ဆေးလိပ်ငွေ့ရှုရှိုက်မိရင် သားသားမီးမီး အပြုအမူပိုင်းဆိုင်ရာ မူမမှန်ဖြစ်တတ်သတဲ့
ဆေးလိပ်ရဲ့ဆိုးကျိုးအထွေထွေကတော့ အများသိကြတဲ့အတိုင်း ရှုပ်ထွေးများပြားပါတယ်။ ဆေးလိပ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို သတိပေးနေတာတောင် ဆက်လက်သောက်ကြမယ့် မိဘတွေအတွက် အောက်ပါဗဟုသုတလေးမျှေ၀ပါရစေ။
တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်ရတဲ့ ကိုယ်ဝန်ဆောင်တွေက မွေးဖွားလာမယ့်ကလေးတွေ၊ ဆေးလိပ်သောက်တဲ့ မိသားစုဝင်တွေနဲ့ အတူနေထိုင်ကြီးပြင်းရတဲ့ ဘေဘီလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာမှာ သူများနည်းတူ ဖွံ့ဖြိုးကျန်းမာတာမျိုးမရှိဘဲ ထုံထိုင်းနှေးကွေးတဲ့ကလေးတွေအဖြစ် ကြီးပြင်းလာကြပါတယ်တဲ့။
ဆေးလိပ်ငွေ့ဟာ သောက်သုံးသူတင်မက တဆင့်ခံဆေးလိပ်ငွေ့ ရှုရှိုက်သူအတွက်ပါ ဒုက္ခကောင်းကောင်းပေးနိုင်နေတာဖြစ်ပါတယ်။
Ceelin 1
နုနယ်ငယ်ရွယ်တဲ့အရွယ် လသားလေးတွေ မိခင်ဝမ်းတွင်းမှာ မိခင်က ဆေးလိပ်ငွေ့ရှုရတဲ့အခါ မွေးဖွားလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာ ပြသနာရှိတဲ့ကလေးတွေအဖြစ် ကြီးပြင်းလာကြတယ်လို့ ပြင်သစ်သုတေသီတွေက ဆိုထားပါတယ်။
မိမိရဲ့ ကလေးကို ဦးနှောက်ပိုင်းဆိုင်ရာ မှာ ပုံမှန်ဖွံဖြိုးကြီးထွားစေချင်ရင်ဆေးလိပ်ငွေ့ကို ရှောင်နိုင်သလောက်ရှောင်ရမှာဖြစ်ပါတယ်။
ဆေးလိပ်ငွေ့ထဲက ဓာတုပစ္စည်း တွေဟာ မမွေးဖွားလာသေးတဲ့ သနေ္ဓသားလေးကိုရော သေးကွေးနုနယ်တဲ့ ချစ်စရာ့အရွယ်လေးတွေကိုပ ဦးနှောက်အာရုံကြောအတွင်းကြီးစွာသော အပြောင်းအလဲတွေ ဖြစ်စေပါတယ်။
ဒီလိုအခြေအနေတွေ အပြောင်းအလဲတွေဟာ ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာမှာ ထိခိုက်သွားစေပြီး ထုံထိုင်းနှေးကွေးတဲ့ ကလေးတွေ အပြုအမူ အပြောအဆို စိတ်ခံစားမှုအပိုင်းတွေမှာ မူမမှန်တဲ့ သာမန်ကလေးတွေလို သွက်လက်တက်ကြွမနေတော့ဘဲ ရေရှည်ဖွံ့ဖြိုး ကြီးပြင်းလာမှုကို အနှောင့်အယှက် ဖြစ်လာမှာဖြစ်ပါတယ်။
ဒီတော့ ဖေဖေ ဦးလေး ကိုကို တွေ ဆေးလိပ်မသောက်မှ အိမ်က သမီးသားသားတွေယဉ်ကျေး လိမ္မာတဲ့ကလေးတွေ အဖြစ်ကြီးပြင်းလာမှာမို့ ရင်သွေးလေးနဲ့ နီးနီးကပ်ကပ်မှာဆေးလိပ်မသောက်မိစေနဲ့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Ceelin 2
(Unicode)






























