ဆိတ်နို့နဲ့ ကလေးများကျန်းမာရေး
ဆိတ်နို့ဟာ ကလေးတွေအတွက် ဘယ်လိုကောင်းကျိုးတွေဖြစ်စေသလဲဆိုတာကို လေ့လာကြည့်ရအောင်။
>> လွယ်ကူစွာချေဖျက်နိုင်တဲ့ ပရိုတင်းနှင့်အဆီများ ပါဝင်ခြင်း
ဆိတ်နို့မှာပါတဲ့ ပရိုတင်းအသားဓာတ်နှင့်အဆီက နွားနို့ထက်စာရင် ပိုနူးညံ့ပါတယ်။ ဒါကြောင့်လည်း အစာချေဖျက်ရပိုလွယ်ပြီး ဗိုက်အောင့်ဗိုက်နာမဖြစ်တော့ဘဲ ကလေးလေးရဲ့ဝမ်းဗိုက်ကလေး ပိုသက်သောင့်သက်သာရှိစေလို့ ကလေးလေးတွေကို ပျော်ရွင်စေပါတယ်။ အိပ်နေရင်း ဗိုက်အောင့်လို့ ခဏခဏလန့်နိုးရတာတွေလည်း မဖြစ်တော့ဘဲ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်လို့ မေမေတွေလည်း အိပ်ရေးမပျက်တော့ဘူးပေါ့။
နောက်ဆိတ်နို့က ဝမ်းပျော့စေတဲ့အစွမ်းရှိတာကြောင့် ဝမ်းချုပ်ပြီး မအီမသာဖြစ်တာတွေ မရှိတော့ဘူးနော်။
လေ့လာမှုတွေအရ ဝမ်းမာမာသွားတတ်တဲ့ ကလေးလေးတွေ ဝမ်းချုပ်တဲ့ကလေးတွေကို ဆိတ်နို့ပြောင်းတိုက်ကြည့်တဲ့အခါ ဝမ်းပျော့ပျော့သွားပြီး ဝမ်းမှန်စေနိုင်သတဲ့နော်။ အစာချေမြန်တဲ့အပြင် အဓိကအာဟာရဓာတ်တွေကို ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်လို့ ကလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။
DG 3 Photo 1
>> ဗီတာမင်နဲ့သတ္တုဓာတ်တွေပြည့်ဝခြင်း
ဆိတ်နို့မှာ နွားနို့ထက် ကယ်လ်စီယမ်၊ ဗီတာမင် B6 ၊ ဗီတာမင် A ၊ ပိုတက်စီယမ် စတဲ့ဗီတာမင်တွေပိုပါပြီး နွားနို့မှာတော့ ဗီတာမင် B12 နဲ့ Folic Acid တို့ပိုပါပါတယ်နော်။ ဒါပေမယ့်လည်း အထူးထုတ်လုပ်ထားတဲ့ ဆိတ်နို့မှုန့်တွေမှာ ဗီတာမင် B12 နဲ့ Folic Acidတွေ ထပ်ဖြည့်ပေးထားတတ်တာမို့ ကလေးတွေအတွက် လိုအပ်တဲ့ဗီတာမင်ဓာတ်တွေ အပြည့်ရမှာပါ။
ဒါတင်မကသေးဘူးနော်။ ဆိတ်နို့မှာ ကယ်လ်ဆီယမ်၊ ဖော့စဖာရပ်၊ အိုင်ရင်း၊ ကော့ပါး၊ ဇင့်၊ မက္ကနီဆီယမ်၊ ဆီလီနီယမ် စတဲ့သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။
ဖော်မြူလာဆိတ်နို့မှုန့်တွေမှာဆိုရင်တော့ ကလေးလေးတွေရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကိုထောက်ပံ့ပေးတဲ့ DHA, ARA, Omega 3,6,9, Vitamin B12, Choline နှင့် Taurine စတာတွေလည်း ကြွယ်ကြွယ်ဝဝ ပါဝင်ပါသေးတယ်။
>> အာဟာရနဲ့ကြီးထွားဖွံ့ဖြိုးမှု
ဆိတ်နို့မှာပါတဲ့ အရေးကြီးတဲ့အာဟာရဓာတ်တွေဟာ ပိုမိုစုပ်ယူရလွယ်တာမို့ ကလေးတွေရဲ့ ဦးနှောက်နဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုတွေ၊ ကိုယ်ခံစွမ်းအားစနစ်တွေကို ပိုမိုကောင်းမွန်စေနိုင်တာပေါ့။
သုတေသနစမ်းသပ်ချက်တွေအရ ကလေးငယ်လေးတွေရဲ့ဦးနှောက်နဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ သဘာဝအာဟာရဓာတ်ပါ၀င်မှုတွေဟာလည်း နွားနို့ထက်စာရင် ဆိတ်နို့ကပိုသာတာကို တွေ့ရပါတယ်။
ဆိတ်နို့မှာပါတဲ့ ပရိုတိန်းအသားဓာတ်နှင့် အဆီဓာတ်တွေဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်တစ်သျှူးဆဲလ်တွေ တည်ဆောက်၊ ပြုပြင်တာတွေအတွက်သာမကဘဲ အသက်အရွယ်အလိုက်သင့်တင့်တဲ့ကိုယ်အလေးချိန် ရရှိစေအောင် ကိုယ်ခံစွမ်းအားကောင်းအောင် ကူညီပေးပါသေးတယ်။
>> ဓာတ်မတည့်မှုနည်းပါးခြင်း
ဆိတ်နို့မှာ Beta Lactoglobulin နှင့် Alpha S1 Casein ကဲ့သို့သော ဓာတ်မတည့်ခြင်းဖြစ်စေနိုင်တဲ့ ဝှေးပရိုတိန်း ပါဝင်မှု နည်းပါးတာကြောင့် ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ ဝမ်းလျှောတာ၊ ဝမ်းမာတာ၊ အဖုအပိမ့်အနီကွက်တွေထတာ၊ အော့အန်တာနဲ့ ရောင်ရမ်းတာတွေ (၃)ဆလောက်ပိုအဖြစ်နည်းပါးစေပါတယ်။
ဒီလို အာဟာရဓာတ်တွေနဲ့ ပြည့်စုံပြီး ကောင်းကျိုးများတဲ့ ဆိတ်နို့ကို အိမ်မှာ ကိုယ်တိုင်ကျိုချက်ပြီး ကလေးတွေကို တိုက်ကျေွးမယ်ဆိုရင်တော့ သန့်စင်စေဖို့အတွက် အထူးသတိပြုပြီး ကျိုချက်ဖို့လိုအပ်ပါတယ်။ အခုဆိုရင် အထူးထုတ်လုပ်ဖော်စပ်ထားတဲ့ ဆိတ်နို့မှုန့်တွေကို မြန်မာနိုင်ငံမှာ အလွယ်တကူ ၀ယ်ယူနိုင်နေပါပြီ။ ဒီတော့ ကိုယ်တိုင်ကိုယ်ကျ ဆိတ်နို့စစ်စစ်ရအောင် ရှာ၀ယ်ရတာမျိုး၊ သန့်သန့်ရှင်းရှင်း မကျိုချက်နိုင်မှာမျိုးတွေ စိတ်ပူစရာမလိုတော့ဘဲ ကိုယ့်ကလေးတွေရဲ့ အာဟာရကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပါပြီ။
DG 3 Photo 2
(Unicode)






























