/
news/ကလေးများနှင့်ကျန်းမာရေး/ပူအိုက်တဲ့ညတွေမှာ-ကလေးတွေ-ကောင်းကောင်းအိပ်ပျော်စေဖို့

ပူအိုက်တဲ့ညတွေမှာ ကလေးတွေ ကောင်းကောင်းအိပ်ပျော်စေဖို့

Category
ကလေးများနှင့်ကျန်းမာရေး

မနက်ခင်းနေရောင်ခြည်နွေးနွေးလေးကို လူတိုင်းကြိုက်ကြပေမယ့် ညအိပ်ခါနီး ပူအိုက်တာကိုတော့ ကြိုက်တဲ့သူတွေ မရှိလောက်ဘူး ထင်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေဟာ ညဘက်မှာ ၉-၁၂ နာရီလောက်အထိ အိပ်ချိန်ရှိသင့်ပေမယ့် အရင်တည်းက ကလေးတွေဟာ ရှိသင့်တဲ့အိပ်ချိန်ထက်နည်းပြီး အိပ်တတ်ကြလို့ အခုလို ပူအိုက်တဲ့ရာသီမှာ အိပ်ချိန်ပိုနည်းသွားမလား စိုးရိမ်ရပါတယ်။

ညဘက်အိပ်မပျော်တာ ရက်ဆက်လာရင် ကိုယ်ခံအားနည်းပြီး မကြာခဏ နေမကောင်းဖြစ်နိုင်ပါတယ်။ ကလေးတွေအိပ်မယ့်အခန်းကို အဲယားကွန်းဖွင့်ပေးပြီး အပူချိန် 16-20°C လောက်မှာ ထားပေးပါ။ အဲယားကွန်းဖွင့်လို့မရတဲ့ရက်တွေဆိုရင်တော့ ဖော်ပြပေးမယ့်နည်းလမ်းတွေနဲ့ ကလေးရဲ့အိပ်ခန်းကို အေးမြနေအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Nutroplex 1

●  နေ့ခင်းဘက် နေပူတဲ့အချိန်မှာ အပြင်က လေပူတွေ အခန်းထဲမဝင်အောင် ပြတင်းပေါက်တွေ ပိတ်ထားပါ။ အခန်းက နေရောင်တိုက်ရိုက်ရတယ်ဆိုရင် လိုက်ကာတွေပါ ကာထားပေးပါ။
●  အိပ်ရာမဝင်ခင် ကလေးကို ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။ ပုံမှန်တော့ အိပ်ပျော်ဖို့ဆိုရင် ရေကြက်သီးနွေးနဲ့ ချိုးသင့်ပေမယ့် ပူအိုက်တဲ့ရာသီမှာတော့ ရေအေးအေးလေးနဲ့ ချိုးပေးတာ ပိုကောင်းပါလိမ့်မယ်။
●  ညအိပ်ဝတ်စုံကို ချောင်ချိပါးလွှာတဲ့ အဝတ်အစားမျိုးပဲ ဝတ်ဆင်ပေးပါ။

Nutroplex 2

●  အရမ်းပူလွန်းရင် ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်လို့ ကလေးနားမှာ သောက်ရေတစ်ဖန်ခွက်၊ ဒါမှမဟုတ် ရေတစ်ဘူး အမြဲထားပေးထားပါ။
●  တချို့မေမေတွေက အိပ်ရာထဲ ကလေးအပေါ့သွားရင် မွေ့ယာမစိုအောင်ဆိုပြီး ရေစိုခံအိပ်ရာခင်းတွေ ခင်းပေးလေ့ရှိပါတယ်။ ဒီအခင်းတွေက ချွေးပိုထွက်စေလို့ ပူအိုက်တဲ့ရာသီမှာတော့ အသုံးမပြုကြပါနဲ့နော်။

Dr. Aye Hsu Mon (www.drmyanmar.com)