/
news/ကလေးများနှင့်ကျန်းမာရေး/ဉာဏ်ရည်ထက်မြက်ပြီး-ဖြတ်ထိုးဉာဏ်ကောင်းစေဖို့-ကလေးကို-ဒါတွေကျွေးကြမယ်

ဉာဏ်ရည်ထက်မြက်ပြီး ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ ကလေးကို ဒါတွေကျွေးကြမယ်

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးအသက်ရဲ့ အစောဆုံးနှစ်တွေဟာ အဖွံ့ထွားဆုံးအချိန်ဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးမှုကလည်း မြန်မြန်ဆန်ဆန် ဖြစ်နေချိန်ပါ။ ကျန်းမာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်း၊ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးတွေကိုပါ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှုကောင်းအောင် ဂရုစိုက်ပေးမှသာ နောက်တစ်ချိန်မှာ အောင်မြင်တဲ့ လူကြီးတွေ ဖြစ်လာမှာပါ။

ကျန်းမာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ဆို သင့်တင့်မျှတတဲ့အာဟာရကလည်း မရှိမဖြစ်ပါပဲ။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်သလဲ၊ ဒီအာဟာရဓာတ်တွေကို ဘယ်လိုအစားအသောက်တွေကနေ ရနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Dugro IA 1 (2022)

ဦးနှောက်ဖွံ့ဖြိုးတဲ့အရွယ်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ်တွေကို မရှိမဖြစ်လိုအပ်သလို အာဟာရလိုအပ်ချက်ကလည်း အရမ်းများပါတယ်။ ကလေးတွေဟာ လူကြီးစားသလောက်ပမာဏကို မစားနိုင်ပေမယ့် သူတို့လေးတွေလိုအပ်တဲ့ အာဟာရဓာတ်ပမာဏကတော့ လူကြီးတစ်ယောက်ထက် ပိုများပါတယ်။ ဒါကြောင့် ကလေးတွေ နေ့စဥ်စားတဲ့အစားအစာတွေနဲ့ပဲ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်ကို ပြည့်ဝလုံလောက်စွာ ရရှိနိုင်ဖို့ ခဲယဥ်းပါတယ်။ ဒီပြဿနာကို ကူညီဖြေရှင်းပေးနိုင်တာကတော့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing up milk) ပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) မှာဆိုရင် အိုမီဂါသရီးဖက်တီးအက်စစ် (DHA) ပါဝင်ပြီး ဗီတာမင်ဒီ၊ သံဓာတ်၊ အိုင်အိုဒင်းနဲ့ ဇင့်ဓာတ်တို့ကို ဖြည့်စွက်ထားတဲ့အပြင် ကလေးတွေအတွက်လိုအပ်တဲ့ တခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်များစွာလည်း ပါဝင်ပါတယ်။

Dugro IA 1 (2022)

သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝလုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဖော်ပြခဲ့တဲ့ အစားအသောက်တွေကို နေ့စဥ်စားမယ့်အထဲမှာ တစ်ခုမဟုတ်တစ်ခု ပါဝင်အောင် ကျွေးပေးတဲ့အပြင် အသက်နှစ်နှစ်ကနေ ကိုးနှစ်အရွယ် ကလေးတွေကို ဖွံ့ဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေ ဂရုတစိုက် တိုက်ကျွေးပေးဖို့လည်း လိုအပ်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)