/
news/ကလေးများနှင့်ကျန်းမာရေး/ဒေါင်းလေးတွေရဲ့-မေမေ၊-ဖေဖေတို့-ဖတ်ဖို့

ဒေါင်းလေးတွေရဲ့ မေမေ၊ ဖေဖေတို့ ဖတ်ဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

          ဒေါင်းလေးတွေဟာ သာမန်နဲ့မတူတာ ဉာဏ်ရည်နိမ့်ပါးတာတွေ ရှိတတ်ကြပေမယ့် သေသေချာချာ ပြုစုစောင့်ရှောက်မယ်ဆို သာမန်ကလေးတစ်ယောက်လို နေထိုင်နိ်ုင်ကြပါတယ်။ မိဘတစ်ယောက်အနေနဲ့ ဒေါင်းရောဂါလက္ခဏာတွေနဲ့ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ကို ပိုင်ဆိုင်ရတဲ့အခါ အသိစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုအသစ်တွေ အများကြီး ကြုံရပါတယ်။

          ဒါကြောင့် ကလေးကို မစောင့်ရှောက်ခင် ကိုယ့်ကိုယ်ကို အရင်စောင့်ရှောက်ပါ။

●        သူငယ်ချင်းတွေနဲ့ မိဘကို ကလေးပြုစုရာမှာ တက်တက်ကြွကြွ ပါဝင်ဖို့ တွန်းအားပေးပါ။

●        ညနေတိုင်း နာရီဝက် လမ်းလျှောက်ထွက်ပါ။

●        စကား ဝိုင်းဖွဲ့ပြောဆိုပါ။

●        သူငယ်ချင်းတွေကို ပုံမှန်တွေ့ဆုံပါ။

●        ကောင်းကောင်းစားပါ။

●        ဒီလို ဒေါင်းလေးကို ပိုင်ဆိုင်ရတာ သင့်အမှား မဟုတ်ပါဘူး။ မိမိကိုယ်ကို အပြစ်မတင်ပါနဲ့။

 

>>    ရင်သွေးလေးကိုရော ဘယ်လိုစောင့်ရှောက်မလဲ?

●        ကလေးငယ်ကို အသေးစား အလုပ်လေးတွေ အပ်ပါ။ သစ်ရွက်လေးတွေ ချွေချတာ။ စာအုပ်လေးတွေ စီတာ၊ အကျႌလေးတွေ စီစေတာမျိုးပေါ့။

●        တခြားကလေးတွေနဲ့ ပြေးလွှား ဆော့ကစားပါစေ။

●        ရင်သွေးလေးပေါ်မှာ မျှော်လင့်ချက် မြင့်မြင့်မားမားထားပါ။

●        သူ့ဘာသာ ရွေးချယ်တဲ့ ကစားနည်းတွေ ဆော့ကစားခိုင်းပါ။

●        သူ့အတွက် တိကျတဲ့ အချိန်ဇယားထားပါ။ အချိန်နဲ့ စား၊ အချိန်နဲ့ ကစားပါစေ။

●        အမှားပြင်ဆင်ခွင့်ပေးပါ။ အချိန်ပေး နားထောင်ပါ။

●        ဆရာဝန်၊ ဆရာမ ပြသတဲ့အခါ ရင်သွေးလေးကို ကိုယ်နဲ့မကွာ စောင့်ရှောက်နွေးထွေးမှုရပါစေ။

●        စကားကို အရှည်ကြီးမပြောဘဲ လိုသလောက်သာ ပြောပါ။ ဥပမာ - ထမင်းစားကြမယ်၊ အဝတ်လဲလိုက်ပါဦး၊ တစ်ခုပြီးမှ တစ်ခုပြောပါ။ စကားအရှည်ကြီး၊ သူ့ကို ရှုပ်ထွေးအောင် မလုပ်ပါနဲ့။

●        သူလေးကို ကာကွယ်တာလည်း ကာကွယ်ပေါ့။ စိုးရိမ်လည်း စိုးရိမ်ပေါ့။ ဒါပေမဲ့ အလွန်အကျွံ စိုးရိမ်ပြီး နေရာတကာ လိုက်ကာကွယ်နေတာလည်း သူလေးကို ကောင်းကောင်း ကြီးထွားခွင့်မရဘဲ ဖြစ်စေပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)