တို့ချစ်တဲ့ကလေးတွေ ...
ချစ်စရာ့အရွယ် ကလေးငယ်တွေကို အနိုင်ကျင့် နှိပ်စက်တာတွေ ရပ်တန့်ကြဖို့ တာဝန်သိသိ ကြိုးစားကြည့်ကြစို့ ...
အရွယ်မရောက်သေးသူ ကလေးသူငယ်တွေကို အနိုင်ကျင့် နှိပ်စက်တာတွေ လူမဆန်စွာ ပြုကျင့်တာတွေကို လတ်တလောသတင်းတွေမှာ အမြဲမြင်နေရတဲ့အလျောက် လူသားတစ်ယောက် မိဘတစ်ယောက်အနေနဲ့ စိတ်မချမ်းသာစရာ အခြေအနေတွေ ထပ်မံမဖြစ်ရလေအောင် ကြိုးကြိုးစားစား ကာကွယ်ရမယ့်အချိန်ပါ။ မိမိ မိသားစုက ကလေးရော၊ ပတ်ဝန်းကျင်က ကလေးသူငယ်တွေအတွက်ရော လုံခြုံစိတ်ချရတဲ့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးကြီးပြင်းစေမယ့် အစီအစဉ်မှာ ကိုယ်တိုင်ပါဝင်ကြရအောင်။ ဘယ်လိုအချက်တွေနဲ့ ကူညီနိုင်မလဲ သိရအောင် ဖတ်ကြည့်ပါဦး။
● မိမိကိုယ်တိုင် မိဘတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် မွေးထားတဲ့ ရင်သွေးလေးတွေအတွက် အမှန်တကယ် မှီခိုရာ ချစ်မြတ်နိုးရမယ့်၊ တွယ်တာရမယ့် လုံခြုံရာလေးတစ်ခုအဖြစ် အမြဲရပ်တည်ပေးပါ။ ပြဿနာတိုင်းမှာ သူလေးပြောသမျှကို လက်ခံယုံကြည်ပေးပါ။ ဥပမာ - အနိုင်ကျင့်ခံရတာ၊ ရန်ဖြစ်တာတွေမှာ ကလေးတွေက မိဘကို အားကိုးရာတစ်ခုအဖြစ် အလေးထားပြောပြခဲ့ရင် သူလေးစကားကို အလေးအနက်ထား ယုံကြည်ပေးဖို့ ကြိုးစားကြရအောင်။
● မိဘတစ်ယောက် မပာုတ်ခဲ့ဘူး ဆိုရင်တောင် တခြားမိဘတွေကို ကူညီပေးရအောင်။ သူတို့အတွက် တွဲကူရပ်တည်ပေးရအောင်။ ကမ်းလက်တွေ လှမ်းလင့်ပြီး ထောက်မပေးကြရအောင်။
● မိဘတစ်ယောက်အနေနဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ မပြေလည်တာတွေ၊ အဆင်မချောတာတွေ လောကအလယ်မှာ ကြုံနိုင်ပါတယ်။ ဒေါသတွေ၊ မောပာတွေကို အိမ်က လူမမည်အရွယ်လေးတွေကို ပုံမချလိုက်ပါနဲ့။
● ငိုတတ်တဲ့အရွယ်မှာ ကလေးတွေက ငိုတာ ထုံးစံပါ။ ငိုရကောင်းလားရယ်လို့ ကလေးတွေကို လှုပ်ခါတာ၊ ရမ်းပစ်တာ၊ ရိုက်နှက်တာတွေက အင်မတန် အန္တရာယ်များတဲ့လုပ်ရပ် ဖြစ်ပါတယ်။
● ကလေးသူငယ်တွေနဲ့အတူ ရပ်တည်တဲ့ ပြည်သူတစ်ယောက်ဘက်က ကြည့်ရင် မိမိ ပတ်ဝန်းကျင်က မိဘတွေ၊ ကလေးတွေ ရုန်းကန်ရှင်သန်နေရတဲ့ မိသားစုတွေအနေနဲ့ ကလေးတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနေရဲ့လား၊ တရားမျှတမှုတွေ ရှိနေရဲ့လား အမြဲစူးစမ်းလေ့လာရင်း လိုအပ်ရင်အတူ တောင်းဆိုကြရအောင်။
● အရပ်ထဲက စာကြည့်တိုက်တွေမှာ ကလေးစာပေတွေရှိရဲ့လား၊ ပညာပေးစာအုပ်တွေ လုံလောက်စွာ ထားပေးရဲ့လား။ မရှိရင် အဆင်ပြေသလောက် စာအုပ်စာတမ်း ထောက်ပံ့ပေးကြရအောင်။ မိဘတွေ အရွယ်ရောက်စ ကလေးတွေ လူကြီးတွေပါမကျန် ဖတ်ရှုဖို့ တွန်းအားပေးကြမယ်လေ။
● ကျောင်းသူကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ၊ လုံခြုံရေး လိင်ပိုင်းဆိုင်ရာ စော်ကားထိခိုက်မှုတွေ မခံစားရလေအောင် ကျောင်းတွေမှာ ပညာပေး သင်ကြားရေးအစီအစဉ်တွေ ရှိတဲ့အခါ ကလေးနဲ့အတူ တက်ရောက်ပါ။ တခြားသူတွေကိုလည်း တက်ရောက်ဖို့ အားပေးကူညီပါ။
● သားသားမီးမီးလေးတွေရဲ့ ကွန်ပျူတာ၊ အင်တာနက်ဂိမ်းကနေ မကောင်းတဲ့အကျင့်တွေ အပြုအမူတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် သူလေး ဘာတွေသုံးနေလဲ၊ ဘာတွေကြည့်နေလဲ သတိထား စောင့်ကြည့်ပါ။ တချို့လူသတ်ဂိမ်းတွေ၊ ကြမ်းကြုတ်ရက်စက်တာတွေပြတဲ့ ဇာတ်ကားတွေပာာ ငယ်ရွယ်နုနယ်တဲ့ ဦးနှောက်တွေကို ရက်စက်တတ်အောင်အကျင့်တွေ ကူးစက်ဖန်တီးတတ်ပါတယ်။
● ပရပာိတ လုပ်အားပေးပါ။ ကလေးတွေကို ပညာပေးတဲ့အစီအစဉ်တွေ သင်ကြားရေးတွေ ဝေမျှကူညီရေး ထောက်ပံ့ရေးတွေမှာ အတူပါဝင်ပါ။ ပန်းကလေးတွေ အနာဂတ်လှဖို့အရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ခြင်းဖြင့် မိမိရဲ့သမိုင်းကြောင်းလည်း လှစေမှာ မုချပါ။
● လူမမည်အရွယ်လေးတွေ အသက်မပြည့်သူကလေးတွေကို နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ၊ တရားလွန် ရိုက်နှက်တာ၊ စိတ်ပိုင်းဆိုင်ရာ အရှက်ရ ထိခိုက်နာကျင်စေတာ၊ မတရားသဖြင့် အလုပ်ခိုင်းစေတာတွေ အမှတ်မထင် မြင်ခဲ့၊ တွေ့ခဲ့၊ ကြုံခဲ့မယ်ဆိုရင် တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ အစိုးရ ရဲဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို သတင်းပေး တိုင်ကြားသင့်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























