/
news/ကလေးများနှင့်ကျန်းမာရေး/တခြားနို့တွေထက်စာရင်-ဖွံ့ဖြိုးစကလေးဖော်စပ်စာ-ဖော်မြူလာနို့-growing-milk

တခြားနို့တွေထက်စာရင် ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေကို ဘာကြောင့်ရွေးချယ်သင့်သလဲ

Category
ကလေးများနှင့်ကျန်းမာရေး

 “ကလေးကို နို့တိုက်ပါ၊ နို့တိုက်ပါ” လို့ တိုက်တွန်းကြတာကို ကြားဖူးကြမှာပါ။ ဒါကို အကြောင်းမဲ့သက်သက်ပြောတာလို့တော့ မမှတ်ယူစေချင်ပါဘူး။ နို့မှာပါတဲ့ ကယ်လ်ဆီယမ်က အရိုးတွေကြီးထွားသန်မာစေလို့ ကလေးကို ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးစေတယ်ဆိုတာ အများစု သိပြီးသားပါ။ တကယ်တော့ နို့တိုက်ရင် ကယ်လ်ဆီယမ်အပြင် ကလေးအတွက်လိုအပ်တဲ့ တခြားအာဟာရဓာတ်တွေကိုလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ကြီထွားဖွံ့ဖြိုးတဲ့အရွယ် ကလေးတွေကို နို့တိုက်ပေးဖို့ အရေးကြီးပါတယ်။ 

ဒါပေမဲ့လည်း ကလေးတွေကို နို့တိုက်ဖို့ဆိုတာ မေမေတွေခေါင်းစားရတဲ့ အလုပ်တစ်ခုပါ။ စျေးကွက်ထဲမှာ ကလေးတွေကိုတိုက်လို့ရတဲ့ နို့အမျိုးအစားတွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ အချို့ကတော့ နွားနို့၊ အပင်အခြေခံနို့ (ပဲနို့၊ အယ်လ်မွန်နို့၊ အုတ်ဂျုံနို့) နဲ့ ဖော်စပ်စာ ဖော်မြူလာနို့တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုနို့အမျိုးအစားတွေကို ရွေးချယ်ရမလဲဆိုတာ မေမေတို့အနေနဲ့ အခက်မကြုံရအောင်လို့ အရင်ဆုံး သူ့မှာပါတဲ့ အာဟာရတန်ဖိုးတွေကို ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မေမေတို့ နှိုင်းယှဥ်ကြည့်လို့ရအောင် နမူနာလေးတစ်ချို့ကို ပြောပြပေးသွားမယ်နော်။Dugro_0.png

Dugro IA 1 (2022)

ဒီအာဟာရတန်ဖိုးတွေဟာ ပမာဏ (၂၅၀) မီလီဂရမ်အပေါ်မှာ တွက်ချက်ထားတာဖြစ်ပြီး မေမေတို့ နှိုင်းယှဉ်ကြည့်လို့ရအောင်  နမူနာပြောထားခြင်းသာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ပြောင်းလဲနိုင်လို့ ပစ္စည်းတစ်မျိုးဝယ်ခါနီးတိုင်း Food Facts Label မှာပါတဲ့ အာဟာရတန်ဖိုးတွေကို သေချာဖတ်သင့်ပါတယ်။

နွားနို့နဲ့ အပင်ထွက်နို့တွေအပြင် ကလေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေရဲ့ အာဟာရဓာတ်ပါဝင်မှုတွေကိုလည်း ပြောပြပေးချင်ပါတယ်။ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေဟာ နွားနို့နဲ့ယှဥ်ရင် အသားဓာတ်ပါဝင်မှု နည်းပါးတာကို တွေ့ရမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကလေးအရွယ်မှာ အသားဓာတ်များများစားသုံးရင် နောက်ပိုင်းလူကြီးအရွယ်ရောက်တဲ့အခါ အဝလွန်နိုင်ချေ အရမ်းမြင့်တက်နိုင်လို့ပါ။ ဒါပေမဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေမှာ သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင်ဓာတ်တွေ ပိုမိုပါဝင်ပြီး ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ DHA နဲ့ ဝမ်းချုပ်တာကို သက်သာစေမယ့် အမျှင်ဓာတ်တွေလည်း ဖြည့်စွက်ပေးထားပါတယ်။

Dugro IA 2 (2022)

နို့အမျိုးအစားတွေကို ယှဉ်ကြည့်လိုက်ရင် မေမေတို့အနေနဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk)တွေဟာ ကလေးတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ စုံစုံလင်လင်ပါဝင်တာကို တွေ့ရမှာပါ။ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေဟာ အသက်အရွယ်နဲ့လိုက်ပြီး ကလေးရဲ့အာဟာရလိုအပ်ချက်အတိုင်း ဖော်စပ်ထားတာဖြစ်လို့ ကလေးအသက် နှစ်နှစ်ကနေ ကိုးနှစ်အထိ တိုက်ကျွေးသင့်တဲ့နို့တစ်မျိုးပဲ ဖြစ်ပါတယ်။ ကလေးတွေကြိုက်နှစ်သက်တဲ့ အရသာလည်းရှိပြီး မနက်စာ Cereal တို့နဲ့ တွဲကျွေးနိုင်သလို ထမင်းဟင်းတို့နဲ့လည်း တွဲဖက်ကျွေးနိုင်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံစုံလင်လင် ရရှိမှာဖြစ်သလို ကလေးတွေလည်း ကြိုက်နှစ်သက်မှာဖြစ်လို့ နို့တိုက်ဖို့ရွေးချယ်တော့မယ်ဆိုရင် ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုလိုပါတယ်။

 

Dr. Aye Hsu Mon (www.drmyanmar.com)