/
news/ကလေးများနှင့်ကျန်းမာရေး/ပျော်ရွှင်သောကလေးများ-စာပိုတော်ကြသလား

ပျော်ရွှင်သောကလေးများ စာပိုတော်ကြသလား

Category
ကလေးများနှင့်ကျန်းမာရေး

(Zawgyi)

    ကြ်န္မတို႔ရဲ႕ ေရွးဘိုးဘင္မ်ား လက္ထက္ကတည္းကပင္ ပညာဆည္းပူးဖို႔အတြက္ ကေလးမ်ားကို ေက်ာင္းထားခဲ့ၾကပါတယ္။ ထိုေခတ္ကတည္းကစတင္ၿပီး ယေန႔အထိ ပညာရဲ႕တန္ဖိုးက ျမင့္မားေနဆဲ ျဖစ္ပါတယ္။
    ၿဗိတိန္နိုင္ငံရွိပညာရွင္မ်ားရဲ႕ သုေတသနအေျဖအရ ကေလးတို႔ရဲ႕ စိတ္ခံစားမႈေပၚ မူတည္ၿပီး ေက်ာင္းတြင္း ေအာင္ျမင္မႈရလဒ္ေတြ ကြာျခားႏုိင္ေၾကာင္း သိရွိရပါတယ္။ ထိုပညာရွင္ေတြရဲ႕ အဆိုအရ ေႏြးေထြးၾကင္နာေသာ ေက်ာင္းပတ္၀န္းက်င္ကို ပိုင္ဆိုင္ရေသာ ကေလးငယ္ေတြအေနနဲ႕ စာသင္ၾကားရာတြင္ ပိုမိုတုိးတက္ႏိုင္သလို စ႐ိုက္ဆိုးေတြ ျဖစ္ေပၚႏိုင္ေျခလည္း နည္းပါးႏိုင္တယ္လို႔ သိရပါတယ္။

EC Kidz IA 1

    စစ္တမ္းေတြအရ ကေလးေတြကို ေက်ာင္းေနေပ်ာ္ၿပီး စာေတာ္ေစခ်င္တယ္ဆိုရင္ ေအာက္ပါအခ်က္ေတြနဲ႔ ျပည့္စံုေအာင္ ထားသင့္ပါတယ္။
♦    ဆရာမ်ားနဲ႔ ကေလးမ်ားရဲ႕ ဆက္ဆံေရးနဲ႔ ေပ်ာ္ရႊင္မႈကို အေလးထားျခင္း
♦    ေက်ာင္းသားနဲ႔ ဆရာေတြၾကားက team work ေကာင္းမြန္ဖို႔ အာ႐ံုထားျခင္း
♦    ကေလးငယ္မ်ားအား သူတို႔အေတြးအျမင္ ထင္ျမင္ယူဆခ်က္မ်ားကို ေဖာ္ျပနိုင္ဖုိ႔ အားေပးျခင္း
    အမွန္တကယ္ပဲ ကေလးတစ္ဦးရဲ႕ သင္ယူနိုင္စြမ္းရည္ဟာ စိတ္ခံစားမႈေပၚမွာ မူတည္ေနပါတယ္။ ဦးေႏွာက္ဟာ ပိုက္လံုးတစ္လံုးဆိုရင္ မေပ်ာ္ရႊင္တဲ့ စိတ္ခံစားမႈရွိျခင္းဟာ ပိုက္လံုးကို ပိတ္ဆို႔ေစတဲ့ အညစ္အေၾကးေတြပါပဲ။
    ဒါေၾကာင့္ မိဘနဲ႔ဆရာမ်ားအေနနဲ႔လည္း ရင္ေသြးငယ္ေလးေတြရဲ႕ ဦးေနွာက္ပိုက္လံုးကို သန္႔ရွင္းေနေအာင္ ပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္ က်န္းမာေပ်ာ္ရႊင္ ဉာဏ္ရည္ထက္ျမက္ေသာ ရင္ေသြးေလးေတြကို ေမြးထုတ္ေပးႏုိင္မွာ ျဖစ္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

EC Kidz IA 2

(Unicode)

    ကျွန်မတို့ရဲ့ ရှေးဘိုးဘင်များ လက်ထက်ကတည်းကပင် ပညာဆည်းပူးဖို့အတွက် ကလေးများကို ကျောင်းထားခဲ့ကြပါတယ်။ ထိုခေတ်ကတည်းကစတင်ပြီး ယနေ့အထိ ပညာရဲ့တန်ဖိုးက မြင့်မားနေဆဲ ဖြစ်ပါတယ်။
    ဗြိတိန်နိုင်ငံရှိပညာရှင်များရဲ့ သုတေသနအဖြေအရ ကလေးတို့ရဲ့ စိတ်ခံစားမှုပေါ် မူတည်ပြီး ကျောင်းတွင်း အောင်မြင်မှုရလဒ်တွေ ကွာခြားနိုင်ကြောင်း သိရှိရပါတယ်။ ထိုပညာရှင်တွေရဲ့ အဆိုအရ နွေးထွေးကြင်နာသော ကျောင်းပတ်ဝန်းကျင်ကို ပိုင်ဆိုင်ရသော ကလေးငယ်တွေအနေနဲ့ စာသင်ကြားရာတွင် ပိုမိုတိုးတက်နိုင်သလို စရိုက်ဆိုးတွေ ဖြစ်ပေါ်နိုင်ခြေလည်း နည်းပါးနိုင်တယ်လို့ သိရပါတယ်။
    စစ်တမ်းတွေအရ ကလေးတွေကို ကျောင်းနေပျော်ပြီး စာတော်စေချင်တယ်ဆိုရင် အောက်ပါအချက်တွေနဲ့ ပြည့်စုံအောင် ထားသင့်ပါတယ်။
♦    ဆရာများနဲ့ ကလေးများရဲ့ ဆက်ဆံရေးနဲ့ ပျော်ရွှင်မှုကို အလေးထားခြင်း
♦    ကျောင်းသားနဲ့ ဆရာတွေကြားက team work ကောင်းမွန်ဖို့ အာရုံထားခြင်း
♦    ကလေးငယ်များအား သူတို့အတွေးအမြင် ထင်မြင်ယူဆချက်များကို ဖော်ပြနိုင်ဖို့ အားပေးခြင်း
    အမှန်တကယ်ပဲ ကလေးတစ်ဦးရဲ့ သင်ယူနိုင်စွမ်းရည်ဟာ စိတ်ခံစားမှုပေါ်မှာ မူတည်နေပါတယ်။ ဦးနှောက်ဟာ ပိုက်လုံးတစ်လုံးဆိုရင် မပျော်ရွှင်တဲ့ စိတ်ခံစားမှုရှိခြင်းဟာ ပိုက်လုံးကို ပိတ်ဆို့စေတဲ့ အညစ်အကြေးတွေပါပဲ။
    ဒါကြောင့် မိဘနဲ့ဆရာများအနေနဲ့လည်း ရင်သွေးငယ်လေးတွေရဲ့ ဦးနှောက်ပိုက်လုံးကို သန့်ရှင်းနေအောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျန်းမာပျော်ရွှင် ဉာဏ်ရည်ထက်မြက်သော ရင်သွေးလေးတွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)