ဉာဏ်ကောင်းထက်မြက်စွာကြီးပြင်းလာဖို့ အချိန်ပေးစကားပြောပေးကြပါစို့
ဘယ်လောက်အလုပ်ရှုပ်တဲ့မိဘဖြစ်ပါစေ သားငယ်သမီးငယ်တို့ကို စကားပြောဖို့အချိန်လေးတော့ပေးပါဦး မေမေဖေဖေတို့ရေ..
သနေ္ဓသားလေးဟာ မိခင်ဝမ်းဗိုက်ထဲကနေ၁၈ပတ်အရွယ်မှာ ပြင်ပအသံတွေ စကြားရပါပြီတဲ့…….
၂၅ကနေ၂၆ပတ်အတွင်းမှာ ပြင်ပဆူညံသံတွေကို စတင်တုံ့ပြန်လာပါသတဲ့။ ဘယ်လောက်အံ့သြစရာကောင်းလဲနော်။
မိခင်ဝမ်းဗိုက်ထဲကတည်းကနားထောင်တာတုံ့ပြန်တာအကျင့်ရလာခဲ့တဲ့ကလေးလေးကိုမွေးစကနေစပြီး စကားပြောပေးပါလို့အကြံပြုပါရစေ။ ပြုံးပြပါ။ လက်ယမ်းပြပါ။ ကိုယ်ဟန်အမူအရာရောနဲ့စကားပြောပါ။ သူတို့တွေကြားပြီးတုံ့ပြန်လာတတ်ပါတယ်။ စောနိုင်သမျှ စောစောစကားပြောပေးပါနော်။
Nutroplex 1
• ကလေးတွေကိုစာဖတ်ပြပါ။စာအုပ်လေးကိုင်အရုပ်လေးတွေ ထောက်ပြပြီးတလုံးနှစ်လုံးချင်းရွတ်ပြပါ။
• ပစ္စည်းလေးတွေကိုလက်ညှိုးထိုးပြမုန့်တွေကို ညွှန်ပြပီးပြောပြပေးပါ။
ဘောလုံးရောင်စုံလေးတွေနဲ့အရောင်လေးတွေသင်ကြားပါ။
ကောင်းကင်က ပြာတယ်တိမ်လေးတွေကအဖြူ အိမ်လေးကအဝါစသည်ဖြင့် ပြောပြပါ။
• စကားစပြောလာတဲ့အခါသူနဲ့ နှစ်ဦး နှစ်ဖက်ပြောဆိုပါ။ သူကြိုးစားပြောတာကို စောင့်ပါ။အလေးထားနားထောင်ပါ။သူပြောသလိုစိတ်ရှည်ရှည် လိုက်ပြောပါ။
• သီချင်းဆိုပြပါ၊ကိုယ်အမူအရာနဲ့သီချင်းနဲ့တွဲဖက်ပြီးဆိုပြရင် သူတို့ပိုစိတ်ဝင်စားပါလိမ့မယ်။အသာအယာသီချင်းဆိုပြကိုယ်ဟန်လှုပ်ရှားပြတာဟာသိပ်ကိုထိရောက်တဲ့ သံစဉ်ကစားနည်းတမျိုး ဖြစ်ပါတယ်။
• မိသားစုထမင်းဝိုင်းမှာအတူဝင်စားတဲ့အခါ သူ့အကြိုက်တွေမေးပါ။အရသာရှိတဲ့ဟင်းတွေအကြောင်း၊ စိမ်းရောင်ရင့်တဲ့အရွက်တွေ ရောင်စုံခြယ်တဲ့ သစ်သီးဝလံတွေအကြောင်း ပြောပြပေးပါ။
မိမိကလေးကိုအခါအားလျော်စွာအချိန်ပေးစကားပြောပေးခြင်းဟာ ကလေးတွေကို စကားကြွယ်လာ ဝေါဟာရကြွယ်လာစေပြီးသူတို့လေးတွေရဲ့ အပြောစွမ်းရည်အကြားစွမ်းရည်နဲ့ဦးနှောက်ကလက်ခံစွမ်းရည်တွေ တဖြည်းဖြည်းတိုးတက်လာကြပါတယ်။
မိဘတွေ၊ မိသားစုဝင်တွေအနေနဲ့ သားသားမီးမီးလေးတွေကို ညဏ်ကောင်းထက်မြက်စွာစကားကြွယ်တဲ့ကလေးတွေအဖြစ်ကြီးပြင်းလာဖို့ သူတို့လေးတွေကို ငယ်ငယ်လေးကစလို့ အလေးအနက်ထား စိတ်ဝင်တစားစကားပြောပေးခြင်းကို အားတက်သရောစတင်လိုက်ကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Nutroplex 2
(Unicode)






























