နိုင်ငံခြားက မိဘတွေ ဘာလို့ ကလေးနဲ့ တစ်ခုတင်တည်း တူတူမအိပ်ကြတာလဲ
ရင်သွေးလေးများ မီးဖွားပြီးကာစ မိခင်များအနေနဲ့ စိတ်ရောလူပါ ပင်ပန်းကြသည်မှာ ဆိုဖွယ်ရာမရှိ ဖြစ်ပါတယ်။ တစ်နေ့တာ အစပြုတာနဲ့ ကလေးငယ်လေးအား နို့တိုက်ခြင်းကနေ အစပြုပြီး ကလေးငယ် မအိပ်မချင်း မိခင်ပါ အိပ်ရေးပျက်ခံကာ သိပ်ရပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကလေးကို မိမိတို့ခုတင်ပေါ်သို့ ခေါ်သိပ်ခြင်းဖြင့် အချိန်ကုန် လူပင်ပန်းသက်သာတယ်လို့ ထင်မြင်ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာဝန်များအဖွဲ့ကနေ အောက်ပါကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ထိုထုတ်ပြန်ချက်ကတော့ ကလေးများကို မိဘများအိပ်ရာပေါ်သို့ ခေါ်မသိပ်သင့်ဘဲ အိပ်ခန်းတွင်းတွင်သာ သီးခြားပုခက်ဖြင့် သိပ်သင့်တယ်လို့ ဆိုပါတယ်။ သီးခြားပုခက်ပေါ်တွင် ပက်လက်အနေအထားဖြင့် သိပ်ရမှာဖြစ်ပြီး ဆိုဖာ၊ ကုလားထိုင်နဲ့ နူးညံ့အိစက်နေသော အရာများပေါ်တွင် လုံးဝမအိပ်စက်စေသင့်ပါဘူး။ အကြောင်းရင်းအနေနဲ့ကတော့ လသားကလေးများ ရုတ်တရက် သေဆုံးခြင်း (Sudden Infant Death Syndrome) ကို ကာကွယ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
>> SIDS ဆိုတာ ဘာလဲ?
အသက် ၁ လမှ ၁၂ လ အတွင်း ကလေးငယ်များ အိပ်ပျော်နေစဉ် ရုတ်တရက် သေဆုံးခြင်းကိုဆိုလိုပြီး ၁ နှစ်အောက်ကလေးငယ်များ သေဆုံးရခြင်း အကြောင်းရင်းများတွင် ထိပ်ဆုံးကနေရာယူလျက်ရှိနေပါတယ်။ လမစေ့ဘဲမွေးသော ကလေးငယ်များတွင် ပိုမိုအဖြစ်များသော်လည်း ကလေးတိုင်းလိုလို သတိထားသင့်ပါတယ်။ ၆ လအောက် ကလေးငယ်များအနေဖြင့် ခေါင်းမနိုင်သေးတာကြောင့် ရုတ်တရက် မှောက်အိပ်တဲ့အခါမှာ အသက်ရှူပိတ်ပြီး သေဆုံးရခြင်း ဖြစ်ပါတယ်။
ထိုအဖြစ်ဆိုးကနေ ကာကွယ်ဖို့အတွက်ကိုတော့ အောက်ပါအတိုင်း ပြင်ဆင်ထားသင့်ပါတယ်။
● ကလေးပုခက်၊ ခုတင်နဲ့ ကိုက်ညီသော အရွယ်အစားရှိသည့် မွေ့ရာခင်းကိုသာ အသုံးပြုပါ။
● ကလေးပုခက်/ခုတင်ထဲတွင် စောင်များ၊ အရုပ်များ၊ ခေါင်းအုံးများ ပြည့်နှက်နေခြင်း မရှိသင့်ပါဘူး။
● အိမ်ထဲနှင့် ကလေးအနီးတွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
● ကလေးအိပ်ရာ ထားသောနေရာဟာ ပူလွန်းသောနေရာ သို့မဟုတ် အေးလွန်းသောနေရာ မဖြစ်သင့်ပါ။
● ကလေးကို ပက်လက်အနေအထားဖြင့်သာ သိပ်သင့်ပါတယ်။
Biogesic for kids IA 1
>> လသားကလေးငယ်များ ရုတ်တရက် သေဆုံးမှုကိုကာကွယ်ဖို့ နောက်ထပ်အရေးကြီးသော အချက်များအနေနဲ့ -
● ကလေးရှိသောအိမ်တွင် သို့မဟုတ် ကလေးနားတစ်ဝိုက်တွင် ဆေးလိပ်သောက်သုံးသူများ လုံးဝမရှိသင့်ပါဘူး။
● မွေးကင်းစ ကလေးငယ်များကို မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။ ၆ လအောက်ကလေးငယ်များကို ရေတိုက်ခြင်း လုံးဝမပြုလုပ်သင့်ပါ။
● ကလေးအသက်အရွယ်အလိုက် ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးပေးသင့်ပါတယ်။
အရေးကြီးသောအချက်အနေနဲ့ မိခင်များအနေဖြင့် ကလေးကို ရင်ခွင်ထဲတွင် ပွေ့သိပ်ထားခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးကို ပွေ့ထားစဉ် မိခင်အိပ်ပျော်သွားပါက ကလေးအသက်ရှူပိတ်ဖို့ အလားအလာ များပြားပါတယ်။
မိခင်များအနေဖြင့် ပင်ပန်းတာကတစ်ကြောင်း၊ ကလေးများ ဂျီကျလို့ စိတ်ညစ်တာက တစ်ကြောင်းနဲ့ စိတ်မရှည်ဖြစ်ရသော အခိုက်အတန့်များ ရှိနိုင်ပါတယ်။ ဒါပေမဲ့ မိမိ တစ်ချက်သတိလွတ်လိုက်တာနဲ့ ရင်သွေးငယ်များ အသက်ဆုံးရှုံးနိုင်တာမို့ အချိန်ပြည့် သတိထားဖို့ မမေ့ကြပါနဲ့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ရင္ေသြးေလးမ်ား မီးဖြားၿပီးကာစ မိခင္မ်ားအေနနဲ႔ စိတ္ေရာလူပါ ပင္ပန္းၾကသည္မွာ ဆိုဖြယ္ရာမရွိ ျဖစ္ပါတယ္။ တစ္ေန႔တာ အစျပဳတာနဲ႔ ကေလးငယ္ေလးအား ႏို႔တိုက္ျခင္းကေန အစျပဳၿပီး ကေလးငယ္ မအိပ္မခ်င္း မိခင္ပါ အိပ္ေရးပ်က္ခံကာ သိပ္ရပါတယ္။ ဒါေၾကာင့္ မိဘမ်ားအေနနဲ႔ ကေလးကို မိမိတို႔ခုတင္ေပၚသို႔ ေခၚသိပ္ျခင္းျဖင့္ အခ်ိန္ကုန္ လူပင္ပန္းသက္သာတယ္လို႔ ထင္ျမင္ၾကပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံ ကေလးအထူးကုဆရာဝန္မ်ားအဖြဲ႕ကေန ေအာက္ပါေၾကညာခ်က္ကို ထုတ္ျပန္လိုက္ပါတယ္။
ထိုထုတ္ျပန္ခ်က္ကေတာ့ ကေလးမ်ားကို မိဘမ်ားအိပ္ရာေပၚသို႔ ေခၚမသိပ္သင့္ဘဲ အိပ္ခန္းတြင္းတြင္သာ သီးျခားပုခက္ျဖင့္ သိပ္သင့္တယ္လို႔ ဆိုပါတယ္။ သီးျခားပုခက္ေပၚတြင္ ပက္လက္အေနအထားျဖင့္ သိပ္ရမွာျဖစ္ၿပီး ဆိုဖာ၊ ကုလားထိုင္နဲ႔ ႏူးညံ့အိစက္ေနေသာ အရာမ်ားေပၚတြင္ လုံးဝမအိပ္စက္ေစသင့္ပါဘူး။ အေၾကာင္းရင္းအေနနဲ႔ကေတာ့ လသားကေလးမ်ား ႐ုတ္တရက္ ေသဆုံးျခင္း (Sudden Infant Death Syndrome) ကို ကာကြယ္ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။
>> SIDS ဆိုတာ ဘာလဲ?
အသက္ ၁ လမွ ၁၂ လ အတြင္း ကေလးငယ္မ်ား အိပ္ေပ်ာ္ေနစဥ္ ႐ုတ္တရက္ ေသဆုံးျခင္းကိုဆိုလိုၿပီး ၁ ႏွစ္ေအာက္ကေလးငယ္မ်ား ေသဆုံးရျခင္း အေၾကာင္းရင္းမ်ားတြင္ ထိပ္ဆုံးကေနရာယူလ်က္ရွိေနပါတယ္။ လမေစ့ဘဲေမြးေသာ ကေလးငယ္မ်ားတြင္ ပိုမိုအျဖစ္မ်ားေသာ္လည္း ကေလးတိုင္းလိုလို သတိထားသင့္ပါတယ္။ ၆ လေအာက္ ကေလးငယ္မ်ားအေနျဖင့္ ေခါင္းမႏိုင္ေသးတာေၾကာင့္ ႐ုတ္တရက္ ေမွာက္အိပ္တဲ့အခါမွာ အသက္႐ွဴပိတ္ၿပီး ေသဆုံးရျခင္း ျဖစ္ပါတယ္။
ထိုအျဖစ္ဆိုးကေန ကာကြယ္ဖို႔အတြက္ကိုေတာ့ ေအာက္ပါအတိုင္း ျပင္ဆင္ထားသင့္ပါတယ္။
● ကေလးပုခက္၊ ခုတင္နဲ႔ ကိုက္ညီေသာ အ႐ြယ္အစားရွိသည့္ ေမြ႕ရာခင္းကိုသာ အသုံးျပဳပါ။
● ကေလးပုခက္/ခုတင္ထဲတြင္ ေစာင္မ်ား၊ အ႐ုပ္မ်ား၊ ေခါင္းအုံးမ်ား ျပည့္ႏွက္ေနျခင္း မရွိသင့္ပါဘူး။
● အိမ္ထဲႏွင့္ ကေလးအနီးတြင္ ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။
● ကေလးအိပ္ရာ ထားေသာေနရာဟာ ပူလြန္းေသာေနရာ သို႔မဟုတ္ ေအးလြန္းေသာေနရာ မျဖစ္သင့္ပါ။
● ကေလးကို ပက္လက္အေနအထားျဖင့္သာ သိပ္သင့္ပါတယ္။
>> လသားကေလးငယ္မ်ား ႐ုတ္တရက္ ေသဆုံးမႈကိုကာကြယ္ဖို႔ ေနာက္ထပ္အေရးႀကီးေသာ အခ်က္မ်ားအေနနဲ႔ -
● ကေလးရွိေသာအိမ္တြင္ သို႔မဟုတ္ ကေလးနားတစ္ဝိုက္တြင္ ေဆးလိပ္ေသာက္သုံးသူမ်ား လုံးဝမရွိသင့္ပါဘူး။
● ေမြးကင္းစ ကေလးငယ္မ်ားကို မိခင္ႏို႔ တစ္မ်ိဳးတည္းကိုသာ တိုက္ေကြၽးသင့္ပါတယ္။ ၆ လေအာက္ကေလးငယ္မ်ားကို ေရတိုက္ျခင္း လုံးဝမျပဳလုပ္သင့္ပါ။
● ကေလးအသက္အ႐ြယ္အလိုက္ ကာကြယ္ေဆးမ်ားကို မျဖစ္မေန ထိုးေပးသင့္ပါတယ္။
အေရးႀကီးေသာအခ်က္အေနနဲ႔ မိခင္မ်ားအေနျဖင့္ ကေလးကို ရင္ခြင္ထဲတြင္ ေပြ႕သိပ္ထားျခင္းမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။ ကေလးကို ေပြ႕ထားစဥ္ မိခင္အိပ္ေပ်ာ္သြားပါက ကေလးအသက္႐ွဴပိတ္ဖို႔ အလားအလာ မ်ားျပားပါတယ္။
မိခင္မ်ားအေနျဖင့္ ပင္ပန္းတာကတစ္ေၾကာင္း၊ ကေလးမ်ား ဂ်ီက်လို႔ စိတ္ညစ္တာက တစ္ေၾကာင္းနဲ႔ စိတ္မရွည္ျဖစ္ရေသာ အခိုက္အတန႔္မ်ား ရွိႏိုင္ပါတယ္။ ဒါေပမဲ့ မိမိ တစ္ခ်က္သတိလြတ္လိုက္တာနဲ႔ ရင္ေသြးငယ္မ်ား အသက္ဆုံးရႈံးႏိုင္တာမို႔ အခ်ိန္ျပည့္ သတိထားဖို႔ မေမ့ၾကပါနဲ႔ေနာ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























