နို့ဘူးတိုက်တဲ့ကလေးတွေ လေထုတ်ဖို့ ပိုလိုအပ်သလား
နို့ဘူးပဲစို့စို့၊ အမေ့နို့ပဲတိုက်တိုက် ကလေးတွေမှာ လေထလေ့ရှိတတ်ကြပါတယ်။
ဒါပေမဲ့ အမေ့နို့တိုက်တဲ့ ကလေးတွေမှာ လေပွတာ နည်းကြတာကို တွေ့ရပါတယ်။ ဒါဟာ အမေ့နို့စို့တဲ့ကလေးတွေမှာ နိ့ုဘူးစို့တာထက်စာရင် နို့စို့ချိန် လေတွေမျိုချမိဖို့ အခွင့်အလမ်း ပိုနည်းပါးတာကြောင့် ဖြစ်ပါတယ်။
ကလေးကို နို့ဘူးတိုက်ခဲ့ရင် လေမထစေတဲ့ နို့ဘူးမျိုး (Anti-Colic Bottle) ကို ရွေးချယ်တိုက်သင့်ပါတယ်။ ဒီလို နို့ဘူးတွေဟာ ကလေးပါးစပ်ထဲ လေဝင်တာနည်းစေပြီး လေပွခြင်း ကင်းဝေးစေနိုင်ပါတယ်။ တချို့မိဘတွေအတွက်တော့ ဒီလိုနို့ဘူးမျိုးက အသုံးဝင်တယ်လို့ ဆိုကြပေမယ့် အခြားနို့ဘူးတွေနဲ့ နှိုင်းယှဉ်စမ်းသပ်ထားတာမျိုးတော့ မရှိသေးပါဘူး။
Ceelin 1
နောက်တစ်ချက်က ကလေးနို့ဘူးရဲ့ နို့သီးခေါင်းပေါက်ဟာ ကလေးပါးစပ်နဲ့ သင့်တော်မှု ရှိ၊ မရှိကိုလည်း သတိပြုရပါမယ်။ နို့သီးခေါင်းပေါက် ကြီးနေတဲ့အခါ နို့တွေ အများကြီး ထွက်လာတဲ့အတွက် ကလေးအတွက် မျိုဖို့ ခက်ခဲနေတတ်ပါတယ်။
ကလေးကို အမေနို့တိုက်သည်ဖြစ်စေ၊ နို့ဘူးတိုက်သည်ဖြစ်စေ တိုက်ပြီးပြီးခြင်း မတ်မတ်ထားကာ လေထုတ်ပေးရပါမယ်။ ဒါမှသာ ကလေးလေပွခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Ceelin 2
(Zawgyi)
ႏို႔ဘူးပဲစို႔စို႔၊ အေမ့ႏို႔ပဲတိုက္တိုက္ ကေလးေတြမွာ ေလထေလ့ရွိတတ္ၾကပါတယ္။
ဒါေပမဲ့ အေမ့ႏို႔တိုက္တဲ့ ကေလးေတြမွာ ေလပြတာ နည္းၾကတာကို ေတြ႕ရပါတယ္။ ဒါဟာ အေမ့ႏို႔စို႔တဲ့ကေလးေတြမွာ နိ႔ုဘူးစို႔တာထက္စာရင္ ႏို႔စို႔ခ်ိန္ ေလေတြမ်ိဳခ်မိဖို႔ အခြင့္အလမ္း ပိုနည္းပါးတာေၾကာင့္ ျဖစ္ပါတယ္။
ကေလးကို ႏို႔ဘူးတိုက္ခဲ့ရင္ ေလမထေစတဲ့ ႏို႔ဘူးမ်ိဳး (Anti-Colic Bottle) ကို ေ႐ြးခ်ယ္တိုက္သင့္ပါတယ္။ ဒီလို ႏို႔ဘူးေတြဟာ ကေလးပါးစပ္ထဲ ေလဝင္တာနည္းေစၿပီး ေလပြျခင္း ကင္းေဝးေစႏိုင္ပါတယ္။ တခ်ိဳ႕မိဘေတြအတြက္ေတာ့ ဒီလိုႏို႔ဘူးမ်ိဳးက အသုံးဝင္တယ္လို႔ ဆိုၾကေပမယ့္ အျခားႏို႔ဘူးေတြနဲ႔ ႏႈိင္းယွဥ္စမ္းသပ္ထားတာမ်ိဳးေတာ့ မရွိေသးပါဘူး။
ေနာက္တစ္ခ်က္က ကေလးႏို႔ဘူးရဲ႕ ႏို႔သီးေခါင္းေပါက္ဟာ ကေလးပါးစပ္နဲ႔ သင့္ေတာ္မႈ ရွိ၊ မရွိကိုလည္း သတိျပဳရပါမယ္။ ႏို႔သီးေခါင္းေပါက္ ႀကီးေနတဲ့အခါ ႏို႔ေတြ အမ်ားႀကီး ထြက္လာတဲ့အတြက္ ကေလးအတြက္ မ်ိဳဖို႔ ခက္ခဲေနတတ္ပါတယ္။
ကေလးကို အေမႏို႔တိုက္သည္ျဖစ္ေစ၊ ႏို႔ဘူးတိုက္သည္ျဖစ္ေစ တိုက္ၿပီးၿပီးျခင္း မတ္မတ္ထားကာ ေလထုတ္ေပးရပါမယ္။ ဒါမွသာ ကေလးေလပြျခင္းကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)






























