/
news/ကလေးများနှင့်ကျန်းမာရေး/တွေ့သမျှအကုန်ဝါးတတ်တဲ့-သားသားမီးမီးလေးတွေအတွက်-အကြံကောင်းများ

တွေ့သမျှအကုန်ဝါးတတ်တဲ့ သားသားမီးမီးလေးတွေအတွက် အကြံကောင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

တွေ့သမျှ စိတ်ရှိလက်ရှိကောက်ဝါး ပါးစပ်ထဲကောက်ထည့်တတ်တဲ့ သားသားမီးမီးအတွက်စိတ်ညစ်နေရပြီလား။ တကယ်တော့ တွေ့သမျှကောက်ဝါးတာကသူတို့ကိုယ်ခန္ဓာဖွံဖြိုးမှုအတွက် အရေးပါတဲ့အဆင့်ပါ။ ရင်သွေးလေးတွေဟာ သူတို့နဲ့ထိတွေ့နေရတဲ့လောကအတွက် စူးစမ်းမှုတွေစတင်ပြုလုပ်တဲ့အဆင့်ဖြစ်ပါတယ်။

 

♦ ပါးစပ်နဲ့ မေးရိုးမှာ လှုပ်ရှားမှုရှိနေရင် အဲဒီလှုပ်ရှားမှုက သူတို့ကို စိတ်ပျော်ရွှင်ကျေနပ်စေပါတယ်။ သူတို့ဂဏှာမငြိမ်စိတ်တိုတဲ့အခါ တခုခုကိုကုန်းကိုက်လိုက်ရင် စိတ်ပြေသွားတတ်သလိုပေါ့။ ဒါပေမယ့် အဲလိုဟိုကိုက်ဒီဝါးလုပ်နေတတ်ခြင်းဟာ အမြဲတမ်းလိုဖြစ်နေပြန်ရင်လည်းအဆင်မပြေပြန်ပါဘူး။

 

♦ သူဘာကြောင့် ကိုက်ချင်ဝါးချင်နေတတ်ပါလိမ့်။ သူလေးစိတ်မကြည်မလင်ဖြစ်နေသလား။ စိတ်တိုဒေါသတွေထွက်သလား။ ဒါမှမဟုတ် သူကောင်းကောင်းဗိုက်မဝလို့များလား။

Ceelin Plus 1

♦ တကယ်လို့ အပေါ်အချက်တွေကောင်းပါလျက် ဗိုက်လည်းဝပါလျက် တွေ့ကရာ မြင်ရာ မကြာခဏဝါးတတ်တဲ့ကလေးအတွက်ဒါလေးတွေအသုံးကျပါတယ်။ ပြေးလွှားလှုပ်ရှားရမယ့် ကစားနည်းလေးတွေကို ဆော့ကစားစေဖို့ပါပဲ။

 

• ကြိုးခုန်စေတာ

• မွေ့ရာပေါ်မှာခုန်ဆော့စေတာ

• တူရိယာတွေဝယ်ပေးထားပြီးအားရပါးရပုတ်စေတီးစေတာ

• မွေးပွဘောလုံးတွေနဲ့ပြေးလွှားဆော့စေတာ

• ပူပေါင်းမှုတ်စေခြင်း

• စိန်ပြေးတမ်း ဆော့စေခြင်းတွေက သူ့ခန္ဓာကိုယ်ကို ချွေးထွက်စေပြီး နေလို့ကောင်းစေပါတယ်။ မောပန်းတဲ့အခါ သူလေးက တွေ့သမျှကောက်ဝါးဖို့ မေ့သွားပါလိမ့််မယ်။

 

♦ အားတိုင်း တွေ့ရာမြင်ရာကောက်ဝါးတတ်တဲ့ကလေးအတွက် ကောင်းတာကလေမှုတ်တူရိယာလေးတွေပါ။ ပီးပီတွေ ဘောလုံးမှုတ်တာ တွေကသူ့ပါးစပ်ကိုအလုပ်ပေးထားပြီး တခြားမဝါးမိအောင်ကောင်းကောင်းကာကွယ်ပေးမှာပါ။

 ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Ceelin Plus 2

(Unicode)


 


 


 


 







 

