/
news/ကလေးများနှင့်ကျန်းမာရေး/ပိန်တဲ့သားသားမီးမီးလေးတို့-ဝိတ်တက်စေဖို့

ပိန်တဲ့သားသားမီးမီးလေးတို့ ဝိတ်တက်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးငယ်များတွင် အဝလွန်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ပြဿနာတစ်ခုဖြစ်သလို ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မရှိဘဲ ပိန်လွန်းခြင်းဟာလည်း အခြားသောကျန်းမာရေးပြဿနာများကို ဖိတ်ခေါ်နေသလိုပါပဲ။
မေမေတို့အနေနဲ့ သားသားမီးမီးလေးတို့ ဝိတ်မတက်တဲ့အခါ အာဟာရဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးကြည့်ပြီး အကြောင်းရင်း တစ်စုံတစ်ရာမရှိရင်တော့ ယခုဖော်ပြမယ့်အချက်လေးတွေကို လိုက်နာကြိုးစားကြည့်နိုင်ပါတယ်။

(1)  မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်းမှ ကာကွယ်ပါ။
ပိန်တာရဲ့ အဖြစ်များဆုံး အကြောင်းရင်းတွေထဲက တစ်ခုကတော့ ကိုယ်ခံစွမ်းအားမကောင်းတာပဲ ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားမကောင်းတော့ မကြာခဏဖျားနာတာမျိုး ကြုံရတတ်ပါတယ်။ ဖျားလိုက် ကလေးက ပိန်သွားလိုက်၊ တစ်ခါ ဝမယ် ကြံလိုက်၊ ပြန်ဖျားလိုက် ပြန်ပိန်လိုက်နဲ့ လုံးလည်ချာလည် ဖြစ်နေတတ်ပါတယ်။ ဒီတော့ ပထမဆုံးအနေနဲ့ ကလေးတွေ ကိုယ်ခံစွမ်းအားကောင်းအောင် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကျွေးပါ။ Vitamin C ပါတဲ့ အစားအသောက်တွေကို နေ့စဉ် မပါမဖြစ် ထည့်ကျွေးပေးပါ။

(2)  တစ်နေ့ကို အနည်းဆုံး ၆ ကြိမ် အစာကျွေးပါ။
မေမေတို့အနေနဲ့ ကလေး အစာကျွေးချိန်ကို အတိအကျ သတ်မှတ်ထားပြီး ထိုအချိန်တွေမှာ ကလေး ကစားနေရင်တောင်မှ ခေါ်ပြီး ကျွေးသင့်သလို အပြင်ထွက်ဖို့ရှိပါကလည်း ကျွေးရမယ့်အစားအစာတွေကို တစ်ပါတည်း သယ်ယူသွားနိုင်ပါတယ်။

(3)  ကျန်းမာရေးနဲ့ မညီညွတ်သော သရေစာတွေကို မကျွေးသင့်ပါဘူး။
သကြားလုံး၊ အာလူးကြော်၊ ဘီစကစ်၊ အချိုရည်ဘူး၊ အသင့်စားမုန့်များ စတာတွေဟာ သကြားနဲ့ အဆီ ပါဝင်မှုများပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။

(4)  အစာစားချိန်တွင် အစာကိုသာ အာရုံစိုက်ပါစေ။
အစာစားချိန်တွင် တီဗီကြည့်ခြင်း၊ ဂိမ်းကစားခြင်း စတာတွေကို ရပ်ခိုင်းပြီး အစာကို ကုန်အောင် အရင်စားခိုင်းသင့်ပါတယ်။

Ceelin Plus 1

(5)  အစာကို အလွယ်တကူ စားနိုင်အောင် မေမေက စီမံပေးပါ။
အသီးများကို အခွံခွာပြီး လှီးပေးခြင်း၊ ခက်ရင်းအစား လက်နဲ့ အလွယ်တကူ စားနိုင်အောင် ပြုလုပ်ပေးခြင်း၊ အသားများကို နွှင်ပေးခြင်း စသည်တို့ဖြင့် ကလေး အစာစားချင်စိတ်ကို ပိုမိုနှိုးဆွပေးနိုင်ပါတယ်။

(6)  နွားနို့တိုက်ပါ။
နွားနို့မှာ အာဟာရဓာတ်များစွာ ပါတဲ့အပြင် ဝိတ်တက်စေနိုင်ပါတယ်။

(7)  မျက်စိကို လှည့်စားပါ။
သားသားမီးမီးတို့ကို အစာကျွေးတဲ့အခါ သူတို့ ပုံမှန်စားနေကျ ပန်းကန်အစား လူကြီးစားတဲ့ပန်းကန်ကို အသုံးပြုခြင်းဖြင့် သူတို့ဝေစုက နည်းသယောင်ထင်ရပြီး အစာကုန်အောင်စားဖို့ လွယ်ကူစေပါလိမ့်မယ်။

မေမေတို့ရေ ... ဒီနည်းလေးတွေက လွယ်ကူပြီး သားသားမီးမီးတို့ကို အစာများများစားနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

ကေလးငယ္မ်ားတြင္ အဝလြန္ျခင္းဟာ က်န္းမာေရးကို ထိခိုက္ႏိုင္တဲ့ျပႆနာတစ္ခုျဖစ္သလို ရွိသင့္ရွိထိုက္တဲ့ ကိုယ္အေလးခ်ိန္မရွိဘဲ ပိန္လြန္းျခင္းဟာလည္း အျခားေသာက်န္းမာေရးျပႆနာမ်ားကို ဖိတ္ေခၚေနသလိုပါပဲ။
ေမေမတို႔အေနနဲ႔ သားသားမီးမီးေလးတို႔ ဝိတ္မတက္တဲ့အခါ အာဟာရဆရာဝန္နဲ႔ အရင္ဆုံး တိုင္ပင္ေဆြးေႏြးၾကည့္ၿပီး အေၾကာင္းရင္း တစ္စုံတစ္ရာမရွိရင္ေတာ့ ယခုေဖာ္ျပမယ့္အခ်က္ေလးေတြကို လိုက္နာႀကိဳးစားၾကည့္ႏိုင္ပါတယ္။

(1)  မၾကာခဏ ေနထိုင္မေကာင္းျဖစ္ျခင္းမွ ကာကြယ္ပါ။
ပိန္တာရဲ႕ အျဖစ္မ်ားဆုံး အေၾကာင္းရင္းေတြထဲက တစ္ခုကေတာ့ ကိုယ္ခံစြမ္းအားမေကာင္းတာပဲ ျဖစ္ပါတယ္။ ကိုယ္ခံစြမ္းအားမေကာင္းေတာ့ မၾကာခဏဖ်ားနာတာမ်ိဳး ႀကဳံရတတ္ပါတယ္။ ဖ်ားလိုက္ ကေလးက ပိန္သြားလိုက္၊ တစ္ခါ ဝမယ္ ႀကံလိုက္၊ ျပန္ဖ်ားလိုက္ ျပန္ပိန္လိုက္နဲ႔ လုံးလည္ခ်ာလည္ ျဖစ္ေနတတ္ပါတယ္။ ဒီေတာ့ ပထမဆုံးအေနနဲ႔ ကေလးေတြ ကိုယ္ခံစြမ္းအားေကာင္းေအာင္ အာဟာရျပည့္ဝတဲ့ အစားအေသာက္ေတြကို ေကြၽးပါ။ Vitamin C ပါတဲ့ အစားအေသာက္ေတြကို ေန႔စဥ္ မပါမျဖစ္ ထည့္ေကြၽးေပးပါ။

(2)  တစ္ေန႔ကို အနည္းဆုံး ၆ ႀကိမ္ အစာေကြၽးပါ။
ေမေမတို႔အေနနဲ႔ ကေလး အစာေကြၽးခ်ိန္ကို အတိအက် သတ္မွတ္ထားၿပီး ထိုအခ်ိန္ေတြမွာ ကေလး ကစားေနရင္ေတာင္မွ ေခၚၿပီး ေကြၽးသင့္သလို အျပင္ထြက္ဖို႔ရွိပါကလည္း ေကြၽးရမယ့္အစားအစာေတြကို တစ္ပါတည္း သယ္ယူသြားႏိုင္ပါတယ္။

(3)  က်န္းမာေရးနဲ႔ မညီၫြတ္ေသာ သေရစာေတြကို မေကြၽးသင့္ပါဘူး။
သၾကားလုံး၊ အာလူးေၾကာ္၊ ဘီစကစ္၊ အခ်ိဳရည္ဘူး၊ အသင့္စားမုန႔္မ်ား စတာေတြဟာ သၾကားနဲ႔ အဆီ ပါဝင္မႈမ်ားၿပီး က်န္းမာေရးကို ထိခိုက္ေစပါတယ္။

(4)  အစာစားခ်ိန္တြင္ အစာကိုသာ အာ႐ုံစိုက္ပါေစ။
အစာစားခ်ိန္တြင္ တီဗီၾကည့္ျခင္း၊ ဂိမ္းကစားျခင္း စတာေတြကို ရပ္ခိုင္းၿပီး အစာကို ကုန္ေအာင္ အရင္စားခိုင္းသင့္ပါတယ္။

(5)  အစာကို အလြယ္တကူ စားႏိုင္ေအာင္ ေမေမက စီမံေပးပါ။
အသီးမ်ားကို အခြံခြာၿပီး လွီးေပးျခင္း၊ ခက္ရင္းအစား လက္နဲ႔ အလြယ္တကူ စားႏိုင္ေအာင္ ျပဳလုပ္ေပးျခင္း၊ အသားမ်ားကို ႏႊင္ေပးျခင္း စသည္တို႔ျဖင့္ ကေလး အစာစားခ်င္စိတ္ကို ပိုမိုႏႈိးဆြေပးႏိုင္ပါတယ္။

(6)  ႏြားႏို႔တိုက္ပါ။
ႏြားႏို႔မွာ အာဟာရဓာတ္မ်ားစြာ ပါတဲ့အျပင္ ဝိတ္တက္ေစႏိုင္ပါတယ္။

(7)  မ်က္စိကို လွည့္စားပါ။
သားသားမီးမီးတို႔ကို အစာေကြၽးတဲ့အခါ သူတို႔ ပုံမွန္စားေနက် ပန္းကန္အစား လူႀကီးစားတဲ့ပန္းကန္ကို အသုံးျပဳျခင္းျဖင့္ သူတို႔ေဝစုက နည္းသေယာင္ထင္ရၿပီး အစာကုန္ေအာင္စားဖို႔ လြယ္ကူေစပါလိမ့္မယ္။

ေမေမတို႔ေရ ... ဒီနည္းေလးေတြက လြယ္ကူၿပီး သားသားမီးမီးတို႔ကို အစာမ်ားမ်ားစားႏိုင္ေအာင္ ကူညီေပးႏိုင္ပါလိမ့္မယ္ေနာ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)