ပါးစပ်ထဲကို လက်မလေး ထည့်ထည့်စုပ်တတ်တဲ့ သားသားမီးမီးကိုဘယ်နှယ့်ပြောရမယ်…..
လက်မစုပ်တတ်တဲ့ သားသားမီးမီးလေးတွေကြောင့် စိတ်ညစ်ရသူဖေဖေမေမေတို့အတွက် အကျိုးအကြောင်းလေးတွေ ပြောပြပေးပါရစေ။
လက်မစုပ်တယ်ဆိုတာ တကယ်တော့သားအိမ်တွင်းသနေ္ဓသားဘဝမှာကတည်းက အလိုအလျောက်တုံ့ပြန်မှုတခုပါပဲတဲ့။ သားအိမ်တွင်းမှာကတည်းက လက်မစုပ်တဲ့အလေ့အထရှိနေတာဖြစ်ပါတယ်။ မွေးပြီးလေးနှစ်လောက်ထိပုံမှန်အတိုင်း လက်မစုပ်တဲ့အလေ့အထရှိနေတတ်ပါတယ်။
လက်မစုပ်တယ်ဆိုတာတကယ်တော့ကလေးတွေကိုတကယ်ကိုသက်တောင့်သက်တာ ဖြစ်စေပြီးစိတ်လုံခြုံစေတဲ့ခံစားချက်ရရှိစေပါသတဲ့၊ အံ့သြစရာပဲနော်။ လက်ကလေးစုပ်လိုက်ရမှ သူတို့လေးတွေက စိတ်အေးလက်အေးအိပ်ပျော်သွားတတ်ပါသေးသတဲ့။
Ceelin Plus 1

အသက်လေးနှစ်ထိကတော့သူလေးကို ဒီတိုင်းကြည့်နေလိုက်ပါနော်။ တားဖို့မကြိုးစားပါနဲ့တဲ့။ ဒါပေမယ့် အသက် ငါးနှစ်ကျော်ခဲ့ပြီး လက်စုပ်တာအလိုလို ရပ်သွားတတ်တဲ့ ကလေးတွေရှိသလို လက်မဆက်စုပ်နေသေးတဲ့အခါ ပြသနာနည်းနည်းရှိလာပါတယ်။
• ခံတွင်းဖွံံဖြိူးမှု ပုံစံမမှန်တော့ခြင်း
• မေးရိုးနှင့်နှုတ်ခမ်းအနေအထားမူမမှန်ပြောင်းလဲလာခြင်း
• စကားမပီခြင်း
• ရှေ့သွားများပုံစံမမှန်ဘဲမညီမညာဖြစ်တာကျဲတာခေါတာတွေဖြစ်စေပါတယ်။
Ceelin Plus 2

လက်မစုပ်နေတဲ့အသက်ငါးနှစ်အရွယ်သားသားမီးမီးမှာ စိတ်ပိုင်းဆိုင်ရာအားငယ်မှုတွေ စိတ်မလုံခြုံမှုတွေရှိနေမလားလို့ သူ့အပြုအမူတွေကို သတိထားစောင့််ကြည့်ပေးပါ။
သူ့ကိုမဆူမရိုက်ဘဲ အေးအေးဆေးဆေးပြောပြပေးပါ။ ငါးနှစ်ကလေးဆိုတာပြောသမျှ အတန်အသင့်နားလည်တဲ့အရွယ်ရောက်ပါပြီ။
ကလေးဆရာဝန်ကိုပြသတဲ့အခါ အနံဆိုးပြီးခါးတဲ့အရာတခုခု လက်ကိုသုတ်လိမ်းထားပေးဖို့ ညွှန်ကြားတတ်ပါတယ်။
သူ့ဘာသာလက်မစုပ်နေတဲ့အခါ စိတ်ပြောင်းစေဖို့ တခုခုလုပ်ခိုင်းပါ။ ပုံပြင်ပြောပြတာ၊ သီချင်းဆိုပြတာ၊ အရုပ်လေးတွေပေးတာ စကားလှမ်းပြောတာတွေနဲ့ အာရုံပြောင်းပေးပါ။
အသက်ငါးနှစ်ကျော်တဲ့အထိ လက်မစုပ်ဆဲကလေးတွေမှာ နောက်ဆက်တွဲပြသနာလေးတွေ စရှိလာတတ်တာမို့ ညင်ညင်သာသာနည်းလမ်းလေးတွေသုံးပြီး တားမြစ်ပေးကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























