တုပ်ကွေးရောဂါမပျံ့အောင် ဘယ်လိုကာကွယ်ကြမလဲ
ကိုယ့်ရဲ့ကလေးမှာ တုပ်ကွေးဖြစ်နေလို့ တခြားသူတွေကိုမကူးအောင်ဘယ်လိုကာကွယ်မလဲ?
ကလေးကို အိမ်မှာဘယ်နှရက်ထားမလဲ?
တုပ်ကွေးနဲ့ပတ်သက်လာရင်တော့ တုပ်ကွေးရောဂါလက္ခဏာတွေက တစ်ပတ် နှစ်ပတ်လောက်ကြာတတ်ပြီးတော့ အရည်များများသောက်၊ ကောင်းကောင်းအနားယူပေးဖို့ လိုပါတယ်။ ကိုယ်ပူတာနဲ့ ခန္ဓာကိုယ်ကိုက်ခဲတာတွေကိုသက်သာစေဖို့အတွက် Biogesic for Kids လိုမျိုး Paracetamol ပါ၀င်တဲ့ဆေးဝါးတွေကို တိုက်ကျေွးသင့်ပါတယ်။
ကလေးငယ်တွေက လူကြီးတွေထက်စာရင် ရောဂါပိုးကူးစက်ခံရနိုင်ချေပိုများလို့ တုပ်ကွေးလိုမျိုးဗိုင်းရပ်စ်ပိုးတွေ မကူးစက်အောင်သေချာဂရုစိုက်ပေးဖို့လိုပါတယ်။ ကလေးမှာ တုပ်ကွေးဖြစ်နေပြီဆိုရင် အိမ်မှာဘယ်လိုကျန်းမာရေးနဲ့ညီညွတ်အောင်ထားမလဲဆိုတာကို ပြောပြချင်ပါတယ်။
1. ဖြစ်နိုင်ရင်ကလေးကို သီးသန့် အခန်းထဲမှာ မိဘနဲ့ အတူထားပေးပါ။ တစ်ခါနှာချေချောင်းဆိုးလိုက်ရင် ဗိုင်းရပ်စ်ပိုးတွေက ၆ ပေပတ်လည်ကိုပျံ့နိုင်ပါတယ်။ အဖျားပျောက်ဆေးမတိုက်ရဘဲနဲ့ ကိုယ်မပူတာ အနည်းဆုံး ၂၄ နာရီရှိိမှ၊ နှာချေချောင်းဆိုးတာသက်သာမှ ကလေးထိန်းကျောင်း၊ ကျောင်းကိုပြန်ပို့ပါ။
2. ကလေးကိုသန့်သန့်ရှင်းရှင်းထားပေးပါ။ လက်သန့်ဆေးရည်နဲ့ မကြာခဏဆေးခိုင်းပါ။ အစာမစာခင်မှာလည်း လက်ကို သေချာသုတ်ပေးပါ။
3. နှာချေချောင်းဆိုးတဲ့အခါမှာ တစ်သျှူးနဲ့အုပ်ပြီးတော့ဆိုးဖို့သတိပေးပါ။ တစ်သျှူးမရှိရင် တံတောင်ဆစ်နဲ့ကာပြီးတော့ဆိုးဖို့ပြောပါ။
4. နှာချေရင်အုပ်တဲ့တစ်သျှူးကို တစ်ခါပြီးတစ်ခါတန်းပြီးလွှင့်ပစ်ခိုင်းပါ။ ကလေးနားမှာ အမှိုက်တောင်းအသေးလေးထားပေးထားပါ။ ပြီးတော့ အဲဒီအမှိုက်ပုံးကိုလည်း မကြာခဏသွန်ပေးပါ။ ကိုယ့်လက်ကိုလည်း သေချာဆေးပါ။
5. တံခါးလက်ကိုင်ဖု၊ အိမ်သာကရေဆွဲချတဲ့ ခလုပ်၊ ဖုန်း၊ ရီမု စတာတွေအပါအဝင် တုပ်ကွေးမိနေတဲ့ကလေးငယ်ထိတွေ့ထားတဲ့အရာတွေကို ပိုးသတ်ဆေးပါတဲ့တစ်သျှူးအစို (သို့) ပိုးသတ်ဆေးပါတဲ့ဆေးရည်နဲ့ မကြာခဏဆေးပေးပါ။ ပြီးတော့ တုပ်ကွေးဖြစ်နေတဲ့ကလေးငယ်နဲ့ တဘက်၊ အရုပ်၊ စောင်၊ခေါင်းအုံး၊ ဖန်ခွက်၊ ပန်းကန်၊ အသုံးအဆောင်တွေကို တခြားအိမ်သားတွေနဲ့ မျှဝေမသုံးစွဲမိဖို့နဲ့ သေချာဆေးကြောဖို့ ဂရုစိုက်ပါ။ ခွဲခြားထားဖို့တော့မလိုပါဘူး။ ရေသေချာဆေးပြီးရင် အတူထားလို့ရပါတယ်။
တုပ်ကွေးမပျံ့စေဖို့ဆိုရင် ကာကွယ်တာကအရေးပါတဲ့အတွက် အထူးဂရုပြဖို့လိုပါတယ်။ ကာကွယ်ဆေးထိုးရင်လည်း ကာကွယ်ဆေးရဲ့အာနိသင်အပြည့်ရဖို့ ၂ ပတ်ကနေ တစ်လလောက်တော့ ကြာတဲ့အတွက်ကြောင့် တုပ်ကွေးရာသီမရောက်ခင်မှာသေချာ ကြိုတင်ပြီးတော့ထိုးဖို့လိုပါတယ်။
Dr. Mya Myo Myo Swe ( www.drmyanmar.com)
(Unicode)
Dr. Mya Myo Myo Swe ( www.drmyanmar.com)






























