ဆောင်းဥတုမှာ ကလေးတို့ မဖျားနာစေဖို့
ဆောင်းဥတု အေးမြမြဟာ လူတိုင်းကြိုက်နှစ်သက်ကြတဲ့ ရာသီတစ်ခုပါပဲ။ ဒါပေမယ့် အရမ်းအေးလာတဲ့အခါမျိုးမှာတော့ ရာသီဥတုကြောင့် စိတ်ညစ်ရပြန်ပါတယ်။ အထူးသဖြင့် မေမေတို့တတွေဆိုရင် ကိုယ့်ကလေးအတွက် စိတ်ပူရပြန်ပါတယ်။ ကလေးရဲ့ ခုခံအားစနစ်လေးဟာ ဖွံ့ဖြိုးဆဲဖြစ်တာမို့ ရာသီဥတုအေးအေးက အအေးမိတာ၊ ရောဂါပိုးဝင်တာတွေဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ဆောင်းဥတုမှာ မွေးကင်းစကလေးငယ်လေးတွေ မဖျားနာအောင် ကာကွယ်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။
>> ကလေးလေးတွေဟာ ဘာလို့နုနယ်ရသလဲ?
ကလေလေးတွေဟာ သူတို့ကိုယ်သူတို့ ကောင်းကောင်းစောင့်ရှောက်နိုင်တဲ့ အချိန်အထိကို ဘေးကနေ အရိပ်တကြည့်ကြည့် စောင့်ရှောက်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါ အထူးဂရုပြု စောင့်ရှောက်ဖို့ လိုလာပါပြီ။ အေးလာတဲ့အခါ စွမ်းအင် အတော်များများကို ခန္ဓာကိုယ် နွေးထွေးအောင် အသုံးပြုနေရတာမို့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ထိခိုက်လာပါတယ်။ ဆောင်းရာသီမှာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေ ပိုပြီးအသက်ရှင်ကူးစက်တတ်ပါတယ်။ ခုခံအားကျဆင်းတာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကလေးတွေဟာ ဒီပိုးမွှားတွေရဲ့ မှီတွယ်ရာဖြစ်လာတော့တာပါပဲ။
>> ဆောင်းဥတုမှာ ဗိုင်းရပ်စ်အန္တရာယ်
ဆောင်းရာသီဟာ အအေးမိ တုပ်ကွေးရာသီပါပဲ။ ဗိုင်းရပ်စ်ပိုးတွေ အင်မတန် ပြန့်လွယ်တဲ့အချိန်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် -
● အအေးမိ၊ လေပြွန်ရောင်
● အသံကြိုးရောင်
● ချောင်းဆိုး၊ အသက်ရှူကြပ်စေတဲ့ အသက်ရှူလမ်းကြောင်းရောဂါ ပိုးမွှားတွေ အများကြီး ဝင်ရောက်နိုင်ပါတယ်။
>> ကလေးတွေမှာ ဆောင်းဥတုပိုးမွှားတွေ စွဲကပ်လာတဲ့အခါ -
● ချောင်း တအားဆိုးတာ
● အသက်ရှူကြပ်လာတာ
● အိပ်နေတုန်း၊ ချောင်းဆိုးနေတုန်း တရွှီရွှီမြည်တာ
● အဆုတ်ရောင်ပြီး ရင်ဘတ်နာတာ
● နှာစေး၊ ဖျား၊ ချောင်းဆိုး၊ ခေါင်းကိုက်တာ
● နုံးနေတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။
>> ဒီတော့ ကေလေးလေးကို ဆောင်းဥတုမှာ ကျန်းမာစေဖို့ -
၁။ ရေငွေ့ပေးစက်သုံးပါ။
၂။ အစိုထိန်းခရင်မ်လိမ်းပါ။
၃။ အများကြီးလည်း မလိမ်းပါနဲ့။
၄။ ကလေးကို ကောင်းကောင်းနှိပ်နယ်ပေးပါ။
၅။ စောင်အထူကြီးတွေ မခြုံပါနဲ့။
၆။ ကလေးကို သက်သောင့်သက်သာရှိမယ့် အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။
၇။ ကလေးရဲ့အခန်းအပူချိန်ကို စစ်ဆေးပါ။
၈။ ကာကွယ်ဆေးထိုးပါ။
၉။ ကလေးကို အမေ့နို့တိုက်ပါ။
၁ဝ။ မိခင်ကလည်း တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ။
ကလေးနဲ့ ထိတွေ့သူတွေထဲ မေမေတို့က ထိပ်ဆုံးပေါ့။ ဒါကြောင့် မေမေတို့က ကျန်းကျန်းမာမာ သန့်သန့်ရှင်းရှင်းနေထိုင်ဖို့ အရေးကြီးပါတယ်။ ကလေးကို ကိုင်တော့မယ်ဆိုရင် လက်ဆေးပြီး လက်သန့်ဆေးရည်နဲ့ ဆေးပေးဖို့လိုပါတယ်။ ရောဂါပိုးမွှားတွေဆိုတာ ကလေးဆီကို ဘယ်နည်းနဲ့ကူးရမလဲ ချောင်းနေတာမျိုးမို့ သတိထားဖို့ လိုပါတယ်။ တကယ်လို့ ဧည့်သည်တွေလာကြည့်၊ လာချီတယ်ဆိုရင်လည်း ကလေးကိုမကိုင်တွယ်ခင်မှာ လက်ဆေးဖို့၊ လက်သန့်ဆေးရည် အသုံးပြုဖို့ တောင်းဆိုပေးပါ။
၁၁။ အပြင်ထွက်လို့ရပါတယ်။
၁၂။ ကလေးရဲ့စားသောက်တဲ့အခါ စွပ်ပြုတ်ပါ ထည့်တိုက်ပေးပါ။
အစာပျော့ပျော့စားတဲ့အရွယ် ရောက်ပြီဆိုရင် ဆောင်းရာသီဟာ ကလေးကို စွပ်ပြုတ်စမ်းတိုက်ကြည့်သင့်တဲ့ အကောင်းဆုံးအချိန်ပါပဲ။ ဆောင်းရာသီမှာ စွပ်ပြုတ်နွေးနွေးလေး သောက်လိုက်ရရင် ကလေးလေးဟာ နွေးထွေးသွားမှာပါ။ ကလေးအတွက် စွပ်ပြုတ်လုပ်တဲ့အခါ ကြက်သားပြုတ်ထောင်း၊ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ပြုတ် ထည့်ချက်ပေးပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပေးတာကလည်း ကလေးကို ဆောင်းရာသီရဲ့ ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်ပေးနိုင်မှာပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)





























