/
news/ကလေးများနှင့်ကျန်းမာရေး/စားအုန်းဆီမပါဝင်တဲ့-ဖော်မြူလာကို-ဘာကြောင့်-ရွေးချယ်သင့်တာလဲ

စားအုန်းဆီမပါဝင်တဲ့ ဖော်မြူလာကို ဘာကြောင့် ရွေးချယ်သင့်တာလဲ

Category
ကလေးများနှင့်ကျန်းမာရေး

မေမေတို့အနေနဲ့ ကလေးတွေအတွက် ဖော်မြူလာ ရွေးချယ်တော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို သေချာကြည့်ဖို့ လိုအပ်ပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ဖော်မြူလာတွေမှာပါဝင်တဲ့ အမျိုးမျိုးသော အဆီ ပေါင်းစပ်ပါဝင်မှုတွေက ကလေးတွေရဲ့ အာဟာရစုပ်ယူမှုကို လွှမ်းမိုးနိုင်တာကြောင့်ပါ။ သုတေသနပြုချက်တွေအရ စားအုန်းဆီမပါဝင်တဲ့ ဖော်မြူလာနို့တွေက ကလေးအတွက်လိုအပ်တဲ့ အဓိကအာဟာရတွေဖြစ်တဲ့ DHA ၊ AA နဲ့ ကယ်လ်စီယမ်စုပ်ယူမှုတွေကို ပိုမိုအားကောင်းစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါကြောင့် ဖော်မြူလာတွေမှာ စားအုန်းဆီမပါဝင်တာက ကလေးရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရနဲ့ fatty acid စုပ်ယူမှုတွေကို ပိုမိုကောင်းမွန်စေမှာ အမှန်ပါပဲ။

>>  စားအုန်းဆီကြောင့်ဖြစ်လာနိုင်တဲ့ ဝမ်းဗိုက်ပြဿနာများ
စားအုန်းဆီကြောင့် ဖြစ်လာနိုင်တဲ့ ဝမ်းဗိုက်ပြဿနာတွေထဲမှာမှ ဓာတ်မတည့်မှုပြဿနာ (Intolerance) တွေက တွေ့ရအများဆုံး ဖြစ်ပါတယ်။ စားအုန်းဆီဟာ ဝမ်းသိပ်သည်းဆကို ပုံမမှန်ဖြစ်စေတာကြောင့် ကလေးတွေရဲ့ ဝမ်းဗိုက်လေးတွေကို မသက်မသာဖြစ်စေပြီး များစွာသော အစာအိမ်အူလမ်းကြောင်းပြဿနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

Similac NPO IA 1

>>  စားအုန်းဆီမပါဝင်တဲ့ ဖော်မြူလာတွေရဲ့ အားသာချက်များ
ဖော်မြူလာတွေမှာ စားအုန်းဆီသာ မပါဝင်ခဲ့ရင် အစာအိမ်နဲ့အူလမ်းကြောင်းကနေ ဒီဖော်မြူလာမှာပါဝင်တဲ့ DHA ၊ AA နဲ့ ကယ်လ်စီယမ်စုပ်ယူမှုကို ပိုမိုအားကောင်းစေပြီးတော့ ဝမ်းကနေတစ်ဆင့် DHA ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးတွေမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းပြဿနာတွေဖြစ်တဲ့ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းတို့ကိုလည်း လျှော့ချပေးပြီး ဝမ်းပျော့စေတာကြောင့် ပိုပြီးဝမ်းမှန်စေပါတယ်။ ဖော်မြူလာတွေမှာ စားအုန်းဆီမပါဝင်ခြင်းက အစာအိမ်အူလမ်းကြောင်းကျန်းမာရေးအပြင် ဦးနှောက်နဲ့အရိုးဖွံ့ဖြိုးမှုကိုလည်း အားပေးတာကြောင့် မိမိတို့ရဲ့ကလေးတွေဟာ  ကျန်းမာတဲ့ကလေးတွေအဖြစ် အနှောင့်အယှက်ကင်းကင်းနဲ့ ကြီးထွားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ကလေးတွေ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ စားအုန်းဆီ ပါဝင်နေလားဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။

Similac NPO IA 2

>>  ဖော်မြူလာထဲမှာ စားအုန်းဆီ ပါ၊ မပါ ဘယ်လိုစစ်ဆေးမလဲ?
ဖော်မြူလာရဲ့ အာဟာရဆိုင်ရာ အညွှန်းပြဇယားမှာ “Palm Olein” လို့ ရေးထားတာက စားအုန်းဆီ ပါဝင်တာကို ပြနေတဲ့ သင်္ကေတတစ်ခုဖြစ်လို့ ဒီလိုစာသားပါတာတွေကို မရွေးချယ်မိဖို့က အရေးကြီးပါတယ်။ ဒီလို “Palm Olein” ဆိုတဲ့ စာသားအပြင် စာအုန်းဆီကို “ဆီအုန်း”၊ “Elaeis guineensis” ၊ “Palm Stearin” လို့လည်း အာဟာရဆိုင်ရာအညွှန်းပြဇယားမှာ ဖော်ပြထားတတ်ပါတယ်။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေ ခံစားနေရတဲ့ ဝမ်းဗိုက်ပြဿနာလေးတွေကို စားအုန်းဆီ မပါဝင်တဲ့ ဖော်မြူလာတွေက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကလေးတွေကို ပိုမိုပျော်ရွှင်တဲ့ ဝမ်းဗိုက်လေး ပိုင်ဆိုင်နိုင်စေဖို့အတွက် မေမေတို့က အာဟာရဆိုင်ရာ အညွှန်းပြဇယားကို သေချာစစ်ဆေးပြီး စားအုန်းဆီ မပါဝင်တဲ့ ဖော်မြူလာတွေကိုပဲ ရွေးချယ်ပေးလိုက်ကြရအောင်နော်။

www.drmyanmar.com