနာက္က်တာဟာ ကေလးအမ်ားစုမွာ ၾကဳံေတြ႕ရေလ့ရွိတဲ့ ျပႆနာတစ္ခုျဖစ္ၿပီး ေနာက္ပိုင္းအခ်ိန္တန္ရင္ သူ႔အလိုလို အကူအညီမလိုဘဲ ရႊန္းရႊန္းေဝေအာင္ ေျပာနိုင္သြားၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကေလးေတြ ဘာေၾကာင့္ စကားမေျပာေသးတာလဲ၊ ဒီလိုျဖစ္လာရင္ ဘာလုပ္သင့္တယ္ဆိုတာ သိထားသင့္ပါတယ္။
ကေလး စကားေျပာခ်ိန္တန္ေနပါလ်က္နဲ႔ မေျပာေသးဘူးလို႔ ထင္ပါသလား? မိဘတိုင္းက သားသားမီးမီးေလးေတြရဲ့ တီတီတာတာ ပထမဆုံး စကားသံေလးကို ၾကားခ်င္ၾကမွာပါပဲ။ ဒါေၾကာင့္ ကေလးေတြရဲ့ စကားေျပာဖြံ့ၿဖိဳးပုံနဲ႔ ဘယ္အခ်ိန္မွာ စိုးရိမ္သင့္တယ္ဆိုတာ မိဘတိုင္း သိထားရမွာပါ။
စကားေျပာေနာက္က်တဲ့ ကေလးအမ်ားစုဟာ အျခားကေလးေတြထက္ စကားလုံးေတြကို ပိုၿပီးလိုက္မွီနိုင္တယ္လို႔ သိရပါတယ္။
>> ဘယ္လိုအေျခအေနမ်ိဳးကို ပုံမွန္လို႔ေခၚမလဲ?
ကေလးေတြဟာ အသက္ ၁ ႏွစ္ေလာက္မွာ စကား ၁ လုံးစ ၂ လုံးစ စေျပာတတ္ၿပီး အသက္ ၁၈ လကေန ၂ ႏွစ္ေလာက္မွာ စာေၾကာင္း တစ္ပိုင္းတစ္စေလာက္ ေျပာတတ္ပါတယ္။ ဒါေပမဲ့ အသက္ ၂ ႏွစ္ေလာက္ထိ စကားမေျပာေသးရင္ ျပႆနာတစ္ခုခုရွိေနၿပီလို႔ မဆိုလိုပါဘူး။ စကားေျပာ ေနာက္က်တတ္တဲ့ အေၾကာင္းရင္းအမ်ားႀကီး ရွိပါတယ္။
စကားေျပာပညာရွင္ေတြဟာ ကေလးရဲ့ နားလည္နိုင္စြမ္းကို ေလ့လာၿပီး စကားလုံးေတြ၊ စကားလုံးရဲ့အသံေတြကို ခြဲျခားၿပီး သင္ေပးတတ္ပါတယ္။ လုပ္ျပတဲ့ လက္ဟန္ေျခဟန္ အမူအယာေတြကို လိုက္လုပ္နိုင္တယ္ ဆိုတာဟာ ကေလးဟာ နားလည္နိုင္စြမ္းရွိၿပီး ဆက္သြယ္နိုင္တယ္လို႔ သိနိုင္ပါတယ္။ ဒါေၾကာင့္ စိတ္မပူပါနဲ႔။ ကေလးကို အခ်ိန္တစ္ခုေပးၿပီး စကား လိုက္ေျပာခိုင္းပါ။
>> စကားေျပာေနာက္က်ရတဲ့ အေၾကာင္းရင္းမ်ား
♦ ေယာက္်ားေလးမ်ား : ေယာက္်ားေလးေတြဟာ မိန္းကေလးေတြထက္စာရင္ စကားေျပာ ေနာက္က်တတ္ၾကပါတယ္။
♦ လမေစ့တဲ့ကေလး : လမေစ့ဘဲ ေမြးတဲ့ကေလးေတြဟာ စကားေျပာတာ၊ လမ္းေလၽွာက္တာ၊ ပုံမွန္လႈပ္ရွားမႈေတြမွာ ေနာက္က်တတ္ၾကပါတယ္။
♦ အႁမြာ : အႁမြာေတြဟာလည္း စကားေျပာ ေနာက္က်တတ္ၾကတယ္လို႔ သိရပါတယ္။
♦ စကားမ်ားတဲ့အႀကီးေတြ : အႀကီးကေလးေတြ အလြန္စကားမ်ားရင္လည္း အငယ္ကေလးဟာ သူ ေျပာစရာ မလိုေတာ့သလို စကားေျပာ ေနာက္က်တတ္ပါတယ္။
♦ နားပိုးဝင္ျခင္း : ကေလး အလြန္ငယ္ရြယ္စဥ္မွာ နားပိုးဝင္တဲ့အခါ ကေလးရဲ့အၾကားအာ႐ုံကို ထိခိုက္ျခင္းက စကားေျပာ ေႏွာင့္ေႏွးေစနိုင္ပါတယ္။
♦ အျခားဖြံ့ၿဖိဳးမႈေတြမွာ အားသန္ျခင္း : တစ္ခါတေလ အျခားဖြံ့ၿဖိဳးမႈေတြ ပုံမွန္ျဖစ္ေပမယ့္ စကားေျပာတာ ေႏွာင့္ေႏွးေနတတ္ပါတယ္။ ဒါဟာ အျခားအရာေတြအေပၚ ပိုၿပီးအားစိက္ထုတ္ေနရတာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။
>> ကေလး စကားမေျပာေသးရင္ ဘာလုပ္သင့္သလဲ?
1. ကေလးနဲ႔အတူ ေဆာ့ကစားေပးရင္း ကေလး စကားေျပာေအာင္ လႈံ႔ေဆာ္ေပးပါ။
2. ကေလးမွာ နားပိုးဝင္ေနတာ ရွိ၊ မရွိ ဆရာဝန္နဲ႔ သြားေရာက္စစ္ေဆးပါ။
3. ကေလးသီခ်င္းေခြေလးေတြဖြင့္ျပၿပီး လိုက္ဆိုၾကည့္ဖို႔ တိုက္တြန္းပါ။
4. အ႐ုပ္ဖုန္းေတြကလည္း ကေလးစကားေျပာေအာင္ လႈံ႔ေဆာ္ေပးနိုင္ပါတယ္။
5. ကေလးကို စကားေျပာဖို႔ သင္ေပးတဲ့အခါ ေမးခြန္းမေမးပါနဲ႔။ စကား လိုက္ေျပာခိုင္းပါ။
6. TV အၾကာႀကီး မၾကည့္ခိုင္းပါနဲ႔။
ကေလးအမ်ားစုဟာ စကားေျပာ ေနာက္က်တတ္ေပမယ့္ အျခားကေလးေတြကို အခ်ိန္မီလိုက္နိုင္ၾကပါတယ္။ ဒါေပမဲ့ စိုးရိမ္ေနတယ္ဆိုရင္ေတာ့ စိတ္ေအးသြားေအာင္ ကေလးဆရာဝန္နဲ႔ တိုင္ပင္တာက အေကာင္းဆုံး ျဖစ္ပါတယ္။




























