နီတာရဲလေးကို ပြုစုနည်း
၉ လတိုင်တိုင် စောင့်စားခဲ့ရပြီးနောက် ကလေးလေး လူ့လောကထဲ ရောက်ရှိလာတဲ့အခါ မိဘနှစ်ပါးဟာ ပြောမပြတတ်အောင် မိုးမမြင်လေမမြင် ပျော်နေတတ်ကြပါတယ်။
ကလေးလေးကြောင့် တစ်အိမ်လုံးလည်း စိတ်လက်ကြည်သာနေတတ်ကြပေမယ့် ကလေးကို ပြုစုစောင့်ရှောက်ရတဲ့အခါမှာတော့ သေချာဂဃနဏ နားမလည်တဲ့အတွက် အငိုက်မိတတ်ကြပါတယ်။ လူတိုင်းက ဘာလုပ်သင့်တယ်ဆိုတာကို အကြံအမျိုးမျိုး ပေးတတ်ကြပေမယ့် စိတ်လှုပ်ရှားမှုတွေကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်။
၁။ အကူအညီတောင်းဖို့ မရွံ့ပါနဲ့။
ဆေးရုံမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ အကူအညီတောင်းကြည့်ပါ။
● အစပိုင်းမှာ ကလေးပြုစုနည်း ဘာမှမသိသေးပါဘူး။
● ဒါကြောင့် အတွေ့အကြုံရှိသူတွေထံမှ အကူအညီတောင်းခြင်းဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုတွေ ဖြစ်လာစေပါတယ်။
● ကလေးနို့တိုက်နည်းတွေကို သေချာမေးမြန်းပါ။
၂။ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ပါ။
ကလေးလေးဟာ ငယ်လွန်းသေးတာကြောင့် ရောဂါပိုးမွှားပေါင်းစုံ ဝင်ရောက်နိုင်ပါတယ်။
● ကိုယ်တိုင်ရော၊ ဘေးပတ်ဝန်းကျင်ပါ သန့်သန့်ရှင်းရှင်းနေပါ။
● ကလေးကို မကိုင်တွယ်မီ လက်ဆေးရည်အသုံးပြုပါ။ အခန်းကို သန့်ရှင်းနေပါစေ။
● ကလေးကို ရောဂါပိုးမွှားမဝင်အောင် ဂရုစိုက်ပါ။
၃။ ကလေးလေးဟာ နုနယ်တယ်ဆိုတာ သတိပြုပါ။
ကလေးလေးဟာ နုနယ်တာကြောင့် သတိနဲ့ ပြုစုရပါမယ်။
● ကလေးကိုချီတဲ့အခါ ခေါင်းနဲ့လည်ပင်းကို ထိန်းပေးထားရပါမယ်။
● ကလေးတွန်းလှည်းတွေ၊ သိုင်းကြိုးတွေနဲ့ အပြင်ထွက်တဲ့အခါ သေချာတုပ်နှောင်ထားပါ။
● ကလေးကို လှုပ်ခါတာ၊ လေထဲမြှောက်ပင့်တာမျိုး မလုပ်သင့်ပါဘူး။
၄။ အစပိုင်းမှာကလေးနဲ့ မေတ္တာနှောင်ကြိုး တည်ဆောက်ပါ။
● ကလေးကို ပွေ့ဖက်ပြီး ချစ်ခြင်းတွေနဲ့ ဖြည်းဖြည်းချင်း ပုတ်ပေးပါ။ ကလေးအတွက် မိဘရဲ့ထိတွေ့မှုက အရေးကြီးပါတယ်။
● ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ကလေးကို နှိပ်နယ်ပေးနိုင်ပါတယ်။
● ကလေး လိုအပ်ချက်တိုင်းအတွက် အဆင်သင့် ရှိနေသင့်ပါတယ်။
၅။ သေးခံကို ရွေးချယ်ပါ။
တချို့မိဘတွေက ကော်တွန်အဝတ်သေးခံကို ပိုကြိုက်တတ်ကြပြီး တချို့ကတော့ တစ်ခါသုံးသေးခံတွေကို ပိုနှစ်ခြိုက်တတ်ပါတယ်။ ၂ ခုလုံးမှာ ကောင်းကျိုး၊ ဆိုးကျိုး အသီးသီး ရှိနေပါတယ်။
● ကလေးဟာ တစ်နေ့ကို သေးခံ ၁၀ ခုနဲ့အထက် စိုနိုင်တယ်ဆိုတာကို သတိရပါ။ လုံလောက်အောင် ဝယ်ထားရပါမယ်။
● တချို့ကလေးတွေမှာ အနီကွက်တွေ ပေါ်လာနိုင်တာကြောင့် ကလေးတင်ပါးလေးကို သန့်ရှင်းအောင် ဆပ်ပြာမပါတဲ့ အဝတ်စနဲ့ ပွတ်တိုက်ပေးပြီး ဆရာဝန် ညွှန်ကြားတဲ့လိမ်းဆေးလေး လိမ်းပေးနိုင်ပါတယ်။
Biogesic for kids IA 1
၆။ နို့တိုက်ပြီး လေထုတ်ပါ။
ကလေးဗိုက်ဆာတဲ့အခါ သိဖို့ အရေးကြီးပါတယ်။
● ကလေး ငိုတယ်၊ ပါးစပ်ထဲ လက်ထည့်တယ်၊ တပြွတ်ပြွတ် လုပ်နေတယ်ဆိုတာတွေဟာ သူ ဗိုက်ဆာနေကြောင်း ပြသနေတာ ဖြစ်ပါတယ်။
● ကလေးကို ဆာမှ နို့တိုက်ပါ။
● နို့တိုက်ပြီးတိုင်းလည်း လေထုတ်ပေးရပါမယ်။
၇။ ချက်တိုင်ခြောက်ဖို့ အရေးကြီးပါတယ်။
ကလေးချက်တိုင်ခြောက်ဖို့ အချိန် ၁ ပတ်မှ ၄ ပတ်ထိ ကြာနိုင်ပါတယ်။
● ချက်ကြွေတဲ့အထိ ကလေးကို ရေပတ်ပဲ တိုက်ပေးသင့်ပါတယ်။
● ချက်တိုင်ဟာ အဝါရောင်မှ အမည်းရောင် ပြောင်းလာပါလိမ့်မယ်။
● အနီရောင် ပြောင်းတာ၊ အနံ့ဆိုးတာနဲ့ ဆရာဝန်နဲ့ ပြသပါ။
၈။ အိပ်ဖို့ အရေးကြီးပါတယ်။
● ကလေးအတွက် အိပ်ချိန်က အရေးအကြီးဆုံးပါ။
● ကလေး ကြီးထွားဖို့အတွက် လိုအပ်ပါတယ်။
● တစ်နေ့ကို ၁၂ နာရီမှ ၁၆ နာရီထိ လိုနိုင်ပါတယ်။
● ကလေး ကောင်းကောင်း အိပ်ပျော်စေဖို့ သီချင်းဆိုပေးတာ၊ ပွေ့ဖက်ပေးတာမျိုး လုပ်ပေးပါ။
၉။ ကလေးကို ချော့နည်းတွေ လေ့လာပါ။
ငိုယိုဂျီကျတာဟာ ကလေးတွေအတွက် ပုံမှန်ပဲ ဖြစ်ပါတယ်။
● ဘာကြောင့် ငိုနေတာလဲဆိုတဲ့ အကြောင်းရင်းကိုလ ိုက်ရှာပါ။
● ငိုတာဟာ ကလေးရဲ့တစ်ခုတည်းသော ဆက်သွယ်မှုပါ။ ဒါကြောင့် ဘယ်လိုချော့ရမယ်ဆိုတာ ကြံစည်ပါ။
၁၀။ စိတ်အေးအေးထားပါ။
● ကလေးကို ထိန်းမရတဲ့အခါ ဒေါသထွက်တာ၊ ညည်းညူတာမျိုး မလုပ်ပါနဲ့။
● ဒါဟာ ကလေးကြီးထွားမှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် တတ်နိုင်သမျှ ပျော်ရွှင်စွာနဲ့ လက်ခံပါ။
Biogesic for kids IA 2
(Zawgyi)
၉ လတိုင္တိုင္ ေစာင့္စားခဲ့ရၿပီးေနာက္ ကေလးေလး လူ႔ေလာကထဲ ေရာက္ရွိလာတဲ့အခါ မိဘႏွစ္ပါးဟာ ေျပာမျပတတ္ေအာင္ မိုးမျမင္ေလမျမင္ ေပ်ာ္ေနတတ္ၾကပါတယ္။
ကေလးေလးေၾကာင့္ တစ္အိမ္လုံးလည္း စိတ္လက္ၾကည္သာေနတတ္ၾကေပမယ့္ ကေလးကို ျပဳစုေစာင့္ေရွာက္ရတဲ့အခါမွာေတာ့ ေသခ်ာဂဃနဏ နားမလည္တဲ့အတြက္ အငိုက္မိတတ္ၾကပါတယ္။ လူတိုင္းက ဘာလုပ္သင့္တယ္ဆိုတာကို အႀကံအမ်ိဳးမ်ိဳး ေပးတတ္ၾကေပမယ့္ စိတ္လႈပ္ရွားမႈေတြေၾကာင့္ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ျဖစ္တတ္ၾကပါတယ္။
၁။ အကူအညီေတာင္းဖို႔ မ႐ြံ႕ပါနဲ႔။
ေဆး႐ုံမွာျဖစ္ေစ၊ အိမ္မွာျဖစ္ေစ အကူအညီေတာင္းၾကည့္ပါ။
● အစပိုင္းမွာ ကေလးျပဳစုနည္း ဘာမွမသိေသးပါဘူး။
● ဒါေၾကာင့္ အေတြ႕အႀကဳံရွိသူေတြထံမွ အကူအညီေတာင္းျခင္းျဖင့္ ကိုယ့္ကိုယ္ကို ယုံၾကည္စိတ္ခ်မႈေတြ ျဖစ္လာေစပါတယ္။
● ကေလးႏို႔တိုက္နည္းေတြကို ေသခ်ာေမးျမန္းပါ။
၂။ က်န္းမာေရးနဲ႔ ညီၫြတ္စြာ ေနထိုင္ပါ။
ကေလးေလးဟာ ငယ္လြန္းေသးတာေၾကာင့္ ေရာဂါပိုးမႊားေပါင္းစုံ ဝင္ေရာက္ႏိုင္ပါတယ္။
● ကိုယ္တိုင္ေရာ၊ ေဘးပတ္ဝန္းက်င္ပါ သန႔္သန႔္ရွင္းရွင္းေနပါ။
● ကေလးကို မကိုင္တြယ္မီ လက္ေဆးရည္အသုံးျပဳပါ။ အခန္းကို သန႔္ရွင္းေနပါေစ။
● ကေလးကို ေရာဂါပိုးမႊားမဝင္ေအာင္ ဂ႐ုစိုက္ပါ။
၃။ ကေလးေလးဟာ ႏုနယ္တယ္ဆိုတာ သတိျပဳပါ။
ကေလးေလးဟာ ႏုနယ္တာေၾကာင့္ သတိနဲ႔ ျပဳစုရပါမယ္။
● ကေလးကိုခ်ီတဲ့အခါ ေခါင္းနဲ႔လည္ပင္းကို ထိန္းေပးထားရပါမယ္။
● ကေလးတြန္းလွည္းေတြ၊ သိုင္းႀကိဳးေတြနဲ႔ အျပင္ထြက္တဲ့အခါ ေသခ်ာတုပ္ေႏွာင္ထားပါ။
● ကေလးကို လႈပ္ခါတာ၊ ေလထဲေျမႇာက္ပင့္တာမ်ိဳး မလုပ္သင့္ပါဘူး။
၄။ အစပိုင္းမွာကေလးနဲ႔ ေမတၱာေႏွာင္ႀကိဳး တည္ေဆာက္ပါ။
● ကေလးကို ေပြ႕ဖက္ၿပီး ခ်စ္ျခင္းေတြနဲ႔ ျဖည္းျဖည္းခ်င္း ပုတ္ေပးပါ။ ကေလးအတြက္ မိဘရဲ႕ထိေတြ႕မႈက အေရးႀကီးပါတယ္။
● ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း ကေလးကို ႏွိပ္နယ္ေပးႏိုင္ပါတယ္။
● ကေလး လိုအပ္ခ်က္တိုင္းအတြက္ အဆင္သင့္ ရွိေနသင့္ပါတယ္။
၅။ ေသးခံကို ေ႐ြးခ်ယ္ပါ။
တခ်ိဳ႕မိဘေတြက ေကာ္တြန္အဝတ္ေသးခံကို ပိုႀကိဳက္တတ္ၾကၿပီး တခ်ိဳ႕ကေတာ့ တစ္ခါသုံးေသးခံေတြကို ပိုႏွစ္ၿခိဳက္တတ္ပါတယ္။ ၂ ခုလုံးမွာ ေကာင္းက်ိဳး၊ ဆိုးက်ိဳး အသီးသီး ရွိေနပါတယ္။
● ကေလးဟာ တစ္ေန႔ကို ေသးခံ ၁၀ ခုနဲ႔အထက္ စိုႏိုင္တယ္ဆိုတာကို သတိရပါ။ လုံေလာက္ေအာင္ ဝယ္ထားရပါမယ္။
● တခ်ိဳ႕ကေလးေတြမွာ အနီကြက္ေတြ ေပၚလာႏိုင္တာေၾကာင့္ ကေလးတင္ပါးေလးကို သန႔္ရွင္းေအာင္ ဆပ္ျပာမပါတဲ့ အဝတ္စနဲ႔ ပြတ္တိုက္ေပးၿပီး ဆရာဝန္ ၫႊန္ၾကားတဲ့လိမ္းေဆးေလး လိမ္းေပးႏိုင္ပါတယ္။
၆။ ႏို႔တိုက္ၿပီး ေလထုတ္ပါ။
ကေလးဗိုက္ဆာတဲ့အခါ သိဖို႔ အေရးႀကီးပါတယ္။
● ကေလး ငိုတယ္၊ ပါးစပ္ထဲ လက္ထည့္တယ္၊ တႁပြတ္ႁပြတ္ လုပ္ေနတယ္ဆိုတာေတြဟာ သူ ဗိုက္ဆာေနေၾကာင္း ျပသေနတာ ျဖစ္ပါတယ္။
● ကေလးကို ဆာမွ ႏို႔တိုက္ပါ။
● ႏို႔တိုက္ၿပီးတိုင္းလည္း ေလထုတ္ေပးရပါမယ္။
၇။ ခ်က္တိုင္ေျခာက္ဖို႔ အေရးႀကီးပါတယ္။
ကေလးခ်က္တိုင္ေျခာက္ဖို႔ အခ်ိန္ ၁ ပတ္မွ ၄ ပတ္ထိ ၾကာႏိုင္ပါတယ္။
● ခ်က္ေႂကြတဲ့အထိ ကေလးကို ေရပတ္ပဲ တိုက္ေပးသင့္ပါတယ္။
● ခ်က္တိုင္ဟာ အဝါေရာင္မွ အမည္းေရာင္ ေျပာင္းလာပါလိမ့္မယ္။
● အနီေရာင္ ေျပာင္းတာ၊ အနံ႔ဆိုးတာနဲ႔ ဆရာဝန္နဲ႔ ျပသပါ။
၈။ အိပ္ဖို႔ အေရးႀကီးပါတယ္။
● ကေလးအတြက္ အိပ္ခ်ိန္က အေရးအႀကီးဆုံးပါ။
● ကေလး ႀကီးထြားဖို႔အတြက္ လိုအပ္ပါတယ္။
● တစ္ေန႔ကို ၁၂ နာရီမွ ၁၆ နာရီထိ လိုႏိုင္ပါတယ္။
● ကေလး ေကာင္းေကာင္း အိပ္ေပ်ာ္ေစဖို႔ သီခ်င္းဆိုေပးတာ၊ ေပြ႕ဖက္ေပးတာမ်ိဳး လုပ္ေပးပါ။
၉။ ကေလးကို ေခ်ာ့နည္းေတြ ေလ့လာပါ။
ငိုယိုဂ်ီက်တာဟာ ကေလးေတြအတြက္ ပုံမွန္ပဲ ျဖစ္ပါတယ္။
● ဘာေၾကာင့္ ငိုေနတာလဲဆိုတဲ့ အေၾကာင္းရင္းကိုလ ိုက္ရွာပါ။
● ငိုတာဟာ ကေလးရဲ႕တစ္ခုတည္းေသာ ဆက္သြယ္မႈပါ။ ဒါေၾကာင့္ ဘယ္လိုေခ်ာ့ရမယ္ဆိုတာ ႀကံစည္ပါ။
၁၀။ စိတ္ေအးေအးထားပါ။
● ကေလးကို ထိန္းမရတဲ့အခါ ေဒါသထြက္တာ၊ ညည္းညဴတာမ်ိဳး မလုပ္ပါနဲ႔။
● ဒါဟာ ကေလးႀကီးထြားမႈရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တာေၾကာင့္ တတ္ႏိုင္သမွ် ေပ်ာ္႐ႊင္စြာနဲ႔ လက္ခံပါ။






























