နေမကောင်းတဲ့ကလေးကို မကျွေးရမယ့်အစားအစာများ
1. နွားနို့
နွားနို့က တချို့ကလေးတွေမှာ ရင်ကြပ်တာကိုပိုဆိုးစေပါတယ်။ ကလေးနေမကောင်းတဲ့အချိန်မှာ နွားနို့မတိုက်ပါနဲ့။ နွားနို့အစား ပဲနို့ကို ကလေးနေမကောင်းချိန်မှာတိုက်လို့ရပါတယ်။
2. အချို့သော သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ
ကလေးလည်ချောင်းနာနေရင် စပျစ်သီး၊ ငှက်ပျောသီး၊ လိုင်ချီးသီး၊ ဖရဲသီး၊ အုန်းသီး၊ လိမ္မော်သီးစတဲ့အသီးတွေမကျွေးပါနဲ့။ ကလေးနေမကောင်းတဲ့အချိန်မှာ သခွားသီး၊ ဖရုံသီး၊ ကြက်ဟင်းခါးသီး စတဲ့ဟင်းသီးဟင်းရွက်တွေလည်းမကျွေးပါနဲ့ဦး။
3. သကြားဖြူတွေနဲ့ သကြားလုံးတွေ
သကြားအစားများတာက ဘယ်သူအတွက်မှမကောင်းပါဘူး။ အထူးသဖြင့်ကလေးတွေနဲ့တွားသွားအရွယ်ကလေးငယ်တွေအတွက်ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဒီတော့ အထူးသဖြင့် အအေးမိဖျားနာချောင်းဆိုးနေချိန်မှာ သကြားတွေ၊ သကြားတွေပါတဲ့ ချိုချဉ်တွေမကျွေးသင့်ပါဘူး။
Biogesic for kids IA 1
4. သစ်သီးခြောက်နဲ့ အခွံမာသီးတွေ
ကလေးက အအေးမိဖျားနာချောင်းဆိုးနေချိန်မှာ သစ်သီးခြောက်တွေ၊ အခွံမာသီးတွေကို ဝါးစားရခက်ပါတယ်။ ပြီးတော့ စားနေတုန်းချောင်းဆိုးလိုက်ရင် လည်ပင်းမှာတစ်နိုင်ချေကလည်းရှိသေးတယ်။ ဒါကြောင့် ကလေးနေမကောင်းတဲ့အချိန်မှာ ဒါတွေလုံးဝမကျွေးပါနဲ့။
5. အဆီများပြီး စပ်တဲ့အစားအစာတွေ
အဆီများတဲ့၊ စပ်တဲ့အစားအစာတွေက လည်ချောင်းကိုပိုဆိုးစေပြီးတော့ အအေးမိချောင်းဆိုးတာကိုပိုဆိုးစေပါတယ်.
အအေးမိချောင်းဆိုးနေတဲ့ကလေးငယ်ကို အစာကျွေးရာမှာသိထားသင့်တဲ့အချက်တွေ
• အသက် ၆ လနဲ့အောက်ကလေးငယ်တွေကို နေမကောင်းနေချိန်မှာ မိခင်နို့ (သို့) တိုက်နေကျနို့မှုန့်ဆက်တိုက်သင့်ပါတယ်။
• အသက် ၆ လအထက်ကလေးငယ်တွေအတွက်တော့ တစ်နေ့ကို ၃ကြိမ်နဲ့တစ်ခါစားရင်အများကြီးကျွေးမယ့်အစား တစ်ခါကျွေးရင်နည်းနည်းနဲ့ မကြာခဏကျွေးပေးသင့်ပါတယ်။
• ဆရာဝန်က ကလေးကို ဓာတ်ဆားရည်သောက်ဖို့ညွှန်ရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသေချာတိုက်ပါ။
• ကလေးတစ်ခုခုကိုမစားချင်ရင် အတင်းမကျွေးပါနဲ့။ သူစားချင်တာလေးကိုချော့ကျွေးပါ။
• အသက် ၆ လအထက်ကလေးငယ်ကို ရေဓာတ်ပြည့်ဝစေဖို့ဂရုစိုက်ပါ။ ရေ၊ နို့၊ စွပ်ပြုတ်၊ လတ်ဆတ်တဲ့သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံတိုက်ပေးပါ။
ဒါတွေကတော့ အအေးမိဖျားနာတဲ့ကလေးငယ်တွေအတွက် လိုက်နာသင့်တဲ့ ယေဘူယျနည်းလမ်းတွေပါ။ ဒါပေမယ့် နားမှာနာကျင်ခြင်း၊ အသက်ရှူရင်အသံမြည်ခြင်းစတဲ့ လက္ခဏာတွေတွေ့ရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Biogesic for kids IA 2
1. ႏြားႏို႔
ႏြားႏို႔က တခ်ိဳ႕ကေလးေတြမွာ ရင္ၾကပ္တာကိုပိုဆိုးေစပါတယ္။ ကေလးေနမေကာင္းတဲ့အခ်ိန္မွာ ႏြားႏို႔မတိုက္ပါနဲ႔။ ႏြားႏို႔အစား ပဲႏို႔ကို ကေလးေနမေကာင္းခ်ိန္မွာတိုက္လို႔ရပါတယ္။
2. အခ်ိဳ႕ေသာ သစ္သီးနဲ႔ဟင္းသီးဟင္း႐ြက္ေတြ
ကေလးလည္ေခ်ာင္းနာေနရင္ စပ်စ္သီး၊ ငွက္ေပ်ာသီး၊ လိုင္ခ်ီးသီး၊ ဖရဲသီး၊ အုန္းသီး၊ လိေမၼာ္သီးစတဲ့အသီးေတြမေကြၽးပါနဲ႔။ ကေလးေနမေကာင္းတဲ့အခ်ိန္္မွာ သခြားသီး၊ ဖ႐ုံသီး၊ ၾကက္ဟင္းခါးသီး စတဲ့ဟင္းသီးဟင္း႐ြက္ေတြလည္းမေကြၽးပါနဲ႔ဦး။
3. သၾကားျဖဴေတြနဲ႔ သၾကားလုံးေတြ
သၾကားအစားမ်ားတာက ဘယ္သူအတြက္မွမေကာင္းပါဘူး။ အထူးသျဖင့္ကေလးေတြနဲ႔တြားသြားအ႐ြယ္ကေလးငယ္ေတြအတြက္ဆိုရင္ ပိုေတာင္ဆိုးပါေသးတယ္။ ဒီေတာ့ အထူးသျဖင့္ အေအးမိဖ်ားနာေခ်ာင္းဆိုးေနခ်ိန္မွာ သၾကားေတြ၊ သၾကားေတြပါတဲ့ ခ်ိဳခ်ဥ္ေတြမေကြၽးသင့္ပါဘူး။
4. သစ္သီးေျခာက္နဲ႔ အခြံမာသီးေတြ
ကေလးက အေအးမိဖ်ားနာေခ်ာင္းဆိုးေနခ်ိန္မွာ သစ္သီးေျခာက္ေတြ၊ အခြံမာသီးေတြကို ဝါးစားရခက္ပါတယ္။ ၿပီးေတာ့ စားေနတုန္းေခ်ာင္းဆိုးလိုက္ရင္ လည္ပင္းမွာတစ္ႏိုင္ေခ်ကလည္းရွိေသးတယ္။ ဒါေၾကာင့္ ကေလးေနမေကာင္းတဲ့အခ်ိန္မွာ ဒါေတြလုံးဝမေကြၽးပါနဲ႔။
5. အဆီမ်ားၿပီး စပ္တဲ့အစားအစာေတြ
အဆီမ်ားတဲ့၊ စပ္တဲ့အစားအစာေတြက လည္ေခ်ာင္းကိုပိုဆိုးေစၿပီးေတာ့ အေအးမိေခ်ာင္းဆိုးတာကိုပိုဆိုးေစပါတယ္.
အေအးမိေခ်ာင္းဆိုးေနတဲ့ကေလးငယ္ကို အစာေကြၽးရာမွာသိထားသင့္တဲ့အခ်က္ေတြ
• အသက္ ၆ လနဲ႔ေအာက္ကေလးငယ္ေတြကို ေနမေကာင္းေနခ်ိန္မွာ မိခင္ႏို႔ (သို႔) တိုက္ေနက်ႏို႔မႈန႔္ဆက္တိုက္သင့္ပါတယ္။
• အသက္ ၆ လအထက္ကေလးငယ္ေတြအတြက္ေတာ့ တစ္ေန႔ကို ၃ႀကိမ္နဲ႔တစ္ခါစားရင္အမ်ားႀကီးေကြၽးမယ့္အစား တစ္ခါေကြၽးရင္နည္းနည္းနဲ႔ မၾကာခဏေကြၽးေပးသင့္ပါတယ္။
• ဆရာဝန္က ကေလးကို ဓာတ္ဆားရည္ေသာက္ဖို႔ၫႊန္ရင္ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္းေသခ်ာတိုက္ပါ။
• ကေလးတစ္ခုခုကိုမစားခ်င္ရင္ အတင္းမေကြၽးပါနဲ႔။ သူစားခ်င္တာေလးကိုေခ်ာ့ေကြၽးပါ။
• အသက္ ၆ လအထက္ကေလးငယ္ကို ေရဓာတ္ျပည့္ဝေစဖို႔ဂ႐ုစိုက္ပါ။ ေရ၊ ႏို႔၊ စြပ္ျပဳတ္၊ လတ္ဆတ္တဲ့သစ္သီးေဖ်ာ္ရည္စတဲ့ အရည္မ်ိဳးစုံတိုက္ေပးပါ။
ဒါေတြကေတာ့ အေအးမိဖ်ားနာတဲ့ကေလးငယ္ေတြအတြက္ လိုက္နာသင့္တဲ့ ေယဘူယ်နည္းလမ္းေတြပါ။ ဒါေပမယ့္ နားမွာနာက်င္ျခင္း၊ အသက္ရႉရင္အသံျမည္ျခင္းစတဲ့ လကၡဏာေတြေတြ႕ရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္းသြားျပပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























