ဉာဏ်ကောင်းခြင်းရဲ့ အကြောင်းရင်းများ
(Zawgyi)
ဉာဏ္ရည္ဉာဏ္ေသြးကို ေလ့လာတဲ့ေလ့လာမႈေတြဟာ ဘာေၾကာင့္ဉာဏ္ေကာင္းရတယ္ဆိုတဲ့ အေၾကာင္းရင္းကို ေျဖရွင္းဖို႔ ႀကိဳးစားခဲ့ဖူးၾကပါတယ္။ ေခတ္အဆက္ဆက္ ေလ့လာခဲ့ၾကရာမွာ အထူးသျဖင့္ စိတ္ပညာအထူးျပဳေလ့လာသူေတြက ဉာဏ္ရည္ဉာဏ္ေသြးဟာ မ်ဳိး႐ိုးဗီဇနဲ႔ ဆက္ဆိုင္ေနတာ၊ ဒါမွမဟုတ္ ကေလးရဲ႕ႀကီးျပင္းရာပတ္ဝန္းက်င္၊ မိဘအုပ္ထိန္းမႈ၊ ဘဝအေတြ႕အႀကဳံစတာေတြနဲ႔ ဆက္ဆိုင္ေနတာ ျဖစ္ႏိုင္တယ္လို႔ ယူဆၾကပါတယ္။ ေျပာရမယ္ဆိုရင္ ႏွစ္မ်ဳိးလုံးျဖစ္ႏိုင္တာပါပဲ။ လတ္တေလာမွာေတာ့ ေလ့လာသူေတြက ဒီမ်ဳိး႐ိုးဗီဇနဲ႔ ပတ္ဝန္းက်င္ လႊမ္းမိုးမႈႏွစ္မ်ိဳးလုံးက ဉာဏ္ရည္ဉာဏ္ေသြးအေပၚ လႊမ္းမိုးမႈရွိတယ္လို႔ ဆိုပါတယ္။
>> မ်ဳိး႐ိုးဗီဇရဲ႕ လႊမ္းမိုးမႈ
ဉာဏ္ရည္ဉာဏ္ေသြးအေပၚ မ်ိဳး႐ိုးဗီဇရဲ႕လႊမ္းမိုးမႈရွိမရွိဆိုတာကို ေလ့လာဖို႔ မ်ိဳး႐ိုးဗီဇခန႔္မွန္းမႈ heritability estimates ဆိုတာကို သုံးခဲ့ၾကပါတယ္။ မ်ဳိး႐ိုးဗီဇခန႔္မွန္းမႈဆိုတာ IQ စစ္ေဆးမႈလိုမ်ဳိး သခ်ၤာသေဘာတရားနဲ႔ လူတစ္ေယာက္နဲ႔တစ္ေယာက္အေပၚ မ်ိဳး႐ိုးဗီဇရဲ႕ အက်ဳိးသက္ေရာက္မႈကို တြက္ခ်က္ခဲ့ၾကပါတယ္။ မ်ဳိး႐ိုးဗဇလႊမ္းမိုးမႈကို 0.0 (လုံးဝလႊမ္းမိုးမႈမရွိ) ဆိုတာကေန 1.0 (လုံးလုံးႀကီးကို လႊမ္းမိုးမႈရွိတယ္) ဆိုၿပီး ကိုယ္စားျပဳေလ့လာခဲ့ပါတယ္။ မ်ဳိး႐ိုးဗီဇလႊမ္းမိုးမႈပ်မ္းမွ် 0.40ရွိတယ္ဆိုတာဟာ 40% ေသာ ဉာဏ္ရည္ဉာဏ္ေသြး အမ်ိဳးအစားဟာ မ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္တယ္လို႔ ဆိုႏိုင္တာေပါ့။ မ်ားေသာအားျဖင့္မ်ိဳး႐ိုးဗီဇလႊမ္းမိုးမႈကို မ်ိဳး႐ိုးဗီဇခြၽတ္စြပ္တူေပမယ့္ ႀကီးျပင္းရာပတ္ဝန္းက်င္မတူတဲ့ ခြၽတ္စြပ္အႁမြာေတြမွာ ေလ့လာတတ္ၾကပါတယ္။
ဒီလိုအႁမြာေလ့လာမႈေတြအရ ဉာဏ္ရည္ဉာဏ္ေသြးအေပၚ မ်ိဳး႐ိုးဗီဇရဲ႕လႊမ္းမိုးမႈဟာ 0.50 ရွိတယ္လို႔ ဆို ပါတယ္။ ဒီပမာဏအရကေလးတစ္ေယာက္ရဲ႕ ဉာဏ္ရည္ဉာဏ္ေသြး တစ္ဝက္ေလာက္ဟာ ကေလးရဲ႕ မ်ိဳး႐ိုးဗီဇေပၚမူတည္ေနတယ္ဆိုတာ သိႏိုင္ပါတယ္။ ေနာက္တစ္ဝက္ကေတာ့ ကေလးရဲ႕ လူေနမႈ အဆင့္အတန္း၊ ျပဳစုေစာင့္ေရွာက္သူေတြရဲ႕ ပညာေရးအေပၚထားတဲ့ စိတ္သေဘာထား၊ ပညာေရး အခြင့္အလမ္းနဲ႔ တစ္ျခားလူေနမႈအေၾကာင္းအရာေတြ အမ်ားႀကီးအေပၚမွာ မူတည္ေနပါတယ္။
>> ဉာဏ္ရည္ဉာဏ္ေသြးေပၚ ယဥ္ေက်းမႈရဲ႕လႊမ္းမိုးမႈ
ဉာဏ္ရည္ဉာဏ္ေသြးဟာ တခ်ဳိ႕ယဥ္ေက်းမႈပုံစံေတြျဖစ္တဲ့ တခ်ဳိ႕ဘာသာစကားေတြ၊ ဗဟုသုတ ေတြကို အသက္အေစာပိုင္းမွာ ထိေတြ႕မႈရခဲ့ရင္ေျပာင္းလဲမႈေတြျဖစ္လာႏိုင္ပါတယ္။ ဥပမာအားျဖင့္ ဆင္းရဲႏြမ္းပါးတဲ့အာဖရိကန္၊ အေမရိကန္ကေလးေတြဟာ ျဖစ္စဥ္ကိုျပန္ေျပာင္း ေျပာဆိုၿပီး ေန႔စဥ္ ဘဝကို ျပန္ေျပာတတ္တဲ့ပုံစံမ်ိဳး (ဥပမာ - ဒီမနက္က မစၥတာစမစ္ ဘာလုပ္လိုက္လဲသိလား။) နဲ႔ ႀကီးျပင္း လာတတ္ၾကပါတယ္။ ဒီလိုစကားေျပာဆိုမႈမ်ိဳးမွာ ေမးခြန္းေတြ အမ်ားႀကီးေပၚလာႏိုင္ေပမယ့္ သူတို႔ ကေလးေတြဟာ အခ်ိန္ၾကာလာတဲ့အခါ အခ်က္အလက္ တိတိက်က်ေျပာဆိုတာမ်ဳိးထက္ စကားစျမည္ ေျပာဆိုတာေလာက္သာ တတ္ပါေတာ့တယ္။ ဒီလိုေမးခြန္းမ်ိဳးေတြဟာ လူမႈဆက္ဆံေရးအတြက္ အေရးပါေပမယ့္ ေမးခြန္းေမးသူရဲ႕ေမးခြန္းကို တိတိက်က်ေျဖဆိုရမယ့္ ဉာဏ္ရည္ဉာဏ္ေသြး စစ္ေဆးမႈအတြက္က်ေတာ့ သိပ္အဆင္မေျပျပန္ပါဘူး။ သူတို႔ရဲ႕ေန႔စဥ္ဘဝကို ေျပာဆိုေနက်မို႔လို႔ ေမးခြန္းတိတိက်က် ေမးတဲ့အခါ ဒီကေလးေတြဟာ ဉာဏ္ရည္ဉာဏ္ေသြးစစ္ေဆးမႈမွာ အမွတ္နည္း ေနေလ့ရွိၾကပါတယ္။ သူတို႔ရဲ႕ေန႔စဥ္ဘဝနဲ႔ ေမးခြန္းပုံစံက မကိုက္ညီလို႔ပါ။
ဝင္ေငြအသင့္အတင့္ရွိ လူျဖဴနဲ႔ အာရွတိုင္းသား မိသားစုေတြမွာက်ေတာ့ ကေလးကို အေျဖတစ္မ်ိဳးတည္း ေျဖရမယ့္ ဗဟုသုတေမးခြန္းေတြ ေမးေလ့ရွိပါတယ္။ (ဥပမာ - ဒါဘာစာလုံးလဲ။ ဒါဘာပုံေလးလဲ။ စသျဖင့္) ဒီေမးခြန္းမ်ိဳးေတြဟာ IQ စစ္ေဆးမႈေတြမွာ သုံးေလ့ရွိတဲ့ ေမးခြန္းမ်ိဳးနဲ႔တူတာမို႔ သူတို႔အတြက္ ေျဖရတာ သက္ေသာင့္သက္သာရွိၿပီး အေျဖလည္း ပိုမွန္ေလ့ရွိပါတယ္။
Nutroplex 1
>> လူေနမႈအဆင့္အတန္းရဲ႕လႊမ္းမိုးမႈ
မိသားစုရဲ႕ လူေနမႈအဆင့္အတန္းပုံစံကလည္း ကေလးေတြရဲ႕ အသိဉာဏ္ဖြံ႕ၿဖိဳးမႈမွာ အေရးပါပါတယ္။ လူေနမႈအဆင့္အတန္းနိမ့္ပါးတဲ့ မိသားစုေတြမွာ ဉာဏ္ရည္ဉာဏ္ေသြး နိမ့္ပါးေလ့ရွိၾကပါသတဲ့။
လူေနမႈအဆင့္အတန္းတစ္ခုဟာ မိသားစုရဲ႕ စီးပြားေရးနဲ႔ လူမႈအသိုင္းအဝိုင္းထဲ ဂုဏ္ရည္အဆင့္အတန္းကို ဆိုလိုပါတယ္။ လူေနမႈအဆင့္အတန္း ျမင့္မားေလေလ၊ မိသားစုဝင္ေငြ မ်ားေလေလနဲ႔ လိုအပ္တဲ့ စြမ္းအားအရင္းအျမစ္ေတြကို ရႏိုင္ေလေလပါပဲ။ ဒါေၾကာင့္ လူေနမႈအဆင့္အတန္း ျမင့္ေလေလ ကေလးအတြက္ အစားအေသာက္၊ အဝတ္အစား၊ ေနရာထိုင္ခင္း၊ က်န္းမာေရးနဲ႔ပညာေရးေတြကို အေကာင္းဆုံး ေထာက္ပံ့ေပးႏိုင္ပါတယ္။
က်န္းမာ၊ ေအးခ်မ္း၊ လုံၿခဳံစိတ္ခ်ၿပီး၊ ဗိုက္ဝေနတဲ့ ကေလးေလးတစ္ေယာက္၊ မိဘေတြကလည္း ပညာေရးကို တန္ဖိုးထားတဲ့ ကေလးေလးတစ္ေယာက္ဟာ သူတို႔ရဲ႕အခ်ိန္ေတြ၊ စြမ္းအင္ေတြကို စိတ္အာ႐ုံနဲ႔ လုပ္ရတဲ့အလုပ္ေတြမွာ ေကာင္းေကာင္းအာ႐ုံစိုက္ႏိုင္တာေပါ့။ ဒီလိုမဟုတ္ဘဲ သူတို႔လုံၿခဳံေရးအတြက္ကို အၿမဲတေစ ပူပန္ေနရတယ္၊ ဗိုက္ဆာေနတယ္၊ ဖ်ားနာေနတယ္၊ အရမ္းကို ပင္ပန္းႏြမ္းနယ္ေနတယ္၊ မိဘေတြက အရမ္းအလုပ္မ်ားလို႔ ကေလးပညာေရးကို ေသခ်ာဂ႐ုမစိုက္ႏိုင္ဘူးဆိုရင္ ကေလးေတြဟာ သူတို႔ရဲ႕ အသိစိတ္ဖြံ႕ၿဖိဳးမႈအတြက္ ေကာင္းေကာင္းအာ႐ုံစိုက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ တစ္ေန႔တစ္ေန႔ စားေသာက္ဖို႔ အသည္းအသန္႐ုံးကန္မေနရတဲ့ အေဖ အေမေတြဟာ ကေလးနဲ႔ အတူ စာဖတ္တာ၊ ကစားနည္းေလးေတြ ေဆာ့ကစားတာ၊ အိမ္စာေတြ ကူလုပ္ေပးတာစတာေတြ လုပ္ေပးႏိုင္တာေပါ့။ ဒီလိုအခ်ိန္ပိုေပးၿပီး အာ႐ုံစူးစိုက္ေပးျခင္းျဖင့္ ကေလးရဲ႕အသိဉာဏ္ကို ေကာင္းေကာင္းဖြံ႕ၿဖိဳးေစၿပီး ကေလးေတြကို ပညာေရးရဲ႕ အေရးႀကီးပုံေတြကို သိရွိေစႏိုင္ပါတယ္။
>> ပညာေရးရဲ႕လႊမ္းမိုးမႈ
ေလ့လာသူေတြက ကေလးေက်ာင္းမွာ အခ်ိန္ဘယ္ေလာက္ထိေနတယ္ေပၚ မူတည္ၿပီး IQ အဆင့္ ကြာျခားတယ္လို႔ ဆိုပါေသးတယ္။ ေက်ာင္းမွာေနတဲ့ အခ်ိန္မ်ားေလေလ၊ ကေလးရဲ႕ IQ ပမာဏ ျမင့္ေလေလပါပဲတဲ့။ ျဖစ္ႏိုင္ေျခရွိတာက ေက်ာင္းကဆရာ၊ ဆရာမေတြဟာ ကေလးေတြကို ေမးခြန္းေတြ ေျဖတတ္ေအာင္၊ ျပႆနာေတြေျဖရွင္းတတ္ေအာင္၊ ဗဟုသုတေတြ ေလ့လာႏိုင္ေအာင္ သင္ၾကားေပး ႏိုင္တဲ့အတြက္ ေက်ာင္းမွာ သင္ၾကားထားတာေတြလိုပဲ ျပင္ဆင္ထားတဲ့ IQ စစ္ေဆးမႈကို ေျဖႏိုင္တာေၾကာင့္ပါ။ ဒါေၾကာင့္ ေမးခြန္းမ်ိဳးေတြနဲ႔ ရင္းႏွီးကြၽမ္းဝင္ေနတဲ့ကေလးေတြဟာ ပိုေျဖႏိုင္တာေပါ့။ ေက်ာင္းေကာင္းေကာင္း မတက္ႏိုင္တဲ့ ကေလးေတြအဖို႔မွာေတာ့ ဒီလိုေမးခြန္းေတြေျဖရာမွာ အခက္အခဲေတြ ေတြ႕ရတတ္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)
Nutroplex 2
(Unicode)
ဉာဏ်ရည်ဉာဏ်သွေးကို လေ့လာတဲ့လေ့လာမှုတွေဟာ ဘာကြောင့်ဉာဏ်ကောင်းရတယ်ဆိုတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားခဲ့ဖူးကြပါတယ်။ ခေတ်အဆက်ဆက် လေ့လာခဲ့ကြရာမှာ အထူးသဖြင့် စိတ်ပညာအထူးပြုလေ့လာသူတွေက ဉာဏ်ရည်ဉာဏ်သွေးဟာ မျိုးရိုးဗီဇနဲ့ ဆက်ဆိုင်နေတာ၊ ဒါမှမဟုတ် ကလေးရဲ့ကြီးပြင်းရာပတ်ဝန်းကျင်၊ မိဘအုပ်ထိန်းမှု၊ ဘဝအတွေ့အကြုံစတာတွေနဲ့ ဆက်ဆိုင်နေတာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ပြောရမယ်ဆိုရင် နှစ်မျိုးလုံးဖြစ်နိုင်တာပါပဲ။ လတ်တလောမှာတော့ လေ့လာသူတွေက ဒီမျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် လွှမ်းမိုးမှုနှစ်မျိုးလုံးက ဉာဏ်ရည်ဉာဏ်သွေးအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။
>> မျိုးရိုးဗီဇရဲ့ လွှမ်းမိုးမှု
ဉာဏ်ရည်ဉာဏ်သွေးအပေါ် မျိုးရိုးဗီဇရဲ့လွှမ်းမိုးမှုရှိမရှိဆိုတာကို လေ့လာဖို့ မျိုးရိုးဗီဇခန့်မှန်းမှု heritability estimates ဆိုတာကို သုံးခဲ့ကြပါတယ်။ မျိုးရိုးဗီဇခန့်မှန်းမှုဆိုတာ IQ စစ်ဆေးမှုလိုမျိုး သင်္ချာသဘောတရားနဲ့ လူတစ်ယောက်နဲ့တစ်ယောက်အပေါ် မျိုးရိုးဗီဇရဲ့ အကျိုးသက်ရောက်မှုကို တွက်ချက်ခဲ့ကြပါတယ်။ မျိုးရိုးဗဇလွှမ်းမိုးမှုကို 0.0 (လုံးဝလွှမ်းမိုးမှုမရှိ) ဆိုတာကနေ 1.0 (လုံးလုံးကြီးကို လွှမ်းမိုးမှုရှိတယ်) ဆိုပြီး ကိုယ်စားပြုလေ့လာခဲ့ပါတယ်။ မျိုးရိုးဗီဇလွှမ်းမိုးမှုပျမ်းမျှ 0.40ရှိတယ်ဆိုတာဟာ 40% သော ဉာဏ်ရည်ဉာဏ်သွေး အမျိုးအစားဟာ မျိုးရိုးဗီဇကြောင့်ဖြစ်တယ်လို့ ဆိုနိုင်တာပေါ့။ များသောအားဖြင့်မျိုးရိုးဗီဇလွှမ်းမိုးမှုကို မျိုးရိုးဗီဇချွတ်စွပ်တူပေမယ့် ကြီးပြင်းရာပတ်ဝန်းကျင်မတူတဲ့ ချွတ်စွပ်အမြွာတွေမှာ လေ့လာတတ်ကြပါတယ်။
ဒီလိုအမြွာလေ့လာမှုတွေအရ ဉာဏ်ရည်ဉာဏ်သွေးအပေါ် မျိုးရိုးဗီဇရဲ့လွှမ်းမိုးမှုဟာ 0.50 ရှိတယ်လို့ ဆို ပါတယ်။ ဒီပမာဏအရကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေး တစ်ဝက်လောက်ဟာ ကလေးရဲ့ မျိုးရိုးဗီဇပေါ်မူတည်နေတယ်ဆိုတာ သိနိုင်ပါတယ်။ နောက်တစ်ဝက်ကတော့ ကလေးရဲ့ လူနေမှု အဆင့်အတန်း၊ ပြုစုစောင့်ရှောက်သူတွေရဲ့ ပညာရေးအပေါ်ထားတဲ့ စိတ်သဘောထား၊ ပညာရေး အခွင့်အလမ်းနဲ့ တစ်ခြားလူနေမှုအကြောင်းအရာတွေ အများကြီးအပေါ်မှာ မူတည်နေပါတယ်။
>> ဉာဏ်ရည်ဉာဏ်သွေးပေါ် ယဉ်ကျေးမှုရဲ့လွှမ်းမိုးမှု
ဉာဏ်ရည်ဉာဏ်သွေးဟာ တချို့ယဉ်ကျေးမှုပုံစံတွေဖြစ်တဲ့ တချို့ဘာသာစကားတွေ၊ ဗဟုသုတ တွေကို အသက်အစောပိုင်းမှာ ထိတွေ့မှုရခဲ့ရင်ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ဆင်းရဲနွမ်းပါးတဲ့အာဖရိကန်၊ အမေရိကန်ကလေးတွေဟာ ဖြစ်စဉ်ကိုပြန်ပြောင်း ပြောဆိုပြီး နေ့စဉ် ဘဝကို ပြန်ပြောတတ်တဲ့ပုံစံမျိုး (ဥပမာ - ဒီမနက်က မစ္စတာစမစ် ဘာလုပ်လိုက်လဲသိလား။) နဲ့ ကြီးပြင်း လာတတ်ကြပါတယ်။ ဒီလိုစကားပြောဆိုမှုမျိုးမှာ မေးခွန်းတွေ အများကြီးပေါ်လာနိုင်ပေမယ့် သူတို့ ကလေးတွေဟာ အချိန်ကြာလာတဲ့အခါ အချက်အလက် တိတိကျကျပြောဆိုတာမျိုးထက် စကားစမြည် ပြောဆိုတာလောက်သာ တတ်ပါတော့တယ်။ ဒီလိုမေးခွန်းမျိုးတွေဟာ လူမှုဆက်ဆံရေးအတွက် အရေးပါပေမယ့် မေးခွန်းမေးသူရဲ့မေးခွန်းကို တိတိကျကျဖြေဆိုရမယ့် ဉာဏ်ရည်ဉာဏ်သွေး စစ်ဆေးမှုအတွက်ကျတော့ သိပ်အဆင်မပြေပြန်ပါဘူး။ သူတို့ရဲ့နေ့စဉ်ဘဝကို ပြောဆိုနေကျမို့လို့ မေးခွန်းတိတိကျကျ မေးတဲ့အခါ ဒီကလေးတွေဟာ ဉာဏ်ရည်ဉာဏ်သွေးစစ်ဆေးမှုမှာ အမှတ်နည်း နေလေ့ရှိကြပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝနဲ့ မေးခွန်းပုံစံက မကိုက်ညီလို့ပါ။
ဝင်ငွေအသင့်အတင့်ရှိ လူဖြူနဲ့ အာရှတိုင်းသား မိသားစုတွေမှာကျတော့ ကလေးကို အဖြေတစ်မျိုးတည်း ဖြေရမယ့် ဗဟုသုတမေးခွန်းတွေ မေးလေ့ရှိပါတယ်။ (ဥပမာ - ဒါဘာစာလုံးလဲ။ ဒါဘာပုံလေးလဲ။ စသဖြင့်) ဒီမေးခွန်းမျိုးတွေဟာ IQ စစ်ဆေးမှုတွေမှာ သုံးလေ့ရှိတဲ့ မေးခွန်းမျိုးနဲ့တူတာမို့ သူတို့အတွက် ဖြေရတာ သက်သောင့်သက်သာရှိပြီး အဖြေလည်း ပိုမှန်လေ့ရှိပါတယ်။
>> လူနေမှုအဆင့်အတန်းရဲ့လွှမ်းမိုးမှု
မိသားစုရဲ့ လူနေမှုအဆင့်အတန်းပုံစံကလည်း ကလေးတွေရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမှာ အရေးပါပါတယ်။ လူနေမှုအဆင့်အတန်းနိမ့်ပါးတဲ့ မိသားစုတွေမှာ ဉာဏ်ရည်ဉာဏ်သွေး နိမ့်ပါးလေ့ရှိကြပါသတဲ့။
လူနေမှုအဆင့်အတန်းတစ်ခုဟာ မိသားစုရဲ့ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းထဲ ဂုဏ်ရည်အဆင့်အတန်းကို ဆိုလိုပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားလေလေ၊ မိသားစုဝင်ငွေ များလေလေနဲ့ လိုအပ်တဲ့ စွမ်းအားအရင်းအမြစ်တွေကို ရနိုင်လေလေပါပဲ။ ဒါကြောင့် လူနေမှုအဆင့်အတန်း မြင့်လေလေ ကလေးအတွက် အစားအသောက်၊ အဝတ်အစား၊ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ပညာရေးတွေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ကျန်းမာ၊ အေးချမ်း၊ လုံခြုံစိတ်ချပြီး၊ ဗိုက်ဝနေတဲ့ ကလေးလေးတစ်ယောက်၊ မိဘတွေကလည်း ပညာရေးကို တန်ဖိုးထားတဲ့ ကလေးလေးတစ်ယောက်ဟာ သူတို့ရဲ့အချိန်တွေ၊ စွမ်းအင်တွေကို စိတ်အာရုံနဲ့ လုပ်ရတဲ့အလုပ်တွေမှာ ကောင်းကောင်းအာရုံစိုက်နိုင်တာပေါ့။ ဒီလိုမဟုတ်ဘဲ သူတို့လုံခြုံရေးအတွက်ကို အမြဲတစေ ပူပန်နေရတယ်၊ ဗိုက်ဆာနေတယ်၊ ဖျားနာနေတယ်၊ အရမ်းကို ပင်ပန်းနွမ်းနယ်နေတယ်၊ မိဘတွေက အရမ်းအလုပ်များလို့ ကလေးပညာရေးကို သေချာဂရုမစိုက်နိုင်ဘူးဆိုရင် ကလေးတွေဟာ သူတို့ရဲ့ အသိစိတ်ဖွံ့ဖြိုးမှုအတွက် ကောင်းကောင်းအာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တစ်နေ့တစ်နေ့ စားသောက်ဖို့ အသည်းအသန်ရုံးကန်မနေရတဲ့ အဖေ အမေတွေဟာ ကလေးနဲ့ အတူ စာဖတ်တာ၊ ကစားနည်းလေးတွေ ဆော့ကစားတာ၊ အိမ်စာတွေ ကူလုပ်ပေးတာစတာတွေ လုပ်ပေးနိုင်တာပေါ့။ ဒီလိုအချိန်ပိုပေးပြီး အာရုံစူးစိုက်ပေးခြင်းဖြင့် ကလေးရဲ့အသိဉာဏ်ကို ကောင်းကောင်းဖွံ့ဖြိုးစေပြီး ကလေးတွေကို ပညာရေးရဲ့ အရေးကြီးပုံတွေကို သိရှိစေနိုင်ပါတယ်။
>> ပညာရေးရဲ့လွှမ်းမိုးမှု
လေ့လာသူတွေက ကလေးကျောင်းမှာ အချိန်ဘယ်လောက်ထိနေတယ်ပေါ် မူတည်ပြီး IQ အဆင့် ကွာခြားတယ်လို့ ဆိုပါသေးတယ်။ ကျောင်းမှာနေတဲ့ အချိန်များလေလေ၊ ကလေးရဲ့ IQ ပမာဏ မြင့်လေလေပါပဲတဲ့။ ဖြစ်နိုင်ခြေရှိတာက ကျောင်းကဆရာ၊ ဆရာမတွေဟာ ကလေးတွေကို မေးခွန်းတွေ ဖြေတတ်အောင်၊ ပြဿနာတွေဖြေရှင်းတတ်အောင်၊ ဗဟုသုတတွေ လေ့လာနိုင်အောင် သင်ကြားပေး နိုင်တဲ့အတွက် ကျောင်းမှာ သင်ကြားထားတာတွေလိုပဲ ပြင်ဆင်ထားတဲ့ IQ စစ်ဆေးမှုကို ဖြေနိုင်တာကြောင့်ပါ။ ဒါကြောင့် မေးခွန်းမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ကလေးတွေဟာ ပိုဖြေနိုင်တာပေါ့။ ကျောင်းကောင်းကောင်း မတက်နိုင်တဲ့ ကလေးတွေအဖို့မှာတော့ ဒီလိုမေးခွန်းတွေဖြေရာမှာ အခက်အခဲတွေ တွေ့ရတတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























