/
news/ကလေးများနှင့်ကျန်းမာရေး/စိတ်ပူလွန်ပြီး-ချုပ်ချယ်ခြင်းရဲ့-မလိုလားအပ်တဲ့ဆိုးကျိုးတွေ

စိတ်ပူလွန်ပြီး ချုပ်ချယ်ခြင်းရဲ့ မလိုလားအပ်တဲ့ဆိုးကျိုးတွေ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေဟာ ကြီးပြင်းလာတာနဲ့အမျှ မိဘကို မှီခိုနေတာကလည်း လျော့လာပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ အစိုးရိမ် ပူပန်လွန်ပြီး ကလေးတွေကို ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ဘဝဖြစ်စဉ်တိုင်းမှာ အတူတူရှိပေးတာနဲ့ အကာကွယ် လွန်နေတာကို ကွဲကွဲပြားပြား သိထားသင့်ပါတယ်။ အရမ်းထိန်းချုပ်ထားရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

>>  ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာ
ကလေးတွေအနေနဲ့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ကိုယ့်ဘာသာ မရင်ဆိုင်နိုင်ဘူးလို့ ထင်သွားတတ်ပါတယ်။ ဒီအခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။ ကိုယ့်မိဘကတောင် ကိုယ့်ကို အမှားလေးတစ်ခု လုပ်ခွင့်မပေး၊ ပြဿနာတွေကို ကိုယ့်ဘာကို ဖြေရှင်းဖို့ ယုံကြည်မှု၊ လွတ်လပ်ခွင့်လေးပါ မပေးနိုင်ရင် ဘဝတစ်လျှောက်လုံးမှာ မိဘတွေရဲ့ လမ်းညွှန်မှုမပါဘဲ အောင်မြင်မှု မရနိုင်တော့ဘူးဆိုပြီး ခံစားသွားရနိုင်ပါတယ်။

EC Kidz IA 1

>>  ကြီးလာမှ ကလေးက ဆိုးသွားတာ
မိဘတွေက ကလေးကို အန္တရာယ်ဖြစ်မှာ စိုးရိမ်ပြီး ထိန်းချုပ်တတ်ကြပါတယ်။ ငယ်စဉ်အချိန်မှာတော့ ပြောသမျှ နားထောင်တဲ့အတွက် ကလေးဟာ လိမ္မာတယ်ဆိုပြီး ကျေနပ်နေကြပေမယ့် ကြီးပြင်းလာတဲ့အခါမှာတော့ ထိန်းချုပ်လို့မရတော့ဘဲ ကလန်ကဆန် ပြန်လုပ်လာပြီး ပိုဆိုးသွားတတ်ပါတယ်။

>>  အန္တရာယ်ရှိတာတွေ ပိုလုပ်တာ
မိဘက အရမ်းထိန်းချုပ်ထားတဲ့ ကလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာရင်၊ ဒါမှမဟုတ် မိဘနဲ့ ဝေးရာရောက်သွားရင် အန္တရာယ်ရှိတဲ့အပြုအမူတွေ အထူးသဖြင့် ဆေးသုံးတာ၊ အရက်သောက်တာ စတာတွေကို သာမန်ကလေးတွေထက် ပိုပြီးလုပ်လေ့ရှိပါတယ်။ နောက်ပြီး ငယ်ငယ်ထဲက မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာ နေခဲ့ရတာမို့ ကိုယ့်အပြုအမူကို တာဝန်ယူရမယ်ဆိုတာကိုလည်း သိပ်မသိကြပါဘူး။ ဒါ့အပြင် မိဘတွေကို သွေးတိုးစမ်းတဲ့ပုံစံမျိုးတွေလည်း လုပ်တတ်ကြပါတယ်။ သင်ဟာ ဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ် ဆယ်ကျော်သက်အရွယ် သားသမီးတွေကို ဒီကိစ္စတွေကို ကြိုတင်ဆွေးနွေးထားရပါမယ်။

EC Kidz IA 2

>>  ကိုယ့်တန်ဖိုး၊ လုပ်ဆောင်နိုင်စွမ်းကို မသိတာ
ကိုယ့်ပြဿနာကို ရင်ဆိုင်ပြီး ဖြေရှင်းမှသာ လုပ်ဆောင်ရည်လည်း တက်လာမယ်။ ကိုယ့်တန်ဖိုးလည်း ကိုယ်သိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းတင်းကြပ်တဲ့ မိဘလက်အောက်မှာ ကြီးပြင်းလာတဲ့ ကလေးတွေအနေနဲ့ မိဘက ဝင်ပြီးပါနေတာကြောင့် ဒီအခွင့်အရေးကို မရခဲ့ပါဘူး။

Dr. Htar (www.drmyanmar.com)