ပူပြင်းတဲ့ရာသီဥတုမှာ ကလေးငယ်တွေကို ကျန်းမာအောင် စောင့်ရှောက်နည်းများ
ကလေးတွေဟာ ချွေးထွက်နည်းပြီး လှုပ်ရှားတဲ့အခါ လူကြီးတွေထက် အပူပိုထွက်တာကြောင့် အပူတက်လွယ်ပြီး ရေဓာတ်ဆုံးရှုံးဖို့လည်း လွယ်ပါတယ်။
>> အောက်ပါအချက်များက သင့်ကလေးကို ကျန်းမာစေပါလိမ့်မယ်။
● နို့စို့အရွယ်ကလေးများမှာ နို့ကို အကြိမ်ရေ ပိုတိုက်ပေးပါ။ (မိခင်နို့ သို့မဟုတ် နို့ဘူး)
● အသက် ၆ လအထက်ကလေးများကို နို့တိုက်ပြီးချိန်တွင်ဖြစ်စေ၊ ကြားချိန်တွင်ဖြစ်စေ ရေကျက်အေး အနည်းငယ် တိုက်ပေးနိုင်ပါတယ်။
● ကလေးကို နို့တိုက်တဲ့အခါ သင်ကိုယ်တိုင်လည်း ရေဓာတ်ပြည့်ဝနေဖို့ ရေများများ သောက်သင့်ပါတယ်။
● ကလေးကြီးများအရွယ်မှာ ရေပိုတိုက်ပေးပါ။ (အခြားအသီးဖျော်ရည်များ တိုက်၍ရသော်လည်း ရေက အကောင်းဆုံးဖြစ်ပါတယ်)
● ကလေးကြီးတွေဟာ ဆော့ကစားနေရင်း ရေသောက်ဖို့ မေ့နေတတ်တဲ့အတွက် သတိထားပြီး သောက်ခိုင်းပါ။
● နို့တိုက်ချိန်မှာ သင်နဲ့ကလေး အသားချင်းထိကပ်နေမှုဟာ ကလေးအတွက် မသက်မသာဖြစ်စေတတ်တာကြောင့် အဝတ်ပါးကို ကြားခံထားပေးပါ။
● အကြမ်းဖျဉ်းအားဖြင့် (၂၄) နာရီအတွင်း သေးခံ (၆) ခုမှ (၈) ခုအထိ ကုန်ပြီး ဆီးအရောင်မရင့်ပါက ရေဓာတ် လုံလောက်နေကြောင်း သိနိုင်ပါတယ်။
● ပေါ့ပါးအေးမြသော အဝတ်အစားများ၊ ဦးထုပ်များ၊ နေရောင်ကာအသုံးအဆောင်များ သုံးပေးပါ။
● ကလေးများကို အေးမြပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ ထားပါ။
● နေမကောင်းဖြစ်ပါက (ဖျားခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အအေးမိနှာစေးခြင်း) ရေဓာတ် လုံလောက်နေစေရန် အထူးဂရုစိုက်ပေးပါ။
Biogesic for kids IA 1
● ကလေးများကို ကြက်သီးနွေးအပူချိန်ရှိတဲ့ ရေနဲ့ပဲ ရေချိုး/ရေပတ်တိုက်ပါ။ ရေခဲရေ မသုံးပါနဲ့။
● ပန်ကာကို အသုံးပြုပါက ကလေးဆီသို့ လေကို တည့်တည့်မရောက်အောင် ထားပါ။ ပန်ကာဒလက်တွေကို ကလေး မကိုင်မိစေရန်နဲ့ ဓာတ်မလိုက်စေရန်လည်း ဂရုပြုရပါမယ်။
● အခန်းအပူချိန်ကို 24°C - 26°C မှာ ထားပါ။
● ကလေးများကို ကားထဲမှာ ခဏလေးတောင် မထားခဲ့ပါနဲ့။ အဲကွန်းမဖွင့်ထားတဲ့ကားဟာ (၅) မိနစ်အတွင်းမှာ အပူချိန် 30°C - 40°C ထိ တက်သွားနိုင်ပြီး ကလေးကို အသက်အန္တရာယ်ဖြစ်စေပါတယ်။
မှန်အနည်းငယ် ဖွင့်ထားခဲ့ခြင်းဟာလည်း အပူကို နည်းနည်းပဲလျော့စေတဲ့အတွက် အသုံးမဝင်နိုင်ပါဘူး။
ကလေးကို အနှီး/ခြုံထည်တို့နဲ့ ထုပ်ထားခြင်းဟာ ပိုဆိုးစေပါတယ်။
● ခရီးရှည် ကားစီးရမယ်ဆိုပါက ကလေးကို အေးမြအောင်ထားပြီး ရေဓာတ် မဆုံးရှုံးအောင်ထားဖို့ မမေ့ပါနဲ့။
● အစားအစာတွေကို ပမာဏနည်းနည်းနဲ့ မကြာခဏ ကျွေးပေးပါ။
● ရေဓာတ်များတဲ့ အသီးအနှံတွေ ကျွေးပါ။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ကေလးေတြဟာ ေခြၽးထြက္နည္းၿပီး လႈပ္ရွားတဲ့အခါ လူႀကီးေတြထက္ အပူပိုထြက္တာေၾကာင့္ အပူတက္လြယ္ၿပီး ေရဓာတ္ဆုံးရႈံးဖို႔လည္း လြယ္ပါတယ္။
>> ေအာက္ပါအခ်က္မ်ားက သင့္ကေလးကို က်န္းမာေစပါလိမ့္မယ္။
● ႏို႔စို႔အရြယ္ကေလးမ်ားမွာ ႏို႔ကို အႀကိမ္ေရ ပိုတိုက္ေပးပါ။ (မိခင္ႏို႔ သို႔မဟုတ္ ႏို႔ဘူး)
● အသက္ ၆ လအထက္ကေလးမ်ားကို ႏို႔တိုက္ၿပီးခ်ိန္တြင္ျဖစ္ေစ၊ ၾကားခ်ိန္တြင္ျဖစ္ေစ ေရက်က္ေအး အနည္းငယ္ တိုက္ေပးႏိုင္ပါတယ္။
● ကေလးကို ႏို႔တိုက္တဲ့အခါ သင္ကိုယ္တိုင္လည္း ေရဓာတ္ျပည့္ဝေနဖို႔ ေရမ်ားမ်ား ေသာက္သင့္ပါတယ္။
● ကေလးႀကီးမ်ားအရြယ္မွာ ေရပိုတိုက္ေပးပါ။ (အျခားအသီးေဖ်ာ္ရည္မ်ား တိုက္၍ရေသာ္လည္း ေရက အေကာင္းဆုံးျဖစ္ပါတယ္)
● ကေလးႀကီးေတြဟာ ေဆာ့ကစားေနရင္း ေရေသာက္ဖို႔ ေမ့ေနတတ္တဲ့အတြက္ သတိထားၿပီး ေသာက္ခိုင္းပါ။
● ႏို႔တိုက္ခ်ိန္မွာ သင္နဲ႔ကေလး အသားခ်င္းထိကပ္ေနမႈဟာ ကေလးအတြက္ မသက္မသာျဖစ္ေစတတ္တာေၾကာင့္ အဝတ္ပါးကို ၾကားခံထားေပးပါ။
● အၾကမ္းဖ်ဥ္းအားျဖင့္ (၂၄) နာရီအတြင္း ေသးခံ (၆) ခုမွ (၈) ခုအထိ ကုန္ၿပီး ဆီးအေရာင္မရင့္ပါက ေရဓာတ္ လုံေလာက္ေနေၾကာင္း သိႏိုင္ပါတယ္။
● ေပါ့ပါးေအးျမေသာ အဝတ္အစားမ်ား၊ ဦးထုပ္မ်ား၊ ေနေရာင္ကာအသုံးအေဆာင္မ်ား သုံးေပးပါ။
● ကေလးမ်ားကို ေအးျမၿပီး ေလေကာင္းေလသန႔္ရတဲ့ေနရာမွာ ထားပါ။
● ေနမေကာင္းျဖစ္ပါက (ဖ်ားျခင္း၊ အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ အေအးမိႏွာေစးျခင္း) ေရဓာတ္ လုံေလာက္ေနေစရန္ အထူးဂ႐ုစိုက္ေပးပါ။
● ကေလးမ်ားကို ၾကက္သီးေႏြးအပူခ်ိန္ရွိတဲ့ ေရနဲ႔ပဲ ေရခ်ိဳး/ေရပတ္တိုက္ပါ။ ေရခဲေရ မသုံးပါနဲ႔။
● ပန္ကာကို အသုံးျပဳပါက ကေလးဆီသို႔ ေလကို တည့္တည့္မေရာက္ေအာင္ ထားပါ။ ပန္ကာဒလက္ေတြကို ကေလး မကိုင္မိေစရန္နဲ႔ ဓာတ္မလိုက္ေစရန္လည္း ဂ႐ုျပဳရပါမယ္။
● အခန္းအပူခ်ိန္ကို 24°C - 26°C မွာ ထားပါ။
● ကေလးမ်ားကို ကားထဲမွာ ခဏေလးေတာင္ မထားခဲ့ပါနဲ႔။ အဲကြန္းမဖြင့္ထားတဲ့ကားဟာ (၅) မိနစ္အတြင္းမွာ အပူခ်ိန္ 30°C - 40°C ထိ တက္သြားႏိုင္ၿပီး ကေလးကို အသက္အႏၲရာယ္ျဖစ္ေစပါတယ္။
မွန္အနည္းငယ္ ဖြင့္ထားခဲ့ျခင္းဟာလည္း အပူကို နည္းနည္းပဲေလ်ာ့ေစတဲ့အတြက္ အသုံးမဝင္ႏိုင္ပါဘူး။
ကေလးကို အႏွီး/ၿခဳံထည္တို႔နဲ႔ ထုပ္ထားျခင္းဟာ ပိုဆိုးေစပါတယ္။
● ခရီးရွည္ ကားစီးရမယ္ဆိုပါက ကေလးကို ေအးျမေအာင္ထားၿပီး ေရဓာတ္ မဆုံးရႈံးေအာင္ထားဖို႔ မေမ့ပါနဲ႔။
● အစားအစာေတြကို ပမာဏနည္းနည္းနဲ႔ မၾကာခဏ ေကြၽးေပးပါ။
● ေရဓာတ္မ်ားတဲ့ အသီးအႏွံေတြ ေကြၽးပါ။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)






























