/
news/ကလေးများနှင့်ကျန်းမာရေး/ပုံမှန်အားဖြင့်-ကလေးများငိုတတ်သော-အကြောင်းအရင်း-9-ခု

ပုံမှန်အားဖြင့် ကလေးများငိုတတ်သော အကြောင်းအရင်း (9) ခု

Category
ကလေးများနှင့်ကျန်းမာရေး

           တစ်ခါတစ်ရံမှာ ကလေးတွေဘာကြောင့်ငိုရလဲဆိုတဲ့ အချက်ကို ရှာရတာစိတ်ရှုပ်ရပါတယ်။ အများအားဖြင့် ကလေးတွေငိုတတ်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

1. ဗိုက်ဆာနေလို့ ဖြစ်နိုင်ပါတယ်။

ကလေးတွေက ဆာလောင်မှုကို သည်းမခံနိုင်ပါဘူး။ နို့ဘူူး (သို့) နို့တိုက်လိုက်ပါ။

 

2. ရှူးရှူး (သို့) အီအီးတွေ သေးခံထဲပါချထားလို့ ဖြစ်နိုင်ပါတယ်။

ကလေးသေးခံဝတ်တွေ လဲပေးဖို့လိုတာ (သို့) အရမ်းတင်းကြပ်နေလို့ ဖြစ်နိုင်ပါတယ်။

 

3. လျစ်လျှူရှုခံထားရလို့ ဖြစ်နိုင်ပါတယ်။

ကလေးတွေက လျစ်လျူရှုခံရတာကို မကြိုက်ပါဘူး၊ သူတို့တွေ ပျင်းရိငြီးငွေ့လာချိန်မှာ ငိုလေ့ရှိပါတယ်။ အရုပ်သစ်လေး တစ်ရုပ်ပေးဆော့ထားပါ (သို့) သီချင်းဆိုပြီးချော့ပါ (သို့) ပွေ့ပြီးချော့မြူလိုက်ပါ။

 

4. လန့်သွားလို့ ဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေက အလွယ်တကူ လန့်တတ်ပါတယ်။ လုံခြုံသွားစေဖို့ ချော့သိပ်တာ (သို့) အနှီးနဲ့ သေချာထုတ်ထားပေးပါ။

 

5. လေနာလို့ ဖြစ်နိုင်ပါတယ်။

ဝမ်းဗိုက်လေးကို အပေါ်မှအောက်သို့ ညင်ညင်သာသာပွတ်ပေးပြီး လေထုတ်ပေးပါ။

 

6. အိပ်ချိန်လို့ (သို့) ဆော့ရတာ ပင်ပန်းလာလို့ ဖြစ်နိုင်ပါတယ်။

မောပန်းလာတဲ့အချိန်မှာ လူကြီးတွေစိတ်တိုတတ်သလို ကလေးတွေလည်းစိတ်တိုလေ့ရှိပါတယ်။

 

7. ပူလွန်း (သို့) အေးလွန်းတာကြောင့် ဖြစ်နိုင်ပါတယ်။

ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ဂုတ်ပိုးတွေကို အေးနေလား၊ ပူနေလားစမ်းကြည့်ပြီး အဝတ်ထပ်ဝတ်တာ သို့ ချွတ်တာမျိုးလုပ်ပေးပါ။

 

8.အကျႌတံဆိပ်က ဂုတ်ပိုးကို လာထောက်နေလို့ ဖြစ်နိုင်ပါတယ်။

အကျႌတံဆိပ်လိုအရာတွေနဲ့ တင်းကြပ်လွန်းတဲ့အရာတွေကလည်း ကလေးကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့်ကလေးကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာအားလုံးကို ဖယ်ရှားပေးပါ။

 

9. သွားပေါက်ခါစမှာ သွားဖုံးလေးတွေယားလို့ နေမထိထိုင်မသာဖြစ်ရာကနေ ငိုတာလဲ ဖြစ်နိုင်ပါတယ်။

ကလေးတွေ အစားဝါးနိုင်တဲ့အချိန်မတိုင်ခင်မှာ သွားစပေါက်ပါတယ်။ အဲလိုအချိန်မှာ သန့်ရှင်းတဲ့လက်နဲ့ ကလေးရဲ့သွားဖုံးလေးတွေကို နှိပ်ပေးပါ (သို့) သွားပေါက်ခါစမှာ ကိုက်တဲ့ကွင်းလေး ပေးကိုက်ထားပါ။

 

 

Dr. Mya Myo Myo Swe

www.drmyanmar.com