ပန်းနာရင်ကြပ်ရှိမှန်း မသိခဲ့လို့
(Zawgyi)
ပန္းနာရင္ၾကပ္ေရာဂါ ခံစားေနရတဲ့ သားေရာ၊ သမီးေရာေၾကာင့္ ဂ်နီဖာတို႔မိသားစု ေတာ္ေတာ္ စိတ္ညစ္စရာေတြ မ်ားခဲ့ရတာပါ။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္ထိကေနစၿပီး မိခင္ေရာ၊ ဖခင္ေရာ သိလိုက္ရတာက ေမြးထားတဲ့ ကေလးႏွစ္ေယာက္လံုးမွာ ရင္ၾကပ္ေရာဂါ ႐ွိေနတာပါပဲ။
သမီးႀကီးက မၾကာခဏ ေခ်ာင္းတဟြတ္ဟြတ္ ဆိုးေနတတ္ၿပီး အၿမဲေနမေကာင္းေနတတ္သူပါ။ ငယ္ငယ္ကတည္းက ဆရာဝန္ဆီ သြားေပမယ့္ ခဏသက္သာၿပီး သိပ္မၾကာခင္ ျပန္ျဖစ္တာပါပဲ။ အိပ္ရာဝင္ခါနီးတိုင္းလည္း ေခ်ာင္းေလးတဟပ္ဟပ္ ေခ်ာင္းဆိုးသံ ညတိုင္းၾကားေနရတဲ့ သမီးႀကီးအတြက္ေၾကာင့္ မိဘႏွစ္ပါးမွာ တစက္ေလးမွ စိတ္မခ်မ္းသာခဲ့ရပါဘူး။ စိတ္မခ်မ္းသာေပမယ့္ ဒီတိုင္းပဲ ၾကည့္ေနရပါတယ္။ ရာသီဥတုေလး ေျပာင္းလာတိုင္း ေခ်ာင္းဆိုးေနတတ္ၿပီး ပိုလည္း ဆိုးမလာေတာ့ ဒီတိုင္းထားမိလ်က္သားပါပဲ။
အသက္ ၆ ႏွစ္ေလာက္က်ေတာ့ ဓာတ္မတည့္တာကို အထူးျပဳေလ့လာတဲ့ပညာ႐ွင္ တစ္ေယာက္နဲ႔ဆံုမိၿပီးမွ သမီးႀကီးမွာ ဖုန္အမႈန္နဲ႔ ဓာတ္မတည့္တာႀကံဳတိုု္င္း မၾကာခဏ ၾကပ္ေန၊ ေခ်ာင္းဆိုးေနမွာျဖစ္ေၾကာင္း၊ ပန္းနာရင္ၾကပ္ေရာဂါရွိေနတာျဖစ္ေၾကာင္း သိလိုက္ရပါတယ္။
သိပ္မၾကာပါဘူး။ သားငယ္မွာပါ ထပ္ဇာတ္လမ္းစလာျပန္ပါတယ္။ သမီးႀကီးရဲ႕ရင္ၾကပ္ပန္းနာကေန သင္ခန္းစာရခဲ့တဲ့ ဇနီးေမာင္ႏွံဟာ အခုတဖန္ သားငယ္ေလးအတြက္ကို လ်င္လ်င္ျမန္ျမန္ပဲ ေရာဂါ႐ွာေတြ႕ခဲ့ပါတယ္။ ဓာတ္ခြဲစစ္ေဆးခ်က္အရ သားငယ္ဟာ ေျမပဲနဲ႔ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြကို ဓာတ္မတည့္ေၾကာင္း ေတြ႕႐ွိရပါတယ္။ အဲဒါေတြကို ေ႐ွာင္လိုက္ျပန္ေတာ့ အေတာ္ေလး ေနျပန္ေကာင္းလာပါတယ္။ ဒါေပမဲ့ အေအးပိုတဲ့ေန႔ေတြ ေလျပင္းမိတဲ့အခ်ိန္ေတြ ဖုန္ေတြ၊ သဲေတြနဲ႔ ေဆာ့မိတဲ့ရက္ေတြမွာ သားငယ္ဟာ အျမဲၾကပ္ေနတတ္တုန္းပါပဲ။
Solmux Kids 1

သားငယ္အတြက္ကိုလည္း ဆရာဝန္ ၫႊန္ၾကားတဲ့ ႐ွဴေဆးေလးနဲ႔ အထူးကုဆရာဝန္ဆီ သြားလိုက္ျပန္လိုက္နဲ႔ လင္မယားႏွစ္ေယာက္လံုး ဗ်ာမ်ားၾကရ႐ွာပါတယ္။ အေတာ္စိတ္႐ႈပ္ စိတ္ပ်က္စရာေကာင္းတဲ့ ပန္းနာရင္ၾကပ္ေရာဂါလို႔ ဆိုရမွာပါ။
ဒါနဲ႔ပဲ သိပ္ေအးတဲ့ေဒသကို စြန္႔ခြာၿပီး ရာသီဥတုမွ်တတဲ့ အပူပိုင္းၿမိဳ႕တစ္ခုကို ေျပာင္းခဲ့ၾကပါတယ္။ အိမ္တြင္းအိမ္ျပင္ကိုလည္း ဖုန္မထေစဖို႔ သဘာဝျပတင္းေပါက္ေတြ ဖြင့္ထားၿပီး ေလဝင္ေလထြက္ ေကာင္းေစတဲ့အျပင္ သမံသလင္း အျပည့္ခင္းလိုက္ပါတယ္။ အိမ္မွာ ပန္းကအစ မစိုက္၊ အိမ္ေမြး တိရစာၦန္လည္း မေမြးခဲ့ၾကပါဘူး။ ဟိုသိပ္ေအးတဲ့ေဒသမွာတုန္းက မၾကာခဏ ခြၽဲထရင္ၾကပ္ခဲ့ၾကတဲ့ ေမာင္ႏွမႏွစ္ေယာက္ အရင္လို မၾကပ္တတ္ေတာ့တာ ေတြ႕ရပါတယ္။ ေမာင္ႏွမႏွစ္ေယာက္ အခုေတာ့ အေတာ္ေလး က်န္းမာေရး ေကာင္းမြန္လာၿပီး တစ္ရက္ကို တႀကိမ္ခန္႔သာ ေဆး႐ွဴရၿပီး မတည့္တဲ့ အစားအစာေတြကိုလည္း သတိ႐ွိ႐ွိေဝးေဝးထားတဲ့ မိခင္ဖခင္ေၾကာင့္ သူတို႔ ေလးေတြ လက္႐ွိက်န္းမာေနၾကပါတယ္။
တေလာကေတာ့ သူမ်ားအိမ္သြားလည္ရင္း ေခြးေလးကို ေပြ႕မိလို႔ သားငယ္ ရင္ျပန္ၾကပ္သလို သူငယ္ခ်င္းေတြနဲ႔ တိရစာၦန္႐ံုလိုက္သြားတဲ့ သမီးႀကီးကိုလည္း ရင္ၾကပ္လာလို႔ ဆရာဝန္နဲ႔ ျပန္ျပခဲ့ရတာတစ္ခုပါပဲ။
ဒီအျဖစ္ေလးကို ၾကည့္ျခင္းအားျဖင့္ ေနရာေဒသ ေျပာင္းလဲေနထိုင္ျခင္း၊ ကေလးေတြကို မတည့္တဲ့ အရာေတြကေန ေဝးေဝးထားျခင္း ... ဥပမာ - ပန္း၊ ေမြးပြအ႐ုပ္၊ ေႏြးေႏြးေထြးေထြးထားျခင္း၊ ေလစိမ္းတိုက္မခံေစျခင္း၊ အိမ္ေမြးတိရစာၦန္မ်ားႏွင့္ မထိေတြ႕ေစျခင္း၊ အစားအစာ ဆင္ျခင္ေကြၽးေမြးျခင္းတို႔ျဖင့္ အဆင္ေျပေျပနဲ႔ ပန္းနာရင္ၾကပ္ မၾကာခဏထတာကို အလြယ္တကူ ကာကြယ္ႏိုင္ပါတယ္ေနာ္။
Solmux Kids 2

(Unicode)
ပန်းနာရင်ကြပ်ရောဂါ ခံစားနေရတဲ့ သားရော၊ သမီးရောကြောင့် ဂျနီဖာတို့မိသားစု တော်တော် စိတ်ညစ်စရာတွေ များခဲ့ရတာပါ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ထိကနေစပြီး မိခင်ရော၊ ဖခင်ရော သိလိုက်ရတာက မွေးထားတဲ့ ကလေးနှစ်ယောက်လုံးမှာ ရင်ကြပ်ရောဂါ ရှိနေတာပါပဲ။
သမီးကြီးက မကြာခဏ ချောင်းတဟွတ်ဟွတ် ဆိုးနေတတ်ပြီး အမြဲနေမကောင်းနေတတ်သူပါ။ ငယ်ငယ်ကတည်းက ဆရာဝန်ဆီ သွားပေမယ့် ခဏသက်သာပြီး သိပ်မကြာခင် ပြန်ဖြစ်တာပါပဲ။ အိပ်ရာဝင်ခါနီးတိုင်းလည်း ချောင်းလေးတဟပ်ဟပ် ချောင်းဆိုးသံ ညတိုင်းကြားနေရတဲ့ သမီးကြီးအတွက်ကြောင့် မိဘနှစ်ပါးမှာ တစက်လေးမှ စိတ်မချမ်းသာခဲ့ရပါဘူး။ စိတ်မချမ်းသာပေမယ့် ဒီတိုင်းပဲ ကြည့်နေရပါတယ်။ ရာသီဥတုလေး ပြောင်းလာတိုင်း ချောင်းဆိုးနေတတ်ပြီး ပိုလည်း ဆိုးမလာတော့ ဒီတိုင်းထားမိလျက်သားပါပဲ။
အသက် ၆ နှစ်လောက်ကျတော့ ဓာတ်မတည့်တာကို အထူးပြုလေ့လာတဲ့ပညာရှင် တစ်ယောက်နဲ့ဆုံမိပြီးမှ သမီးကြီးမှာ ဖုန်အမှုန်နဲ့ ဓာတ်မတည့်တာကြုံတိုင်း မကြာခဏ ကြပ်နေ၊ ချောင်းဆိုးနေမှာဖြစ်ကြောင်း၊ ပန်းနာရင်ကြပ်ရောဂါရှိနေတာဖြစ်ကြောင်း သိလိုက်ရပါတယ်။
သိပ်မကြာပါဘူး။ သားငယ်မှာပါ ထပ်ဇာတ်လမ်းစလာပြန်ပါတယ်။ သမီးကြီးရဲ့ရင်ကြပ်ပန်းနာကနေ သင်ခန်းစာရခဲ့တဲ့ ဇနီးမောင်နှံဟာ အခုတဖန် သားငယ်လေးအတွက်ကို လျင်လျင်မြန်မြန်ပဲ ရောဂါရှာတွေ့ခဲ့ပါတယ်။ ဓာတ်ခွဲစစ်ဆေးချက်အရ သားငယ်ဟာ မြေပဲနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ဓာတ်မတည့်ကြောင်း တွေ့ရှိရပါတယ်။ အဲဒါတွေကို ရှောင်လိုက်ပြန်တော့ အတော်လေး နေပြန်ကောင်းလာပါတယ်။ ဒါပေမဲ့ အအေးပိုတဲ့နေ့တွေ လေပြင်းမိတဲ့အချိန်တွေ ဖုန်တွေ၊ သဲတွေနဲ့ ဆော့မိတဲ့ရက်တွေမှာ သားငယ်ဟာ အမြဲကြပ်နေတတ်တုန်းပါပဲ။
သားငယ်အတွက်ကိုလည်း ဆရာဝန် ညွှန်ကြားတဲ့ ရှူဆေးလေးနဲ့ အထူးကုဆရာဝန်ဆီ သွားလိုက်ပြန်လိုက်နဲ့ လင်မယားနှစ်ယောက်လုံး ဗျာများကြရရှာပါတယ်။ အတော်စိတ်ရှုပ် စိတ်ပျက်စရာကောင်းတဲ့ ပန်းနာရင်ကြပ်ရောဂါလို့ ဆိုရမှာပါ။
ဒါနဲ့ပဲ သိပ်အေးတဲ့ဒေသကို စွန့်ခွာပြီး ရာသီဥတုမျှတတဲ့ အပူပိုင်းမြို့တစ်ခုကို ပြောင်းခဲ့ကြပါတယ်။ အိမ်တွင်းအိမ်ပြင်ကိုလည်း ဖုန်မထစေဖို့ သဘာဝပြတင်းပေါက်တွေ ဖွင့်ထားပြီး လေဝင်လေထွက် ကောင်းစေတဲ့အပြင် သမံသလင်း အပြည့်ခင်းလိုက်ပါတယ်။ အိမ်မှာ ပန်းကအစ မစိုက်၊ အိမ်မွေး တိရစ္ဆာန်လည်း မမွေးခဲ့ကြပါဘူး။ ဟိုသိပ်အေးတဲ့ဒေသမှာတုန်းက မကြာခဏ ချွဲထရင်ကြပ်ခဲ့ကြတဲ့ မောင်နှမနှစ်ယောက် အရင်လို မကြပ်တတ်တော့တာ တွေ့ရပါတယ်။ မောင်နှမနှစ်ယောက် အခုတော့ အတော်လေး ကျန်းမာရေး ကောင်းမွန်လာပြီး တစ်ရက်ကို တကြိမ်ခန့်သာ ဆေးရှူရပြီး မတည့်တဲ့ အစားအစာတွေကိုလည်း သတိရှိရှိဝေးဝေးထားတဲ့ မိခင်ဖခင်ကြောင့် သူတို့ လေးတွေ လက်ရှိကျန်းမာနေကြပါတယ်။
တလောကတော့ သူများအိမ်သွားလည်ရင်း ခွေးလေးကို ပွေ့မိလို့ သားငယ် ရင်ပြန်ကြပ်သလို သူငယ်ချင်းတွေနဲ့ တိရစ္ဆာန်ရုံလိုက်သွားတဲ့ သမီးကြီးကိုလည်း ရင်ကြပ်လာလို့ ဆရာဝန်နဲ့ ပြန်ပြခဲ့ရတာတစ်ခုပါပဲ။
ဒီအဖြစ်လေးကို ကြည့်ခြင်းအားဖြင့် နေရာဒေသ ပြောင်းလဲနေထိုင်ခြင်း၊ ကလေးတွေကို မတည့်တဲ့ အရာတွေကနေ ဝေးဝေးထားခြင်း ... ဥပမာ - ပန်း၊ မွေးပွအရုပ်၊ နွေးနွေးထွေးထွေးထားခြင်း၊ လေစိမ်းတိုက်မခံစေခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် မထိတွေ့စေခြင်း၊ အစားအစာ ဆင်ခြင်ကျွေးမွေးခြင်းတို့ဖြင့် အဆင်ပြေပြေနဲ့ ပန်းနာရင်ကြပ် မကြာခဏထတာကို အလွယ်တကူ ကာကွယ်နိုင်ပါတယ်နော်။






























