ညမှာ မကြာခဏနိုးနေတတ်တဲ့ သားသားမီးမီးတို့ကို ဘယ်လိုလုပ်ရပါ့
ညမှာခဏခဏနိုးပြီး မေမေဖေဖေတို့ကို စိတ်ရှုပ်စေတဲ့ သားသားမီးမီးလေးတွေရှိတတ်တာမို့ သူတို့လေးတွေ ဒီလိုနိုးနိုးနေတာ ဘာလို့ပါလဲလို့ အကျိုးအကြောင်းလေးတွေ ဆန်းစစ်နိုင်ဖို့ တင်ပြပေးပါတယ်။ မျက်လုံးလေးပွင့်နေပြီး သူူ့ဘာသာ လက်ကလေး ခြေကလေးလှုပ်ဆော့နေတတ်တာမျိုး နိုးလာပြီး ဂျီကျနေတာမျိုးတွေ ညတိုင်းရှိနေတဲ့အခါ အမေနဲ့ အဖေ ပင်ပန်းရ မောရနဲ့ စိတ်ညစ်ရပြီပေါ့။ ဒီအတွက် အကြောင်းရင်းလေးတွေ ကူစဉ်းစားပေးပါရစေ။
• ညနှစ်နာရီမှာ နိုးနေကျကလေးဆိုရင် ညနှစ်နာရီမှာ အမြဲနိုးပါတယ်။ အဲဒီအကျင့်က ပြင်ရခက်ပါတယ်။ သူ့ရဲ့ အိပ်ချိန်ကို ပြင်လိုက်တာ နေ့ခင်းကို သိပ်မအိပ်စေတာတွေ လုပ်ကြည့်မှ အဆင်ပြေမှာပါ။
• လမ်းလျှောက်ခါစ ကလေးတွေ လေးဘက်သွားကာစ ကလေးတွေ စကားတတ်ကာစ ကလေးတွေကလည်း ညကို ခဏခဏနိုးပြီး သူတို့ အသစ်တတ်လာတာလေးတွေကို လုပ်ကြည့်နေတတ်ပါတယ်။ ညကို လေးဘက်ထသွားတာ စကားတီတီတာတာပြောနေတတ်တာလိုမျိုးပေါ့။ ပုံမှန်မို့ နည်းနည်းအကျင့်ရသွားမှ မနိုးတော့တာပါ။ ဒီတော့ အဲလိုကာလတွေဆို နိုးလာတတ်တာ ပုံမှန်ပါပဲ။
• အမေ သို့မဟုတ် အဖေ အဘွား သူ့ကို အနီးကပ်ပြုစုနေကျ မိသားစု၀င်တယောက် ခရီးထွက်တဲ့အခါ အနားမှာ မရှိတဲ့အခါ ခဏခဏလန့်နိုးနေတတ်ပါသေးတယ်။ ရှိတဲ့သူက စိတ်ရှည်ရှည်ချော့ပေတော့ပါပဲ။
သေးစိုနေသလား ကြည့်ပေးပါ။
• ယားနေသလား ယားဖုလေးတွေရှိသလား အယားသက်သာစေဖို့ ကလေးဆရာ၀န်အကြံပြုတဲ့ လိမ်းဆေးလေးဆောင်ထားပါ။
• ပုရွက်ဆိတ်ကိုက်သလား စောင်တွေခါ အ၀တ်လေးတွေဖယ်ရှာပါ။ ပေါင်ခြံနဲ့ ချိုင်းကြားတွေကို ကြည့်ပါ။
အိပ်နေတဲ့ စောင် မွေ့ရာ အဆင်မပြေဘူးလား။ အိပ်ရာခင်းလဲပေးလိုက်ရင်လည်း သူတို့စိတ်ကြိုက်ဖြစ်သွားတတ်လို့ တော်ရုံမနိုးတော့ဘူးပေါ့။ ချစ်စရာအရုပ်လေးတွေပါတဲ့ ရောင်စုံအိပ်ရာခင်းနူးနူးညံ့ညံ့လေးတွေသုံးပါ။
• နွေရာသီဆို ချေွးတွေရွှဲနေသလားထကြည့်ပါ ။ ချေွးတွေသုတ်ပါ။ အကျႌလဲပါ။ လေ၀င်အောင် တံခါးလေးတွေ ထဖွင့်ပေးပါ။
• အမွေးပွရုပ်လေးတွေထားပေးပါ။ အထူးသဖြင့် သူအကြိုက်ဆုံးအရုပ်ကို ဘေးမှာထားပေးပါ။ ညမှာ နိုးတဲ့အချိန် သူ့ အရုပ်သူစဉ်းစားပြီး ရှာချင်နေတတ်ပါတယ်။
• သူ့ကို အိပ်ရမယ့်အချိန် အတိအကျထားပါ။ အိပ်ချိန်နောက်ကျလွန်းတာ စောသွားတာတွေက သူ့ကို ခဏခဏနိုးစေပါတယ်။
• ကလေးတွေက လူကြီးတွေလိုပဲ နေ့ခင်းမှာ ကြာကြာနဲ့ လုံလုံလောက်လောက်အိပ်ပြီးရင်လည်း ညကျ ကောင်းကောင်း မအိပ်တော့ပါဘူး။ နေ့ခင်း အိပ်ချိန်ကို သူ့အချိန်နဲ့သူ အကန့်အသတ်နဲ့ အိပ်ပါစေ။ နေ့လည် ၁၂ နဲ့ ၂ နာရီကြားအိပ်ပါစေ။
• ကလေးတွေနိုးနေတဲ့အခါ ချက်ချင်းပွေ ့လိုက်ပြီး ပြန်ချော့သိပ်ပေးနော်။ နိုးလည်း နိုးစေတော့ဆိုပြီး ဒီတိုင်းထားပြီး ပြန်အိပ်လို့ကတော့ သူလေးက နိုးတာကို အကျင့်ပါသွားပြီး နောက်ရက်လည်း အမြဲနိုးနေတော့မှာ အသေအချာပါပဲ။
ဂျီပီငှက် ( ဆေး/ မန််း)






























