တစ်နှစ်အောက် ကလေးငယ်များတွင် အူအတက်ပေါက်ခြင်း လက္ခဏာများ
အခုတလော သားသားလေးက လူးလွန့်ပြီး ငိုနေတယ်။ ဗိုက်ကိုလည်း အထိမခံဘူး။ နို့လည်း မစို့တော့ဘူး။ ဗိုက်ရဲ့ ညာဘက်အခြမ်း အောက်နားလေးမှာလည်း ဖောင်းဖောင်းလေး ဖြစ်နေတယ်ဆိုရင်တော့ အူအတက်ရောင်ခြင်း ဖြစ်နိုင်ပါတယ်။
>> အူအတက်ရောင်ခြင်း (Appendicitis) ဆိုတာ ဘာလဲ?
● အူအတက်မှာ ပိုးဝင်ရာကနေ ရောင်ရမ်းခြင်းကို ခေါ်ခြင်းဖြစ်ပါတယ်။ အူအတက်ဆိုတာကတော့ အူမကြီးရဲ့ အပေါ်နားမှာရှိတဲ့ လက်ညှိုးပုံစံ အတက်အသေးလေး ဖြစ်ပါတယ်။
● ကြီးမားသော ပြန်ရည်ကြိတ် သို့မဟုတ် မစင်တုံးတစ်ခုခုက အူအတက်ရဲ့အပေါ်မှာ ဖိမိရာကနေ အူအတက် တွင်းသို့ ဘက်တီးရီးယားများ ဝင်ရောက်နိုင်ပါတယ်။ ဒီကနေတဆင့် အူအတက်ရောင်ခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ အူအတက်ရောင်ပြီဆိုတာနှင့် ပေါက်ထွက်ခြင်းသို့မဟုတ် ဗိုက်ထဲသို့ ပိုးများပျံ့နှံ့ခြင်း ဖြစ်နိုင်တဲ့အတွက် ချက်ချင်းခွဲထုတ်ပစ်ဖို့ လိုပါတယ်။
● တစ်နှစ်အောက်ကလေးများတွင် အူအတက်ရောင်ခြင်းဖြစ်တာရှားပြီး အဖြေရှာရန်လည်း ခဲယဉ်းလှပါတယ်။ သားသားမီးမီးလေးတွေမှာ အူအတက်ရောင်နေတယ်လို့ သံသယရှိပါက အမြန်ဆုံးဆရာဝန်ပြဖို့ အရေးကြီးလှပါတယ်။
>> တစ်နှစ်အောက်ကလေးများတွင် အူအတက်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းကတော့ -
အူအတက်ကို မစင်တုံးဖြင့် ပိတ်ဆို့မိရာကနေ ဘက်တီးရီးယားများစွာ ပျံ့နှံ့လာပြီး အူအတက်ရောင်ခြင်း ဖြစ်ပေါ်စေတာပါ။
Ceelin Plus 1

>> ကလေးငယ်လေးတွေမှာ အူအတက်ရောင်ခြင်း လက္ခဏာတွေကတော့ -
● ဖျားခြင်း
● အန်ခြင်း
● အစာမစားခြင်း
● ပျို့ခြင်း
● ဗိုက်အောင့်ခြင်း
● ဝမ်းပျက်ခြင်း
● ဗိုက်ကို အထိမခံခြင်းတို့ပဲ ဖြစ်ပါတယ်။
အထက်ပါလက္ခဏာတွေ ရှိနေပါက ကလေးအထူးကုနှင့် ပြသပြီး အာထာရာဆောင်း၊ ဓာတ်မှန်နှင့် စီတီစကင်တို့ရိုက်ပြီး ရောဂါရှာဖွေမှုများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အခြားရောဂါများ ဟုတ်၊ မဟုတ် အဖြေရှာဖို့ သွေးစစ်ဆေးခြင်းနှင့် ဆီးစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။
>> ဘယ်လိုကုသရမလဲ?
ကုသနည်းများကတော့ ခွဲစိတ်ခြင်းဖြင့် အူအတက်ကို ဖယ်ထုတ်ရမှာဖြစ်တဲ့အတွက် ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်မှုမတိုင်ခင်နှင့် ပြီးနောက်မှာတော့ ပိုးသတ်ဆေးနှင့် ဆေးဝါးများဖြင့် ကုသမှုပေးမှာ ဖြစ်ပါတယ်။
မေမေတို့ရဲ့ သားသားမီးမီးလေးတွေမှာ အထက်ပါ အူအတက်ရောင်ခြင်းလက္ခဏာတွေ ရှိနေရင်တော့ ချက်ချင်း ဆေးရုံသို့ သွားရောက်ဖို့ အကြံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Ceelin Plus 2

(Zawgyi)
အခုတေလာ သားသားေလးက လူးလြန႔္ၿပီး ငိုေနတယ္။ ဗိုက္ကိုလည္း အထိမခံဘူး။ ႏို႔လည္း မစို႔ေတာ့ဘူး။ ဗိုက္ရဲ႕ ညာဘက္အျခမ္း ေအာက္နားေလးမွာလည္း ေဖာင္းေဖာင္းေလး ျဖစ္ေနတယ္ဆိုရင္ေတာ့ အူအတက္ေရာင္ျခင္း ျဖစ္ႏိုင္ပါတယ္။
>> အူအတက္ေရာင္ျခင္း (Appendicitis) ဆိုတာ ဘာလဲ?
● အူအတက္မွာ ပိုးဝင္ရာကေန ေရာင္ရမ္းျခင္းကို ေခၚျခင္းျဖစ္ပါတယ္။ အူအတက္ဆိုတာကေတာ့ အူမႀကီးရဲ႕ အေပၚနားမွာရွိတဲ့ လက္ညႇိဳးပုံစံ အတက္အေသးေလး ျဖစ္ပါတယ္။
● ႀကီးမားေသာ ျပန္ရည္ႀကိတ္ သို႔မဟုတ္ မစင္တုံးတစ္ခုခုက အူအတက္ရဲ႕အေပၚမွာ ဖိမိရာကေန အူအတက္ တြင္းသို႔ ဘက္တီးရီးယားမ်ား ဝင္ေရာက္ႏိုင္ပါတယ္။ ဒီကေနတဆင့္ အူအတက္ေရာင္ျခင္းကို ျဖစ္ေပၚေစတာ ျဖစ္ပါတယ္။ အူအတက္ေရာင္ၿပီဆိုတာႏွင့္ ေပါက္ထြက္ျခင္းသို႔မဟုတ္ ဗိုက္ထဲသို႔ ပိုးမ်ားပ်ံ႕ႏွံ႔ျခင္း ျဖစ္ႏိုင္တဲ့အတြက္ ခ်က္ခ်င္းခြဲထုတ္ပစ္ဖို႔ လိုပါတယ္။
● တစ္ႏွစ္ေအာက္ကေလးမ်ားတြင္ အူအတက္ေရာင္ျခင္းျဖစ္တာရွားၿပီး အေျဖရွာရန္လည္း ခဲယဥ္းလွပါတယ္။ သားသားမီးမီးေလးေတြမွာ အူအတက္ေရာင္ေနတယ္လို႔ သံသယရွိပါက အျမန္ဆုံးဆရာဝန္ျပဖို႔ အေရးႀကီးလွပါတယ္။
>> တစ္ႏွစ္ေအာက္ကေလးမ်ားတြင္ အူအတက္ေရာင္ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းကေတာ့ -
အူအတက္ကို မစင္တုံးျဖင့္ ပိတ္ဆို႔မိရာကေန ဘက္တီးရီးယားမ်ားစြာ ပ်ံ႕ႏွံ႔လာၿပီး အူအတက္ေရာင္ျခင္း ျဖစ္ေပၚေစတာပါ။
>> ကေလးငယ္ေလးေတြမွာ အူအတက္ေရာင္ျခင္း လကၡဏာေတြကေတာ့ -
● ဖ်ားျခင္း
● အန္ျခင္း
● အစာမစားျခင္း
● ပ်ိဳ႕ျခင္း
● ဗိုက္ေအာင့္ျခင္း
● ဝမ္းပ်က္ျခင္း
● ဗိုက္ကို အထိမခံျခင္းတို႔ပဲ ျဖစ္ပါတယ္။
အထက္ပါလကၡဏာေတြ ရွိေနပါက ကေလးအထူးကုႏွင့္ ျပသၿပီး အာထာရာေဆာင္း၊ ဓာတ္မွန္ႏွင့္ စီတီစကင္တို႔႐ိုက္ၿပီး ေရာဂါရွာေဖြမႈမ်ား ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ အျခားေရာဂါမ်ား ဟုတ္၊ မဟုတ္ အေျဖရွာဖို႔ ေသြးစစ္ေဆးျခင္းႏွင့္ ဆီးစစ္ေဆးျခင္းတို႔ကိုလည္း ျပဳလုပ္ရမွာ ျဖစ္ပါတယ္။
>> ဘယ္လိုကုသရမလဲ?
ကုသနည္းမ်ားကေတာ့ ခြဲစိတ္ျခင္းျဖင့္ အူအတက္ကို ဖယ္ထုတ္ရမွာျဖစ္တဲ့အတြက္ ေဆး႐ုံတက္ဖို႔ လိုအပ္ပါတယ္။ ခြဲစိတ္မႈမတိုင္ခင္ႏွင့္ ၿပီးေနာက္မွာေတာ့ ပိုးသတ္ေဆးႏွင့္ ေဆးဝါးမ်ားျဖင့္ ကုသမႈေပးမွာ ျဖစ္ပါတယ္။
ေမေမတို႔ရဲ႕ သားသားမီးမီးေလးေတြမွာ အထက္ပါ အူအတက္ေရာင္ျခင္းလကၡဏာေတြ ရွိေနရင္ေတာ့ ခ်က္ခ်င္း ေဆး႐ုံသို႔ သြားေရာက္ဖို႔ အႀကံျပဳလိုက္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























